Shwe Pann Thee Global News တရုတ်နိုင်ငံသည် လကဲ့သို့ ဆွဲငင်အားနည်းသော ပတ်ဝန်းကျင်၌ ‘လူလုပ်လအတု’ သုတေသန အဆောက်အအုံကို တည်ဆောက်ခဲ့

တရုတ်နိုင်ငံသည် လကဲ့သို့ ဆွဲငင်အားနည်းသော ပတ်ဝန်းကျင်၌ ‘လူလုပ်လအတု’ သုတေသန အဆောက်အအုံကို တည်ဆောက်ခဲ့



တရုတ်နိုင်ငံသည် လကဲ့သို့ ဆွဲငင်အားနည်းသော ပတ်ဝန်းကျင်၌ ‘လူလုပ်လအတု’ သုတေသန အဆောက်အအုံကို တည်ဆောက်ခဲ့

တရုတ်နိုင်ငံသည် အနာဂတ်ရှာဖွေရေးတွင် ကမ္ဘာမြေ၏ တစ်ခုတည်းသော သဘာဝဂြိုလ်တုကို ပံ့ပိုးပေးမည့် လကဲ့သို့ ဆွဲငင်အားနည်းသော ပတ်ဝန်းကျင်ပါရှိသည့် ‘လူလုပ်လအတု’ သုတေသန အဆောက်အအုံကို တည်ဆောက်ခဲ့သည်။

တရုတ်သိပ္ပံပညာရှင်များသည် လနှင့်တူသော ဆွဲငင်အားရှိသော ‘လအတု’ ကို တည်ဆောက်ခဲ့ပြီး အနာဂတ် စူးစမ်းလေ့လာရေးမစ်ရှင်များအတွက် အာကာသယာဉ်မှူးများကို ပြင်ဆင်ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ဆွဲငင်အားနည်းသော ပတ်ဝန်းကျင်သည် စမ်းသပ်မှုတွင် ဖားတစ်ကောင်ကို သံလိုက်ဓာတ်ဖြင့် အသက်ပြန်ရှင်စေရန် လှုံ့ဆော်ပေးကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

လအတုသည် အလွန်အားပြင်းသော သံလိုက်စက်ကွင်းများကို အသုံးပြုထားသည့် လေဟာနယ်ထဲတွင် စတုရန်းနှစ်ပေရှိသောအခန်းကို တွန်းထုတ်နိုင်ခဲ့သည်။ အခန်းအတွင်းတွင် လ၏မြေဆီလွှာနှင့် လကျောက်တုံးများကို ပုံဖော်ထားသည်။ သံလိုက်စက်ကွင်းကို လိုအပ်သလို အဖွင့်အပိတ်လုပ်နိုင်ပြီး လကမ္ဘာဆွဲငင်အား သို့မဟုတ် ကမ္ဘာမြေအဆင့်ဆွဲငင်အားကိုတော့ မထုတ်ပေးနိုင်ပါ။ လပေါ်ရှိ ဆွဲငင်အားသည် ကမ္ဘာမြေပေါ်ရှိတွန်းအား၏ ခြောက်ပုံတစ်ပုံခန့်သာ ဖြစ်သည်။

Li ၏အဆိုအရ အဆိုပါနည်းပညာများသည် အဆောက်အဦများတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည်ဟု Li ကဆိုသည်။ တရုတ်နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းရှိ သုတေသီများအတွက် စက်ရုံဖွင့်လှစ်ပေးရန် ကျွမ်းကျင်သူများက စီစဉ်လျက်ရှိသည်။

Translate by Wint Phue Aung

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *