အိမ်ထောင်သက်ကြာလာတဲ့အခါ အမျိုးသမီးတချို့သူတို့ခင်ပွန်းကိုမုန်းသွားရတဲ့အကြောင်းရင်း လက်ထပ်ထားတာကြာလာတဲ့အခါ တချို့သူတွေက အရင်အတိုင်းချစ်မြဲချစ်ဆဲဆိုပေမယ့် တချို့တွေကျတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေလျော့သွားသလို၊ စိမ်းသွားသလိုဖြစ်တတ်ပါတယ် အဲ့ဒီလိုအခြေအနေမှာ ဒီအချက်တွေဖြစ်နေရင် အမျိုးသမီးတွေက သူတို့ခင်ပွန်းကို မုန်းတဲ့အထိတောင်ဖြစ်သွားတတ်ပါတယ်။ (၁) မိသားစုအတွက်အချိန်မပေးတာ အိမ်ထောင်သည်တစ်ယောက်အတွက် မိသားစုကပထမဦးစားပေးရမယ့်အရာဖြစ်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်ဇနီးမယားကို ...
