Shwe Pann Thee Global News ပြင်းထန်တဲ့ ကျောရိုးဝေဒနာခံစားနေရသော်လည်း မိမိရင်သွေး ကြောင်ကလေးများကို အသက်ရှင်အောင် စောင့်ရှောက်ပေးတဲ့ မိခင်ကြောင်မကြီးရဲ့မိခင်မေတ္တာ

ပြင်းထန်တဲ့ ကျောရိုးဝေဒနာခံစားနေရသော်လည်း မိမိရင်သွေး ကြောင်ကလေးများကို အသက်ရှင်အောင် စောင့်ရှောက်ပေးတဲ့ မိခင်ကြောင်မကြီးရဲ့မိခင်မေတ္တာ



ပြင်းထန်တဲ့ ကျောရိုးဝေဒနာခံစားနေရသော်လည်း မိမိရင်သွေး ကြောင်ကလေးများကို အသက်ရှင်အောင် စောင့်ရှောက်ပေးတဲ့ မိခင်ကြောင်မကြီးရဲ့မိခင်မေတ္တာ

ကြောင်လေးတစ်ကောင်ကို သူ့ကလေးတွေနဲ့အတူ လူတစ်ယောက်ရဲ့ခြံထဲမှာ တွေ့ခဲ့ရပြီး အိမ်နီးနားချင်းတွေက လက်မခံလို့ ဒေသခံတိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်သွားခဲ့တယ်။ တိရစ္ဆာန်ဆေးကုသူနာပြုဆရာမ Beth က ကျွန်မကို ကျောရိုးဓာတ်မှန်ပြဖို့ မခေါ်ခင်အချိန်မှာ အမေကြောင်နဲ့ သူ့ကလေးတွေနဲ့တွေ့ဖို့ ပြန်ထွက်လာခဲ့တယ်။

သနားစရာကောင်းတဲ့ ဒီကြောင်မကြီးရဲ့ ကျောရိုးဟာ လုံးဝကိုပျက်စီးနေပါပြီ။ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ သူမ မိသားစုလေးကို ပြုစုစောင့်ရှောက်ဖို့ ကြိုးစားရင်း ခြေထောက်နဲ့ ခြေဖဝါးမှာလည်း ဆိုးရွားလှတဲ့ အနာတွေ ပေါက်နေပါတယ်။ ကယ်တင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်မှာ ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီးကို တွေ့ခဲ့ရပေမယ့် ဒီကြောင်မကြီးက ကျွန်မ နှလုံးသားကို ကြေကွဲစေခဲ့တယ်။

သူမဟာ မယုံနိုင်လောက်အောင် ပိန်လှီပြီး သွားဖုံးများ ဖြူစွတ်ကာ ရေဓာတ်ခန်းခြောက်နေသည်။ ကလေးများကို ကယ်တင်ရန်အတွက် သူမဘဝကို ပေးဆပ်ခဲ့သည်။ သူမ၏ ကျောရိုးနှစ်ပိုင်း ကျိုးသွားပြီး အလွန်နာကျင်နေသော်လည်း သူမ၏ ကလေးငယ်များကို ကယ်တင်ရန် ဆက်လက်ကြိုးစားနေပါသည်။ အနာများသည် လတ်တ‌လောမှရတာမဟုတ်သောကြောင့် ကလေးမွေးပြီးကတည်းက ဤကဲ့သို့ဖြစ်နိုင်သည်။

သူ့ရှေ့မှာရှိတဲ့ အစာနဲ့ရေကို တွားသွားယူကာ သူ့ရင်သွေးငယ်တွေကို ကျွေးမွေးပြီး နွေးနွေးထွေးထွေးနေရအောင်လုပ်ပေးတဲ့ သူမရဲ့ပုံရိပ်ကို မြင်ယောင်နေမိပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ အဆင်သင့်မဖြစ်သေးခင်အထိ သူမနားမှာ ခဏထိုင်ပြီး အမေ့နို့စို့နေတဲ့ ကလေးတွေကို စောင့်ကြည့်နေခဲ့ပါတယ်။

ကြောင်မကြီးရဲ့ကျောရိုးကို ကုသလို့မရနိုင်ခဲ့ပါဘူး။ ဝမ်းနည်းစရာကောင်းတာက သူမမိသားစုအတွက် သူမလုပ်ပေးနိုင်တာ ဒါနောက်ဆုံးအကြိမ်ဖြစ်မယ်ဆိုတာ သိလိုက်ရတော့ ကျွန်မမျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။ သူမမှာ ပေးဆပ်စရာ ဘာမှမကျန်တော့တော့ပါဘူး။

Translate by Anne

Zawgyi Version

ျပင္းထန္တဲ့ ေက်ာ႐ိုးေဝဒနာခံစားေနရေသာ္လည္း မိမိရင္ေသြး ေၾကာင္ကေလးမ်ားကို အသက္ရွင္ေအာင္ ေစာင့္ေရွာက္ေပးတဲ့ မိခင္ေၾကာင္မႀကီးရဲ႕မိခင္ေမတၱာ

ေၾကာင္ေလးတစ္ေကာင္ကို သူ႔ကေလးေတြနဲ႔အတူ လူတစ္ေယာက္ရဲ႕ၿခံထဲမွာ ေတြ႕ခဲ့ရၿပီး အိမ္နီးနားခ်င္းေတြက လက္မခံလို႔ ေဒသခံတိရစာၦန္ေဆးကုဆရာဝန္ဆီ ေခၚသြားခဲ့တယ္။ တိရစာၦန္ေဆးကုသူနာျပဳဆရာမ Beth က ကြၽန္မကို ေက်ာ႐ိုးဓာတ္မွန္ျပဖို႔ မေခၚခင္အခ်ိန္မွာ အေမေၾကာင္နဲ႔ သူ႔ကေလးေတြနဲ႔ေတြ႕ဖို႔ ျပန္ထြက္လာခဲ့တယ္။

သနားစရာေကာင္းတဲ့ ဒီေၾကာင္မႀကီးရဲ႕ ေက်ာ႐ိုးဟာ လုံးဝကိုပ်က္စီးေနပါၿပီ။ ဒီလိုမ်ိဳး တစ္ခါမွ မေတြ႕ဖူးပါဘူး။ သူမ မိသားစုေလးကို ျပဳစုေစာင့္ေရွာက္ဖို႔ ႀကိဳးစားရင္း ေျခေထာက္နဲ႔ ေျခဖဝါးမွာလည္း ဆိုး႐ြားလွတဲ့ အနာေတြ ေပါက္ေနပါတယ္။ ကယ္တင္ခဲ့တဲ့ ႏွစ္ေတြတစ္ေလွ်ာက္မွာ ေၾကာက္စရာေကာင္းတဲ့ အရာေတြ အမ်ားႀကီးကို ေတြ႕ခဲ့ရေပမယ့္ ဒီေၾကာင္မႀကီးက ကြၽန္မ ႏွလုံးသားကို ေၾကကြဲေစခဲ့တယ္။

သူမဟာ မယုံႏိုင္ေလာက္ေအာင္ ပိန္လွီၿပီး သြားဖုံးမ်ား ျဖဴစြတ္ကာ ေရဓာတ္ခန္းေျခာက္ေနသည္။ ကေလးမ်ားကို ကယ္တင္ရန္အတြက္ သူမဘဝကို ေပးဆပ္ခဲ့သည္။ သူမ၏ ေက်ာ႐ိုးႏွစ္ပိုင္း က်ိဳးသြားၿပီး အလြန္နာက်င္ေနေသာ္လည္း သူမ၏ ကေလးငယ္မ်ားကို ကယ္တင္ရန္ ဆက္လက္ႀကိဳးစားေနပါသည္။ အနာမ်ားသည္ လတ္တ‌ေလာမွရတာမဟုတ္ေသာေၾကာင့္ ကေလးေမြးၿပီးကတည္းက ဤကဲ့သို႔ျဖစ္ႏိုင္သည္။

သူ႔ေရွ႕မွာရွိတဲ့ အစာနဲ႔ေရကို တြားသြားယူကာ သူ႔ရင္ေသြးငယ္ေတြကို ေကြၽးေမြးၿပီး ေႏြးေႏြးေထြးေထြးေနရေအာင္လုပ္ေပးတဲ့ သူမရဲ႕ပုံရိပ္ကို ျမင္ေယာင္ေနမိပါတယ္။ တိရစာၦန္ေဆးကုဆရာဝန္ေတြ အဆင္သင့္မျဖစ္ေသးခင္အထိ သူမနားမွာ ခဏထိုင္ၿပီး အေမ့ႏို႔စို႔ေနတဲ့ ကေလးေတြကို ေစာင့္ၾကည့္ေနခဲ့ပါတယ္။

ေၾကာင္မႀကီးရဲ႕ေက်ာ႐ိုးကို ကုသလို႔မရႏိုင္ခဲ့ပါဘူး။ ဝမ္းနည္းစရာေကာင္းတာက သူမမိသားစုအတြက္ သူမလုပ္ေပးႏိုင္တာ ဒါေနာက္ဆုံးအႀကိမ္ျဖစ္မယ္ဆိုတာ သိလိုက္ရေတာ့ ကြၽန္မမ်က္လုံးထဲမွာ မ်က္ရည္ေတြ ျပည့္လွ်ံေနခဲ့တယ္။ သူမမွာ ေပးဆပ္စရာ ဘာမွမက်န္ေတာ့ေတာ့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *