Shwe Pann Thee Global News အသက်ရှူသံသေတ္တာထဲ၌ နှစ် ၇၀ ကြာနေခဲ့ပြီး အသက်ဆက်ခဲ့သည့် တက္ကဆက်အမျိုးသားဟာ ရှေ့လျှောက်လည်း ဆက်နေဦးမည်ဟုဆို

အသက်ရှူသံသေတ္တာထဲ၌ နှစ် ၇၀ ကြာနေခဲ့ပြီး အသက်ဆက်ခဲ့သည့် တက္ကဆက်အမျိုးသားဟာ ရှေ့လျှောက်လည်း ဆက်နေဦးမည်ဟုဆို



အသက်ရှူသံသေတ္တာထဲ၌ နှစ် ၇၀ ကြာနေခဲ့ပြီး အသက်ဆက်ခဲ့သည့် တက္ကဆက်အမျိုးသားဟာ ရှေ့လျှောက်လည်း ဆက်နေဦးမည်ဟုဆို

20 ရာစု၏ ပိုလီယိုပလိပ်ရောဂါ အထွတ်အထိပ်ကာလတွင် အသက်ရှူသံသေတ္တာသည် မရှိမဖြစ်လိုအပ်ခဲ့သည်။ တက္ကဆက်ပြည်နယ်မှ အမျိုးသားတစ်ဦးသည် လွန်ခဲ့သောနှစ်ပေါင်း 70 နီးပါးက လေဖြတ်သွားပြီးနောက် ယနေ့တိုင် ထိုအရာကို အသုံးပြုနေဆဲဖြစ်သည်။

1952 ခုနှစ်၏ ပူပြင်းသော နွေရာသီနေ့တွင် Texas မှ Paul Alexander သည် လည်ပင်းနဲ့ ဦးခေါင်းနာကျင်ပြီး အဖျားကြီးနေခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ မလှုပ်ရှားနိုင်၊ စကားမပြောနိုင်သည့် လက္ခဏာများပေါ်လာပြီး ပိုလီယိုကူးစက်ခံထားရမှန်း သိရှိသွားသည်။

ပိုလီယိုပလိပ်ရောဂါသည် ၂၀ ရာစုအလယ်ပိုင်းတွင် နှစ်စဉ် ထောင်နှင့်ချီသည့်လူပေါင်းများစွာကို ဖျားနာကာ သေဆုံးစေခဲ့သည်။ ရောဂါခံစားရသူသည် လည်ပင်းအောက်ပိုင်း အကြောသေသွားတတ်သည်။ သို့သော် ယခုအခါ အသက် ၇၅ နှစ်ရှိပြီဖြစ်သည့် အလက်ဇန်းဒါးဟာ ဆယ်စုနှစ် ခုနစ်ခုနီးပါး အသက်ရှူစေနိုင်ခဲ့သည့် သံမဏိလေဝင်လေထွက်ပေါက်ကြီးဖြစ်တဲ့သံသေတ္တာကြောင့် အသက်ရှင်လျက်ရှိကြောင်း New York Post ၏ Andrew Court က ဖော်ပြသည်။

အသက်ရှူသံသေတ္တာအတွင်း အသက်ရှင်နေထိုင်ရန် အလွန်ခက်ခဲကြောင်း ဂါးဒီးယန်းသတင်းစာတွင် အလက်ဇန်းဒါးဝန်ခံခဲ့သည်။သို့သော် “ကျွန်တော် မသေချင်ဘူးလေ အဲ့ဒါကြောင့် ကျွန်တော် ဒီထဲမှာပဲ ဆက်နေသွားရမယ်” လို့ ဗီဒီယိုထဲမှာ သူပြောထားသည်။ ယနေ့ခေတ်တွင် အလက်ဇန္ဒားသည် အသက်ရှူသံသေတ္တာကို အသုံးပြုနေဆဲ လူနှစ်ဦးထဲက တစ်ဦးဖြစ်သည်ဟု Guardian ကဖော်ပြသည်။

Translate by Wint Phue Aung

Zawgyi Version

အသက္ရႉသံေသတၱာထဲ၌ ႏွစ္ ၇၀ ၾကာေနခဲ့ၿပီး အသက္ဆက္ခဲ့သည့္ တကၠဆက္အမ်ိဳးသားဟာ ေရွ႕ေလွ်ာက္လည္း ဆက္ေနဦးမည္ဟုဆို

20 ရာစု၏ ပိုလီယိုပလိပ္ေရာဂါ အထြတ္အထိပ္ကာလတြင္ အသက္ရႉသံေသတၱာသည္ မရွိမျဖစ္လိုအပ္ခဲ့သည္။ တကၠဆက္ျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ လြန္ခဲ့ေသာႏွစ္ေပါင္း 70 နီးပါးက ေလျဖတ္သြားၿပီးေနာက္ ယေန႔တိုင္ ထိုအရာကို အသုံးျပဳေနဆဲျဖစ္သည္။

1952 ခုႏွစ္၏ ပူျပင္းေသာ ေႏြရာသီေန႔တြင္ Texas မွ Paul Alexander သည္ လည္ပင္းနဲ႔ ဦးေခါင္းနာက်င္ၿပီး အဖ်ားႀကီးေနခဲ့သည္။ ရက္အနည္းငယ္ၾကာၿပီးေနာက္မွာေတာ့ မလႈပ္ရွားႏိုင္၊ စကားမေျပာႏိုင္သည့္ လကၡဏာမ်ားေပၚလာၿပီး ပိုလီယိုကူးစက္ခံထားရမွန္း သိရွိသြားသည္။

ပိုလီယိုပလိပ္ေရာဂါသည္ ၂၀ ရာစုအလယ္ပိုင္းတြင္ ႏွစ္စဥ္ ေထာင္ႏွင့္ခ်ီသည့္လူေပါင္းမ်ားစြာကို ဖ်ားနာကာ ေသဆုံးေစခဲ့သည္။ ေရာဂါခံစားရသူသည္ လည္ပင္းေအာက္ပိုင္း အေၾကာေသသြားတတ္သည္။ သို႔ေသာ္ ယခုအခါ အသက္ ၇၅ ႏွစ္ရွိၿပီျဖစ္သည့္ အလက္ဇန္းဒါးဟာ ဆယ္စုႏွစ္ ခုနစ္ခုနီးပါး အသက္ရႉေစႏိုင္ခဲ့သည့္ သံမဏိေလဝင္ေလထြက္ေပါက္ႀကီးျဖစ္တဲ့သံေသတၱာေၾကာင့္ အသက္ရွင္လ်က္ရွိေၾကာင္း New York Post ၏ Andrew Court က ေဖာ္ျပသည္။

အသက္ရႉသံေသတၱာအတြင္း အသက္ရွင္ေနထိုင္ရန္ အလြန္ခက္ခဲေၾကာင္း ဂါးဒီးယန္းသတင္းစာတြင္ အလက္ဇန္းဒါးဝန္ခံခဲ့သည္။သို႔ေသာ္ “ကြၽန္ေတာ္ မေသခ်င္ဘူးေလ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ဒီထဲမွာပဲ ဆက္ေနသြားရမယ္” လို႔ ဗီဒီယိုထဲမွာ သူေျပာထားသည္။ ယေန႔ေခတ္တြင္ အလက္ဇႏၵားသည္ အသက္ရႉသံေသတၱာကို အသုံးျပဳေနဆဲ လူႏွစ္ဦးထဲက တစ္ဦးျဖစ္သည္ဟု Guardian ကေဖာ္ျပသည္။

Leave a Reply

Your email address will not be published. Required fields are marked *