Shwe Pann Thee Global News ဗိုက်သားလှုပ် ကခဲ့တဲ့ အီဂျစ်ကျောင်းဆရာမ အလုပ်ထုတ်ခံရပြီး ကွာရှင်းခံရ

ဗိုက်သားလှုပ် ကခဲ့တဲ့ အီဂျစ်ကျောင်းဆရာမ အလုပ်ထုတ်ခံရပြီး ကွာရှင်းခံရ



အီဂျစ်နိုင်ငံမှာ ဗိုက်သားလှုပ်အက ကခဲ့တဲ့ ကျောင်းဆရာမတစ်ယောက်ဟာ အလုပ်ထုတ်ခံရပြီး ခင်ပွန်းဖြစ်သူရဲ့ ကွာရှင်းမှု ခံခဲ့ရပါတယ်။ အေယာယူဆက်ဖ်ဟာ နိုင်းမြစ်တွင်းသား သင်္ဘောပေါ်မှာ ကျင်းပခဲ့တဲ့ လုပ်ငန်းခွင် ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ကျောင်းဆရာတစ်ဦးနဲ့အတူ စည်းချက်လိုက် ကခဲ့တာပါ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အေယာယူဆက်ဖ်ရဲ့ ခွင့်ပြုချက်မတောင်းဘဲ သူ ကနေတာကို ဗီဒီယိုရိုက်ခဲ့တာ ဖြစ်ပါတယ်။

အေယာယူဆက်ဖ်ဟာ ခေါင်းစည်းပုဝါခြုံထားသလို လုံခြုံစွာ ဝတ်စားဆင်ယင်ပြီး ကခဲ့တာပါ။ အနောက်တိုင်းယဉ်ကျေးမှုစံနှုန်းနဲ့ယှဉ်ရင် မြင်တွေ့နေကြပုံစံမျိုးဖြစ်ပေမဲ့ အီဂျစ်နိုင်ငံရဲ့ လူမှုစံနှုန်းတွေအရ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ဗီဒီယိုကလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အေယာယူဆက်ဖ်က အရှက်တရားကင်းမဲ့စွာ ကခဲ့တယ်လို့ ရှေးရိုးစွဲအမြင်ရှိသူတွေက ဝေဖန်ခဲ့ကြပါတယ်။ အခြားသူတစ်ယောက်ကလည်း ”အီဂျစ်နိုင်ငံမှာ ပညာရေးအဆင့် တော်တော်နိမ့်နေပြီ”လို့ ဝေဖန်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အရေးယူပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အေယာယူဆက်ဖ်ဟာ နှစ်ပေါင်းများစွာ စာသင်ခဲ့တဲ့ ဒါခါလီယာအစိုးရမူလတန်းကျောင်းဆရာမအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရသလို ခင်ပွန်းသည်ကလည်း သူ့ကို ကွာရှင်းခဲ့တာပါ။ အေယာယူဆက်ဖ်ကတော့ နောက်ထပ် ဘယ်တော့မှ မကတော့ဘူး၊ ဒီအဖြစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်စိတ် ပေါက်သွားတယ်လို့ ဆိုခဲ့ပါတယ်။ ” နိုင်းမြစ်တွင်းသွား သင်္ဘောပေါ်က ၁၀ မိနစ်ဟာ ကျွန်မဘဝကို ပျက်စေခဲ့တယ်” လို့ သူက ပြောပါတယ်။

