Shwe Pann Thee Global News ကိုယ်ခံအားပိုကောင်းချင်လို့ ကိုဗစ်ကာ‌ကွယ်ဆေး ၁၂ ကြိမ်ထိုးလိုက်တဲ့ အိန္ဒိယအမျိုးသား အဖမ်းခံရ

ကိုယ်ခံအားပိုကောင်းချင်လို့ ကိုဗစ်ကာ‌ကွယ်ဆေး ၁၂ ကြိမ်ထိုးလိုက်တဲ့ အိန္ဒိယအမျိုးသား အဖမ်းခံရ



ကိုယ်ခံအားပိုကောင်းချင်လို့ ကိုဗစ်ကာ‌ကွယ်ဆေး ၁၂ ကြိမ်ထိုးလိုက်တဲ့ အိန္ဒိယအမျိုးသား အဖမ်းခံရ

အိန္ဒိယအမျိုးသားတစ်ဦးသည် တစ်နှစ်အတွင်း COVID-19 ကာကွယ်ဆေး ၁၂ ကြိမ်ထိုးခဲ့ကြောင်း ရဲများ၏ဖမ်းဆီးခြင်းမခံရမီက ပြောကြားခဲ့သည်။

Brahamdev Mandal ဟာ 11 လအတွင်း ကာကွယ်ဆေးတွေကိုထိုးနှံခဲ့ပြီး တစ်ရက်တည်းမှာ နာရီဝက်ခြား နှစ်ကြိမ်တောင် ထိုးဖူးတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ သူက ကိုယ်ခံအားပိုကောင်းချင်ပြီး အပိုအကျိုးခံစားခွင့်အနေနဲ့ သူ့ရဲ့အဆစ်နာကျင်မှုကိုပါ သက်သာရာရစေမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

Mandal သည် အခြားလူများ၏ မှတ်ပုံတင်ကို အသုံးပြုကာ အပိုကာကွယ်ဆေးများ ထိုးနှံရန် လိမ်လည်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုအခါ အချို့နိုင်ငံများတွင် စတုတ္ထအကြိမ်ထိုးပေးနေပြီး တူရကီသည် ပဉ္စမအဆင့်သို့ ရောက်ရှိနေသော်လည်း ၁၂ ကြိမ်ထိုးခြင်းသည် ကျန်းမာရေးအန္တရာယ်အချို့ ရှိလာနိုင်သည်။

 

အသက် ၈၄ နှစ်အရွယ် စာပို့သမားဟောင်း Mandal ကို Orai တွင် ရဲများက စွဲချက်တင်ထားပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

Translate by Anne

Zawgyi Version

ကိုယ္ခံအားပိုေကာင္းခ်င္လို႔ ကိုဗစ္ကာ‌ကြယ္ေဆး ၁၂ ႀကိမ္ထိုးလိုက္တဲ့ အိႏၵိယအမ်ိဳးသား အဖမ္းခံရ

အိႏၵိယအမ်ိဳးသားတစ္ဦးသည္ တစ္ႏွစ္အတြင္း COVID-19 ကာကြယ္ေဆး ၁၂ ႀကိမ္ထိုးခဲ့ေၾကာင္း ရဲမ်ား၏ဖမ္းဆီးျခင္းမခံရမီက ေျပာၾကားခဲ့သည္။

Brahamdev Mandal ဟာ 11 လအတြင္း ကာကြယ္ေဆးေတြကိုထိုးႏွံခဲ့ၿပီး တစ္ရက္တည္းမွာ နာရီဝက္ျခား ႏွစ္ႀကိမ္ေတာင္ ထိုးဖူးတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။ သူက ကိုယ္ခံအားပိုေကာင္းခ်င္ၿပီး အပိုအက်ိဳးခံစားခြင့္အေနနဲ႔ သူ႔ရဲ႕အဆစ္နာက်င္မႈကိုပါ သက္သာရာရေစမယ္လို႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။

Mandal သည္ အျခားလူမ်ား၏ မွတ္ပုံတင္ကို အသုံးျပဳကာ အပိုကာကြယ္ေဆးမ်ား ထိုးႏွံရန္ လိမ္လည္ခဲ့ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ ယခုအခါ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ စတုတၳအႀကိမ္ထိုးေပးေနၿပီး တူရကီသည္ ပၪၥမအဆင့္သို႔ ေရာက္ရွိေနေသာ္လည္း ၁၂ ႀကိမ္ထိုးျခင္းသည္ က်န္းမာေရးအႏၲရာယ္အခ်ိဳ႕ ရွိလာႏိုင္သည္။

အသက္ ၈၄ ႏွစ္အ႐ြယ္ စာပို႔သမားေဟာင္း Mandal ကို Orai တြင္ ရဲမ်ားက စြဲခ်က္တင္ထားၿပီး စုံစမ္းစစ္ေဆးမႈမ်ား စတင္ေနၿပီျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *