လူ့အသံများကို ဒစ်ဂျစ်တယ်ဖြင့် ပုံတူပွားရန် ဉာဏ်ရည်တုကို အသုံးပြုခြင်း
ကျွန်ုပ်တို့၏ စကားပြောဆိုမှုပုံစံတွင် မသိမသာကွဲပြားချက်များ ရှိနေသောကြောင့် သိပ္ပံပညာဖြင့် လူသားများကဲ့သို့ စကားပြောစက်များပြုလုပ်ရာတွင် အလွန်ရှုပ်ထွေးပါသည်။

ဂျီနီဗာတက္ကသိုလ်မှ စိတ်ပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခ Klaus Scherer က “အသံကို ဖမ်းမိဖို့ မလွယ်ဘူး” လို့ ဆိုပါတယ်။ အသံကိုခွဲခြမ်းစိတ်ဖြာရန် အမှန်တကယ်တွင် အသံပိုင်းဆိုင်ရာ ယန္တရားများနှင့် ဇီဝကမ္မဆိုင်ရာ ရှုထောင့်များအကြောင်း ဗဟုသုတများစွာ လိုအပ်ပါသည်။

Wolfgang von Kempelen မှ 1800 ခုနှစ်ဝန်းကျင်က တီထွင်ခဲ့သော ပထမဆုံး စကားပြောစက်မှ ပေါင်းစပ်အသံများ ရရှိရန် နှစ်ပေါင်း 200 ကျော်ကြာခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပါ။ ထို့ကြောင့် ၎င်းသည် အပြန်အလှန် ထိန်းချုပ်ရန် လိုအပ်ပြီး အကျိုးဆက်တစ်ခုခုကို လုပ်ဆောင်ရန်အတွက် ကျွမ်းကျင်မှုအတော်လေးလိုအပ်ပါသည်။

Siri၊ Google Assistant နှင့် Alexa ကဲ့သို့သော စကားပြောစက်များ သို့မဟုတ် ဘဏ်၏ အလိုအလျောက် ဖောက်သည်ဝန်ဆောင်မှုလိုင်းများအကြောင်းကို ယခုအခါ အတော်လေးလူပြောများနေပါသည်။ Artificial Intelligence သို့မဟုတ် AI ဆိုင်ရာ တိုးတက်မှုများကြောင့် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံတွင် ပေါင်းစပ်အသံများကို အစစ်အမှန်များနှင့် ခွဲခြားရခက်သည့်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။
Translate by Anne
Zawgyi Version
လူ႔အသံမ်ားကို ဒစ္ဂ်စ္တယ္ျဖင့္ ပုံတူပြားရန္ ဉာဏ္ရည္တုကို အသုံးျပဳျခင္း
ကြၽႏ္ုပ္တို႔၏ စကားေျပာဆိုမႈပုံစံတြင္ မသိမသာကြဲျပားခ်က္မ်ား ရွိေနေသာေၾကာင့္ သိပၸံပညာျဖင့္ လူသားမ်ားကဲ့သို႔ စကားေျပာစက္မ်ားျပဳလုပ္ရာတြင္ အလြန္ရႈပ္ေထြးပါသည္။
ဂ်ီနီဗာတကၠသိုလ္မွ စိတ္ပညာဆိုင္ရာ ဂုဏ္ထူးေဆာင္ ပါေမာကၡ Klaus Scherer က “အသံကို ဖမ္းမိဖို႔ မလြယ္ဘူး” လို႔ ဆိုပါတယ္။ အသံကိုခြဲျခမ္းစိတ္ျဖာရန္ အမွန္တကယ္တြင္ အသံပိုင္းဆိုင္ရာ ယႏၲရားမ်ားႏွင့္ ဇီဝကမၼဆိုင္ရာ ရႈေထာင့္မ်ားအေၾကာင္း ဗဟုသုတမ်ားစြာ လိုအပ္ပါသည္။
Wolfgang von Kempelen မွ 1800 ခုႏွစ္ဝန္းက်င္က တီထြင္ခဲ့ေသာ ပထမဆုံး စကားေျပာစက္မွ ေပါင္းစပ္အသံမ်ား ရရွိရန္ ႏွစ္ေပါင္း 200 ေက်ာ္ၾကာခဲ့ျခင္းမွာ အံ့ၾသစရာမဟုတ္ပါ။ ထို႔ေၾကာင့္ ၎သည္ အျပန္အလွန္ ထိန္းခ်ဳပ္ရန္ လိုအပ္ၿပီး အက်ိဳးဆက္တစ္ခုခုကို လုပ္ေဆာင္ရန္အတြက္ ကြၽမ္းက်င္မႈအေတာ္ေလးလိုအပ္ပါသည္။
Siri၊ Google Assistant ႏွင့္ Alexa ကဲ့သို႔ေသာ စကားေျပာစက္မ်ား သို႔မဟုတ္ ဘဏ္၏ အလိုအေလ်ာက္ ေဖာက္သည္ဝန္ေဆာင္မႈလိုင္းမ်ားအေၾကာင္းကို ယခုအခါ အေတာ္ေလးလူေျပာမ်ားေနပါသည္။ Artificial Intelligence သို႔မဟုတ္ AI ဆိုင္ရာ တိုးတက္မႈမ်ားေၾကာင့္ ကြၽႏ္ုပ္တို႔သည္ တစ္ခါတစ္ရံတြင္ ေပါင္းစပ္အသံမ်ားကို အစစ္အမွန္မ်ားႏွင့္ ခြဲျခားရခက္သည့္အေျခအေနသို႔ ေရာက္ရွိခဲ့ပါသည္။