အီဂျစ်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကတော့ အေယာယူဆက်ဖ် အမှားလုပ်ခဲ့တာမရှိဘူး၊ အီဂျစ်လူ့အဖွဲ့အစည်းထဲက စုန်းခြောက်သူတွေကြောင့် သားကောင်ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ အေယာယူဆက်ဖ်ကို ထောက်ခံပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ကာကွယ်ချင်တဲ့ ဒုတိယကျောင်းအုပ်ဆရာမ တစ်ယောက်ကတော့ သူ့သမီး မင်္ဂလာဆောင်မှာ ကခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံ အမျိုးသမီးအခွင့်အရေးစင်တာ အကြီးအကဲ ဒေါက်တာ ကွမ်ဆန်ကတော့ အေယာယူဆက်ဖ်အနေနဲ့ သူ့ရုံးမှာ အလုပ်လာလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းခန့်အပ်လွှာစာချုပ် ယူလာပေးရင် ကျောင်းထုတ်ခံရတဲ့ဖြစ်ရပ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ထောက်ခံအားပေးမှုတွေကြောင့် ဒေသခံအာဏာပိုင်တွေက အေယာယူဆက်ဖ်ကို အလုပ်ထုတ်ခဲ့တဲ့ဖြစ်ရပ်အပေါ် ပြန်စဉ်းစားခဲ့ကြပြီး အခြားကျောင်းတစ်ကျောင်းမှာ အလုပ်ပြန်ခန့်ခဲ့ပါတယ်။ အေယာယူဆက်ဖ်ကတော့ သူဟာ အများပြည်သူဆိုင်ရာ အဆောက်အအုံမှာ ကခဲ့တာ မဟုတ်သလို သူ့ကျောင်းသားတွေရှေ့မှာ ကခဲ့တာလည်း မဟုတ်ဘူးလို့ ဆိုခဲ့ပြီး သူ ကနေချိန်မှာ ဗီဒီယိုရိုက်ခဲ့သူကို တရားစွဲဆို စီစဉ်နေတယ်လို့ ဆိုပါတယ်။

Ref: BBC ‘Sacked belly-dancing teacher sparks Egypt debate over women’s rights “

Credit ရိုးရာလေး

Zawgyi Version

အီဂ်စ္ႏိုင္ငံမွာ ဗိုက္သားလႈပ္အက ကခဲ့တဲ့ ေက်ာင္းဆရာမတစ္ေယာက္ဟာ အလုပ္ထုတ္ခံရၿပီး ခင္ပြန္းျဖစ္သူရဲ႕ ကြာရွင္းမႈ ခံခဲ့ရပါတယ္။ ေအယာယူဆက္ဖ္ဟာ ႏိုင္းျမစ္တြင္းသား သေဘၤာေပၚမွာ က်င္းပခဲ့တဲ့ လုပ္ငန္းခြင္ ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုမွာ ေက်ာင္းဆရာတစ္ဦးနဲ႔အတူ စည္းခ်က္လိုက္ ကခဲ့တာပါ။ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ေအယာယူဆက္ဖ္ရဲ႕ ခြင့္ျပဳခ်က္မေတာင္းဘဲ သူ ကေနတာကို ဗီဒီယို႐ိုက္ခဲ့တာ ျဖစ္ပါတယ္။

ေအယာယူဆက္ဖ္ဟာ ေခါင္းစည္းပုဝါၿခဳံထားသလို လုံၿခဳံစြာ ဝတ္စားဆင္ယင္ၿပီး ကခဲ့တာပါ။ အေနာက္တိုင္းယဥ္ေက်းမႈစံႏႈန္းနဲ႔ယွဥ္ရင္ ျမင္ေတြ႕ေနၾကပုံစံမ်ိဳးျဖစ္ေပမဲ့ အီဂ်စ္ႏိုင္ငံရဲ႕ လူမႈစံႏႈန္းေတြအရ ေဝဖန္မႈေတြ ရင္ဆိုင္ခဲ့ရၿပီး သူ႔ရဲ႕ဗီဒီယိုကလည္း လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ေအယာယူဆက္ဖ္က အရွက္တရားကင္းမဲ့စြာ ကခဲ့တယ္လို႔ ေရွး႐ိုးစြဲအျမင္ရွိသူေတြက ေဝဖန္ခဲ့ၾကပါတယ္။ အျခားသူတစ္ေယာက္ကလည္း ”အီဂ်စ္ႏိုင္ငံမွာ ပညာေရးအဆင့္ ေတာ္ေတာ္နိမ့္ေနၿပီ”လို႔ ေဝဖန္ခဲ့ၿပီး သက္ဆိုင္ရာ အာဏာပိုင္ေတြအေနနဲ႔ အေရးယူေပးၾကဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ေအယာယူဆက္ဖ္ဟာ ႏွစ္ေပါင္းမ်ားစြာ စာသင္ခဲ့တဲ့ ဒါခါလီယာအစိုးရမူလတန္းေက်ာင္းဆရာမအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရသလို ခင္ပြန္းသည္ကလည္း သူ႔ကို ကြာရွင္းခဲ့တာပါ။ ေအယာယူဆက္ဖ္ကေတာ့ ေနာက္ထပ္ ဘယ္ေတာ့မွ မကေတာ့ဘူး၊ ဒီအျဖစ္ေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခ်င္စိတ္ ေပါက္သြားတယ္လို႔ ဆိုခဲ့ပါတယ္။ ” ႏိုင္းျမစ္တြင္းသြား သေဘၤာေပၚက ၁၀ မိနစ္ဟာ ကြၽန္မဘဝကို ပ်က္ေစခဲ့တယ္” လို႔ သူက ေျပာပါတယ္။

