Shwe Pann Thee Global News လက်သည်းကို ၆၆ နှစ်လုံးမညှပ်ဘဲ အချိန်အကြာကြီးထားခဲ့ပြီးမှ လက်သည်းညှပ်အခမ်းအနားကျင်းပကာ ညှပ်ချပစ်သည့် အိန္ဒိယအမျိုးသား

လက်သည်းကို ၆၆ နှစ်လုံးမညှပ်ဘဲ အချိန်အကြာကြီးထားခဲ့ပြီးမှ လက်သည်းညှပ်အခမ်းအနားကျင်းပကာ ညှပ်ချပစ်သည့် အိန္ဒိယအမျိုးသား



လက်သည်းကို ၆၆ နှစ်လုံးမညှပ်ဘဲ အချိန်အကြာကြီးထားခဲ့ပြီးမှ လက်သည်းညှပ်အခမ်းအနားကျင်းပကာ ညှပ်ချပစ်သည့် အိန္ဒိယအမျိုးသား

အိန္ဒိယမှ အသက် ၈၀ ကျော်အမျိုးသားတစ်ဦးဖြစ်သည့် Shridhar Chillal သည် လွန်ခဲ့သော 66 နှစ်အတွင်း သူ လုံးဝမလုပ်ခဲ့သော သာမန်လူတို့၏လုပ်ရိုးလုပ်စဥ်တစ်ခုကို နောက်ဆုံးတွင် လုပ်ဆောင်တော့မည်ဖြစ်သည်။ ထိုသည်မှာ သူ့ရဲ့ကမ္ဘာ့အရှည်ဆုံး လက်သည်းများကို ဖြတ်တောက်ခြင်းပဲဖြစ်သည်။

ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားသူ Chillal သည် 1952 ခုနှစ်ကတည်းက ၎င်း၏ဘယ်ဘက်လက်တွင်ရှိသော လက်သည်းများကို လုံးဝမညှပ်ခဲ့ဘဲ ကမ္ဘာ့အရှည်ဆုံးလက်သည်းများနေရာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ဒါပေမယ့် အခု သူ့အသက် ၈၂ နှစ်မှာ သူ့ရဲ့ လက်သည်းတွေကို ညှပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Times Square ရှိ Ripley’s Believe It or Not ပြတိုက်တွင် Chillal သည် သူ၏လက်သည်းများကို ညှပ်မည့် “လက်သည်းညှပ်ခြင်းအခမ်းအနား” ကိုကျင်းပခဲ့သည်။ သူ့လက်သည်းများ၏ ပေါင်းစပ်အရှည်မှာ 909.6 စင်တီမီတာရှိသည်ဟု ခန့်မှန်းရသည်။ Chillal ၏အရှည်ဆုံးလက်သည်းသည် 197.8 စင်တီမီတာထိရှိခဲ့သည်။ လက်တစ်ဖက်တည်းမှာတင် အရှည်ဆုံး လက်သည်းများရှိတာကြောင့် 2016 ခုနှစ်မှာ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါသည်။

Chillal သည် ညှပ်ပစ်လိုက်သော သူ၏လက်သည်းများကို ပြတိုက်တစ်ခုတွင် သိမ်းဆည်းပြီး လက်သည်းများမပျက်စီးသွားစေရန် တောင်းဆိုခဲ့သည်။ Ripley’s သည် ၎င်း၏လက်သည်းများကို ညှပ်ရန်နှင့် Ripley’s Believe It or Not တွင် မှတ်တမ်းနိုင်စေရန် Chillal ကို အိန္ဒိယမှ အမေရိကန်သို့ ပို့ဆောင်ခဲ့သည်။ ထို့ပြင် ပြတိုက်ထဲ သိမ်းဆည်းရန်အတွက် Chillal ၏ လက်သည်းခြေသည်း ပန်းချီပြပွဲကို Ripley’s Believe It or Not တွင် တရားဝင်ပြသမည်ဖြစ်ကြောင်း Times Square သတင်းဌာန၏ အကြံပေးချက်အရ သိရသည်။

