Shwe Pann Thee Global News ပါးစပ်ပေါက်ကြီးကို ၄ လက်မအကျယ်ထိ ဟပြနိုင်ခဲ့တဲ့ဆယ်ကျော်သက်ကလေးသည် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ပြန်လည်သိမ်းပိုက်

ပါးစပ်ပေါက်ကြီးကို ၄ လက်မအကျယ်ထိ ဟပြနိုင်ခဲ့တဲ့ဆယ်ကျော်သက်ကလေးသည် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ပြန်လည်သိမ်းပိုက်



ပါးစပ်ပေါက်ကြီးကို ၄ လက်မအကျယ်ထိ ဟပြနိုင်ခဲ့တဲ့ဆယ်ကျော်သက်ကလေးသည် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ပြန်လည်သိမ်းပိုက်

ယခင်က စံချိန်ကိုချိုးဖျက်ခံထားရသူဆယ်ကျော်သက်တစ်ဦး ဟပြထားသောပါးစပ်ပေါက်ကြီးအား တိုင်းတာကြည့်သောအခါ အကွာအဝေး ၄ လက်မထိ ရှိ‌နေသည့်အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ယခင်က Isaac Johnson သည် အသက် 14 နှစ်အရွယ်တွင် သူ့ပါးစပ်ပေါက်ကြီးအား တိုင်းတာလိုက်သောအခါ 3.67 လက်မအထိ ရှိနေသည့်အတွက် 2019 ခုနှစ်တွင် စံချိန်ကို ရရှိခဲ့သော်လည်း Pennsylvania ဆယ်ကျော်သက်တစ်ဦး၏ ပါးစပ်ပေါက်ကြီးကြောင့် လအနည်းငယ်ကြာပြီးနောက် စံချိန်ကို ဆုံးရှုံးခဲ့သည်။

ဂျွန်ဆင်သည် ၎င်း၏အကွာအဝေး 4 လက်မအပြည့်ဖြင့် တိုင်းတာပြီးနောက် စံချိန်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။”ကျွန်တော် ကြီးပြင်းလာပြီး တဖြည်းဖြည်းအချိန်ကြာလာတာနဲ့အမျှ ပါးစပ်ပေါက်က ကြီးထွားလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပါးစပ်ပေါက်ကို ကြီးအောင်လုပ်ချင်ပါက ပါးစပ်ကို လှုပ်ရှားရသည့်လေ့ကျင့်ခန်းများများလုပ်ပေးပါ၊ ဒါကလည်း အထောက်အကူဖြစ်နိုင်တယ်” ဟု ဂျွန်ဆင် က KMSP-TV သို့ ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် အီတလီ၌ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားသူများနှင့်ပတ်သက်သည့် တီဗီရှိုးတစ်ခုတွင် ပါဝင်ရန် ဖိတ်ကြားခံရကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။

“သဘာဝအတိုင်း ကြီးကျယ်တဲ့ ခံတွင်းကို ပိုင်ဆိုင်ခွင့်ရတာက ကျွန်တော့်အတွက် အရမ်းကံကောင်း ပါတယ်” ဟု ဂျွန်ဆင်က ထိုရှိုးတွင်ပြောကြားခဲ့သည်

 

Translate by Wint Phue Aung

Zawgyi Version







Leave a Reply

Your email address will not be published. Required fields are marked *