အီဂ်စ္ႏိုင္ငံရဲ႕ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားသူေတြကေတာ့ ေအယာယူဆက္ဖ္ အမွားလုပ္ခဲ့တာမရွိဘူး၊ အီဂ်စ္လူ႔အဖြဲ႕အစည္းထဲက စုန္းေျခာက္သူေတြေၾကာင့္ သားေကာင္ျဖစ္ခဲ့ရတာလို႔ ဆိုပါတယ္။ ေအယာယူဆက္ဖ္ကို ေထာက္ခံၿပီး ပုဂၢိဳလ္ေရးဆိုင္ရာ လြတ္လပ္ခြင့္ကို ကာကြယ္ခ်င္တဲ့ ဒုတိယေက်ာင္းအုပ္ဆရာမ တစ္ေယာက္ကေတာ့ သူ႔သမီး မဂၤလာေဆာင္မွာ ကခဲ့တဲ့ ဓာတ္ပုံေတြကို လူမႈကြန္ရက္ေပၚ တင္ခဲ့ပါတယ္။

အီဂ်စ္ႏိုင္ငံ အမ်ိဳးသမီးအခြင့္အေရးစင္တာ အႀကီးအကဲ ေဒါက္တာ ကြမ္ဆန္ကေတာ့ ေအယာယူဆက္ဖ္အေနနဲ႔ သူ႔႐ုံးမွာ အလုပ္လာလုပ္ဖို႔ ဖိတ္ေခၚထားပါတယ္။ ဒါ့အျပင္ ပညာေရးဝန္ႀကီးဌာနရဲ႕ ဝန္ထမ္းခန႔္အပ္လႊာစာခ်ဳပ္ ယူလာေပးရင္ ေက်ာင္းထုတ္ခံရတဲ့ျဖစ္ရပ္ကို ဥပေဒေၾကာင္းအရ ရင္ဆိုင္ေပးသြားမယ္လို႔ ဆိုပါတယ္။

အဲဒီလို ေထာက္ခံအားေပးမႈေတြေၾကာင့္ ေဒသခံအာဏာပိုင္ေတြက ေအယာယူဆက္ဖ္ကို အလုပ္ထုတ္ခဲ့တဲ့ျဖစ္ရပ္အေပၚ ျပန္စဥ္းစားခဲ့ၾကၿပီး အျခားေက်ာင္းတစ္ေက်ာင္းမွာ အလုပ္ျပန္ခန႔္ခဲ့ပါတယ္။ ေအယာယူဆက္ဖ္ကေတာ့ သူဟာ အမ်ားျပည္သူဆိုင္ရာ အေဆာက္အအုံမွာ ကခဲ့တာ မဟုတ္သလို သူ႔ေက်ာင္းသားေတြေရွ႕မွာ ကခဲ့တာလည္း မဟုတ္ဘူးလို႔ ဆိုခဲ့ၿပီး သူ ကေနခ်ိန္မွာ ဗီဒီယို႐ိုက္ခဲ့သူကို တရားစြဲဆို စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

Ref: BBC ‘Sacked belly-dancing teacher sparks Egypt debate over women’s rights “

Nz (႐ိုးရာေလး)

Leave a Reply

Your email address will not be published. Required fields are marked *