Translate by Wint Phue Aung

Zawgyi Version

လက္သည္းကို ၆၆ ႏွစ္လုံးမညႇပ္ဘဲ အခ်ိန္အၾကာႀကီးထားခဲ့ၿပီးမွ လက္သည္းညႇပ္အခမ္းအနားက်င္းပကာ ညႇပ္ခ်ပစ္သည့္ အိႏၵိယအမ်ိဳးသား

အိႏၵိယမွ အသက္ ၈၀ ေက်ာ္အမ်ိဳးသားတစ္ဦးျဖစ္သည့္ Shridhar Chillal သည္ လြန္ခဲ့ေသာ 66 ႏွစ္အတြင္း သူ လုံးဝမလုပ္ခဲ့ေသာ သာမန္လူတို႔၏လုပ္႐ိုးလုပ္စဥ္တစ္ခုကို ေနာက္ဆုံးတြင္ လုပ္ေဆာင္ေတာ့မည္ျဖစ္သည္။ ထိုသည္မွာ သူ႔ရဲ႕ကမာၻ႔အရွည္ဆုံး လက္သည္းမ်ားကို ျဖတ္ေတာက္ျခင္းပဲျဖစ္သည္။

ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ထားသူ Chillal သည္ 1952 ခုႏွစ္ကတည္းက ၎၏ဘယ္ဘက္လက္တြင္ရွိေသာ လက္သည္းမ်ားကို လုံးဝမညႇပ္ခဲ့ဘဲ ကမာၻ႔အရွည္ဆုံးလက္သည္းမ်ားေနရာကို ပိုင္ဆိုင္ထားသူျဖစ္သည္။ ဒါေပမယ့္ အခု သူ႔အသက္ ၈၂ ႏွစ္မွာ သူ႔ရဲ႕ လက္သည္းေတြကို ညႇပ္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။

Times Square ရွိ Ripley’s Believe It or Not ျပတိုက္တြင္ Chillal သည္ သူ၏လက္သည္းမ်ားကို ညႇပ္မည့္ “လက္သည္းညႇပ္ျခင္းအခမ္းအနား” ကိုက်င္းပခဲ့သည္။ သူ႔လက္သည္းမ်ား၏ ေပါင္းစပ္အရွည္မွာ 909.6 စင္တီမီတာရွိသည္ဟု ခန႔္မွန္းရသည္။ Chillal ၏အရွည္ဆုံးလက္သည္းသည္ 197.8 စင္တီမီတာထိရွိခဲ့သည္။ လက္တစ္ဖက္တည္းမွာတင္ အရွည္ဆုံး လက္သည္းမ်ားရွိတာေၾကာင့္ 2016 ခုႏွစ္မွာ ဂင္းနစ္မွတ္တမ္းဝင္ခဲ့ပါသည္။

Chillal သည္ ညႇပ္ပစ္လိုက္ေသာ သူ၏လက္သည္းမ်ားကို ျပတိုက္တစ္ခုတြင္ သိမ္းဆည္းၿပီး လက္သည္းမ်ားမပ်က္စီးသြားေစရန္ ေတာင္းဆိုခဲ့သည္။ Ripley’s သည္ ၎၏လက္သည္းမ်ားကို ညႇပ္ရန္ႏွင့္ Ripley’s Believe It or Not တြင္ မွတ္တမ္းႏိုင္ေစရန္ Chillal ကို အိႏၵိယမွ အေမရိကန္သို႔ ပို႔ေဆာင္ခဲ့သည္။ ထို႔ျပင္ ျပတိုက္ထဲ သိမ္းဆည္းရန္အတြက္ Chillal ၏ လက္သည္းေျခသည္း ပန္းခ်ီျပပြဲကို Ripley’s Believe It or Not တြင္ တရားဝင္ျပသမည္ျဖစ္ေၾကာင္း Times Square သတင္းဌာန၏ အႀကံေပးခ်က္အရ သိရသည္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *