Shwe Pann Thee Global News မြင်းစီးကာ မင်္ဂလာပွဲကျင်းပရာနေရာသို့ ရောက်ရှိလာသည့် သတို့သမီး

မြင်းစီးကာ မင်္ဂလာပွဲကျင်းပရာနေရာသို့ ရောက်ရှိလာသည့် သတို့သမီး



မြင်းစီးကာ မင်္ဂလာပွဲကျင်းပရာနေရာသို့ ရောက်ရှိလာသည့် သတို့သမီး

မင်္ဂလာပွဲကျင်းပရာနေရာသို့ သတို့သားတစ်ဦး မြင်းစီးလာခြင်းသည် အိန္ဒိယနိုင်ငံ၏ ဓလေ့တစ်ခုဖြစ်သည်။ သတို့သားသည် ၎င်း၏ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် ခန်းမသို့ရောက်ရှိလာပြီး အားလုံးအတူတူ တေးဂီတများတီးမှုတ်ကာ ကခုန်ခြင်းဖြင့် ပျော်ပွဲရွှင်ပွဲကို ဆင်နွှဲကြသည်။

ဒါပေမယ့်ဒီတစ်ခါ Bihar မှာ မြင်းစီးပြီး မင်္ဂလာပွဲကို ဝင်လာသူကတော့ Anushka Guha ဟုခေါ်သော သတို့သမီး လေးပါပဲ။ ဒီသတို့သမီးလေးဟာ ရိုးရာဓလေ့နဲ့ စိန်ခေါ်နေတဲ့ ရာစုနှစ်ရဲ့ ရှေးထုံးတမ်းစဉ်လာတွေကို ပြောင်းလဲပစ်ခဲ့တာကြောင့် အင်တာနက်ပေါ်ကလူတွေ ပျော်ရွှင်ခဲ့ကြပါတယ်။

Indigo လေကြောင်းလိုင်းမှ အကြီးတန်း လေယာဉ်မယ်တစ်ဦးဖြစ်သော Guha သည် အင်္ဂါနေ့တွင် သူမ၏ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့်အတူ တီးဝိုင်းအဖွဲ့မှ တီးမှုတ်သော သံစဉ်များအတိုင်း လိုက်ကကာ မြင်းစီးရင်း မင်္ဂလာပွဲကို စီတန်းလှည့်လည်ခဲ့သည်။

“အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုနဲ့ ရပိုင်ခွင့်တွေအကြောင်း ပြောရရင်မကုန်နိုင်ပါဘူး။ ဒါကိုလည်း လေ့ကျင့်ပေးသင့်ပြီး မိန်းကလေးတွေ ဆန္ဒရှိမယ်ဆိုရင် စီတန်းလှည့်လည်မှုကို ခွင့်ပြုပေးသင့်ပါတယ်။ ချွေးမကိုလည်း ဒီလိုလုပ်ခွင့်ပေးထားပါတယ်” ဟု သတို့သား၏ဖခင်က ဒေသခံ သတင်းထောက်များကို ပြောကြားခဲ့သည်။

Translate by Anne

Zawgyi Version

ျမင္းစီးကာ မဂၤလာပြဲက်င္းပရာေနရာသို႔ ေရာက္ရွိလာသည့္ သတို႔သမီး

မဂၤလာပြဲက်င္းပရာေနရာသို႔ သတို႔သားတစ္ဦး ျမင္းစီးလာျခင္းသည္ အိႏၵိယႏိုင္ငံ၏ ဓေလ့တစ္ခုျဖစ္သည္။ သတို႔သားသည္ ၎၏ ေဆြမ်ိဳးမ်ား၊ သူငယ္ခ်င္းမ်ားႏွင့္ ခန္းမသို႔ေရာက္ရွိလာၿပီး အားလုံးအတူတူ ေတးဂီတမ်ားတီးမႈတ္ကာ ကခုန္ျခင္းျဖင့္ ေပ်ာ္ပြဲ႐ႊင္ပြဲကို ဆင္ႏႊဲၾကသည္။

ဒါေပမယ့္ဒီတစ္ခါ Bihar မွာ ျမင္းစီးၿပီး မဂၤလာပြဲကို ဝင္လာသူကေတာ့ Anushka Guha ဟုေခၚေသာ သတို႔သမီး ေလးပါပဲ။ ဒီသတို႔သမီးေလးဟာ ႐ိုးရာဓေလ့နဲ႔ စိန္ေခၚေနတဲ့ ရာစုႏွစ္ရဲ႕ ေရွးထုံးတမ္းစဥ္လာေတြကို ေျပာင္းလဲပစ္ခဲ့တာေၾကာင့္ အင္တာနက္ေပၚကလူေတြ ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။

Indigo ေလေၾကာင္းလိုင္းမွ အႀကီးတန္း ေလယာဥ္မယ္တစ္ဦးျဖစ္ေသာ Guha သည္ အဂၤါေန႔တြင္ သူမ၏ ေဆြမ်ိဳးမ်ား၊ သူငယ္ခ်င္းမ်ားႏွင့္အတူ တီးဝိုင္းအဖြဲ႕မွ တီးမႈတ္ေသာ သံစဥ္မ်ားအတိုင္း လိုက္ကကာ ျမင္းစီးရင္း မဂၤလာပြဲကို စီတန္းလွည့္လည္ခဲ့သည္။

“အမ်ိဳးသမီးေတြရဲ႕ တန္းတူညီမွ်မႈနဲ႔ ရပိုင္ခြင့္ေတြအေၾကာင္း ေျပာရရင္မကုန္ႏိုင္ပါဘူး။ ဒါကိုလည္း ေလ့က်င့္ေပးသင့္ၿပီး မိန္းကေလးေတြ ဆႏၵရွိမယ္ဆိုရင္ စီတန္းလွည့္လည္မႈကို ခြင့္ျပဳေပးသင့္ပါတယ္။ ေခြၽးမကိုလည္း ဒီလိုလုပ္ခြင့္ေပးထားပါတယ္” ဟု သတို႔သား၏ဖခင္က ေဒသခံ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *