Shwe Pann Thee Global News ကယ်လီဖိုးနီးယားပြည်နယ်တစ်ခွင်ကို အလည်အပတ်ထွက်လာတဲ့ ကုလားအုတ်သားအဖ

ကယ်လီဖိုးနီးယားပြည်နယ်တစ်ခွင်ကို အလည်အပတ်ထွက်လာတဲ့ ကုလားအုတ်သားအဖ



ကယ်လီဖိုးနီးယားပြည်နယ်တစ်ခွင်ကို အလည်အပတ်ထွက်လာတဲ့ ကုလားအုတ်သားအဖ

Boogie နှင့် Woogie ဟုခေါ်သော ကုလားအုတ်နှစ်ကောင်သည် Knowland Park၊ Interstate 580 မြေအောက်လမ်းနှင့် လူနေအိမ်လမ်းများအပါအဝင် ရပ်ကွက်တစ်ဝိုက် လှည့်လည်သွားလာနေသည်ကို Oakland ရှိ မျက်မြင်သက်သေများက ဓာတ်ပုံနှင့်ဗီဒီယိုများ ရိုက်ကူးခဲ့ကြသည်။

နှစ်နာရီခန့်အကြာတွင် ကယ်လီဖိုးနီးယားအဝေးပြေးလှည့်ကင်းနှင့် ဒေသတွင်းတိရစ္ဆာန်ထိန်းကျောင်းရေးအရာရှိများက ထိုကုလားအုတ်များကို ဖမ်းယူပြီး ၎င်းတို့၏ပိုင်ရှင် Tobias Ridayထံ ပြန်ပေးခဲ့သည်။

Riday သည် မနေ့ညက သော့ခတ်ရန် မေ့သွားသော ခြံစည်းရိုးကို တွန်းထုတ်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း Insider သို့ ပြောကြားခဲ့သည်။ Boogie နှင့် Woogie တို့သည် အရပ်ငါးပေခန့်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၂၅၀ ခန့်ရှိသည်။ ၎င်းတို့သည် အေးအေးဆေးဆေးနေတတ်ပြီး အန္တရာယ်မရှိသည့် တိရစ္ဆာန်များဖြစ်သော်လည်း တော်တော်လေး မြန်မြန်ပြေးနိုင်သည် ဟုဆိုသည်။

အိမ်နီးနားချင်းများနှင့် သူငယ်ချင်းများက ကုလားအုတ်များကိုရှာဖွေရန် ရောက်ရှိလာကြသည်။ နှစ်နာရီခွဲလောက်အကြာမှာတော့ သူ့ရဲ့အမွေးထူသူငယ်ချင်းတွေ လယ်ကွင်းထဲကို ဘေးကင်းစွာ ပြန်ရောက်နေပြီလို့ Riday က ပြောပါတယ်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *