Shwe Pann Thee Knowledge ဘဝဆိုတာ ဒုက္ခတွေကြားထဲမှာ ပျော်အောင်နေခြင်းပါပဲ

ဘဝဆိုတာ ဒုက္ခတွေကြားထဲမှာ ပျော်အောင်နေခြင်းပါပဲ

ဘဝဆိုတာ ဒုက္ခတွေကြားထဲမှာ ပျော်အောင်နေခြင်းပါပဲ။မမြဲတဲ့လက်တွေကို မျှော်လင့်နေမယ့်အစား တွဲထားတဲ့လက်ကိုဘဲ မြဲမြဲကိုင် ထားပါ။

တွန်းချတဲ့ လက်တွေကို မေ့ပစ်လိုက်ပြီး ဆွဲတင်ခဲ့တဲ့ လက်တွေ ကိုသာ အမှတ်ရနေပါ။ အတိတ်ဆိုးတွေနဲ့ အနာဂတ် အိမ်တွေဆီ အလည်မသွားဘဲ ပစ္စုပ္ပန်အိမ် မှာပဲနေ ပါ။

ကြင်နာမှုမှ မရှိတဲ့ သူကို သေအောင် ဖက်တွယ်ထားလည်း နာကျင်မှုနဲ့သာ အဆုံးသတ်ရမှာ မဟုတ်လား။

မရောင်တဲ့ အရာကို ဆီမလူးဘဲ ဒဏ်ရာ၊ ဒဏ်ချက်တွေ ကိုပဲ ဦးစားပေး ဆေးထည့်ပါ။ ဘဝဆိုတာ အားလုံး ထင်ထား တာထက် ပိုပြီး တိုတောင်းတယ်။

တိုတောင်းလှတဲ့ ဘဝလေးမှာ ကိုယ့်ကိုယ်ကိုယ် ရွှင်လန်းအောင် သာနေ ပါတော့။ ဘဝဆိုတာ ဒုက္ခတွေကြားမှာ ပျော်အောင်နေခြင်းပဲ မဟုတ်လား။

ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်

crd

Zawgyi Version








Leave a Reply

Your email address will not be published. Required fields are marked *