အမျိုးသမီးအတွင်းခံကို နှာခေါင်းစည်းလုပ်ပြီးတပ်ထားလို့ လေယာဉ်ပေါ်ကနှင်ချခံလိုက်ရတဲ့ အမျိုးသား
Adam Jenne သည် လေယာဉ်ပေါ်တွင် ကြံကြံဖန်ဖန် ရယ်စရာကောင်းသည့် နှာခေါင်းစည်းတပ်ထားသဖြင့် United Airlines လေယာဉ်ပေါ်မှဆင်းရန် အမိန့်ထုတ်ခံခဲ့ရသည်။ အမျိုးသမီးအတွင်းခံကို နှာခေါင်းစည်းအဖြစ် ဝတ်ဆင်ထားသည့် ထိုအမျိုးသားဟာ အမေရိကန်ပြည်ထောင်စုမှာ လေယာဉ်ပေါ်ကနေ နှင်ချခံခဲ့ရတာပါ။

အခြားခရီးသည်တစ်ဦးမှ ရိုက်ကူးပြီး အွန်လိုင်းတွင်မျှဝေခဲ့သည့် ဗီဒီယိုဖိုင်တွင် Fort Lauderdale မှ Washington သို့ ပျံသန်းမည့် လေယာဉ် မထွက်ခွာမီ၌ အသက် ၃၈ နှစ်အရွယ် Adam Jenne က ၎င်း၏ထိုင်ခုံတွင် ပန်းရောင်အတွင်းခံတပ်ကာ ထိုင်နေသည်ကို မြင်တွေ့ရသည်။

လေယာဉ်မယ်က “ရှင် လေယာဉ်ပေါ်က ဆင်းရမယ်။ ကျွန်မတို့ ရှင့်ကို ခရီးထွက်ခွင့် မပေးနိုင်ဘူး” လို့ ပြောတာကို ကြားရတယ်။ ဖလော်ရီဒါပြည်နယ်မှ Mr Jenne သည် ဝန်ထမ်းများမှ “ခင်ဗျားက နှာခေါင်းစည်းကို မှန်ကန်အောင်မတပ်ဘူး” ဟု ပြောရာတွင် “ဘာကြောင့်လဲ” ဟု ပြန်မေးသည်။

အဆိုပါအမျိုးသားအား လေယာဉ်မှ ဖယ်ရှားလိုက်ခြင်းကို အခြားခရီးသည်များက ထောက်ခံကြသည်။ Mr Jenne က လေယာဉ်စီးရာတွင် နှာခေါင်းစည်းဝတ်ရမယ်ဆိုတဲ့ စည်းမျဉ်းထုတ်တာဟာ ရယ်စရာဖြစ်ကြောင်းကို မီးမောင်းထိုးပြရန် ကြံကြံဖန်ဖန်လုပ်ခဲ့တာဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
Translate by Anne
Zawgyi Version
အမ်ိဳးသမီးအတြင္းခံကို ႏွာေခါင္းစည္းလုပ္ၿပီးတပ္ထားလို႔ ေလယာဥ္ေပၚကႏွင္ခ်ခံလိုက္ရတဲ့ အမ်ိဳးသား
Adam Jenne သည္ ေလယာဥ္ေပၚတြင္ ႀကံႀကံဖန္ဖန္ ရယ္စရာေကာင္းသည့္ ႏွာေခါင္းစည္းတပ္ထားသျဖင့္ United Airlines ေလယာဥ္ေပၚမွဆင္းရန္ အမိန႔္ထုတ္ခံခဲ့ရသည္။ အမ်ိဳးသမီးအတြင္းခံကို ႏွာေခါင္းစည္းအျဖစ္ ဝတ္ဆင္ထားသည့္ ထိုအမ်ိဳးသားဟာ အေမရိကန္ျပည္ေထာင္စုမွာ ေလယာဥ္ေပၚကေန ႏွင္ခ်ခံခဲ့ရတာပါ။
အျခားခရီးသည္တစ္ဦးမွ ႐ိုက္ကူးၿပီး အြန္လိုင္းတြင္မွ်ေဝခဲ့သည့္ ဗီဒီယိုဖိုင္တြင္ Fort Lauderdale မွ Washington သို႔ ပ်ံသန္းမည့္ ေလယာဥ္ မထြက္ခြာမီ၌ အသက္ ၃၈ ႏွစ္အ႐ြယ္ Adam Jenne က ၎၏ထိုင္ခုံတြင္ ပန္းေရာင္အတြင္းခံတပ္ကာ ထိုင္ေနသည္ကို ျမင္ေတြ႕ရသည္။
ေလယာဥ္မယ္က “ရွင္ ေလယာဥ္ေပၚက ဆင္းရမယ္။ ကြၽန္မတို႔ ရွင့္ကို ခရီးထြက္ခြင့္ မေပးႏိုင္ဘူး” လို႔ ေျပာတာကို ၾကားရတယ္။ ဖေလာ္ရီဒါျပည္နယ္မွ Mr Jenne သည္ ဝန္ထမ္းမ်ားမွ “ခင္ဗ်ားက ႏွာေခါင္းစည္းကို မွန္ကန္ေအာင္မတပ္ဘူး” ဟု ေျပာရာတြင္ “ဘာေၾကာင့္လဲ” ဟု ျပန္ေမးသည္။
အဆိုပါအမ်ိဳးသားအား ေလယာဥ္မွ ဖယ္ရွားလိုက္ျခင္းကို အျခားခရီးသည္မ်ားက ေထာက္ခံၾကသည္။ Mr Jenne က ေလယာဥ္စီးရာတြင္ ႏွာေခါင္းစည္းဝတ္ရမယ္ဆိုတဲ့ စည္းမ်ဥ္းထုတ္တာဟာ ရယ္စရာျဖစ္ေၾကာင္းကို မီးေမာင္းထိုးျပရန္ ႀကံႀကံဖန္ဖန္လုပ္ခဲ့တာဟု ေနာက္ပိုင္းတြင္ ေျပာၾကားခဲ့သည္။