Shwe Pann Thee Global News သားသမီးတွေကို ကြေး(ဂျီး)မများစေဘဲ အသီးအရွက်စားအောင် ပညာသားပါတဲ့ လှည့်ကွက်တွေမျှဝေလိုက်တဲ့ မိခင်တစ်ဦး

သားသမီးတွေကို ကြေး(ဂျီး)မများစေဘဲ အသီးအရွက်စားအောင် ပညာသားပါတဲ့ လှည့်ကွက်တွေမျှဝေလိုက်တဲ့ မိခင်တစ်ဦး



သားသမီးတွေကို ကြေး(ဂျီး)မများစေဘဲ အသီးအရွက်စားအောင် ပညာသားပါတဲ့ လှည့်ကွက်တွေမျှဝေလိုက်တဲ့ မိခင်တစ်ဦး

ကလေးများသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားရမည်ဆိုလျှင် သဘောမတွေ့ကြပေ။ အထူးသဖြင့် ဟင်းသီးဟင်းရွက်များကို အရွယ်ရောက်ပြီးသူအများစုကပင် မစားချင်ကြပါ။ သို့သော် မိခင်တစ်ဦးသည် သူ့ကလေးများကို ဟင်းသီးဟင်းရွက်စားစေရန် ပြီးပြည့်စုံသော နည်းပရိယာယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ကလေးတွေကို အသီးအရွက်တွေစားစေဖို့ လျှို့ဝှက်ချက်က သူတို့ရှေ့မှာစားပြပြီး သူတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ဝေငှဖို့ပါပဲ လို့ မိခင်အေမီက ပြောပါတယ်။ မိခင်သည် ရိုးရှင်းသော လှည့်ကွက်ကို သရုပ်ပြခဲ့သည်။ မိခင်အေမီက လက်တစ်ဖက်ထဲမှာ ငရုတ်ပွတစ်လုံးကိုင်ကာ သားဖြစ်သူဆီ လမ်းလျှောက်သွားပြီး ဆိုဖာပေါ်မှာထိုင်လိုက်တယ်။ သူက ကလေး ကစားနေတဲ့ဂိမ်းအကြောင်း ပေါ့ပေါ့ပါးပါး မေးပြီး ငရုတ်ပွ တစ်ကိုက်စားတယ်။ ငရုတ်ပွကို လာကိုင်တဲ့သားအား ကြေးမများစေဘဲ စားခိုင်းလိုက်တယ်။

ထိုလုပ်ငန်းစဉ်ကို သမီးနှစ်ယောက်နဲ့ အတူတူလုပ်ပြန်တယ်။ ဟင်းသီးဟင်းရွက် စားရင်းနဲ့ သူတို့အခန်းထဲကို စကားပြောဖို့ ပေါ့ပေါ့ပါးပါးဝင်သွားလိုက်တယ်။ သူတို့နှစ်ယောက်လုံးက ချက်ချင်းပဲ အမေ့လက်ထဲက အရွက်တစ်ရွက်ကို လှမ်းယူစားတယ်။ မေမေတို့အားလုံးဟာ မိမိကလေးကျန်းမာနေစေဖို့ အကြံပြုချက်တွေနဲ့ လှည့်ကွက်အားလုံးကို သိကြပါတယ်။

အင်တာနက်သုံးစွဲသူတစ်ဦးက “မင်းအမေလက်ထဲက ဒါမှမဟုတ် ပန်းကန်ပြားပေါ်က အစားအစာတွေက ပိုအရသာရှိတယ်ဆိုတာ သိပ္ပံနည်းကျအချက်တစ်ခုပါပဲ” အခြားတစ်ယောက်က “အစားအသောက် ပညာရှင်တစ်ယောက်အနေနဲ့ ဒါကို သဘောကျတယ်။ အပြုသဘောဆောင်တဲ့ အစားအသောက်ပုံစံကို သဘောကျတယ်” လို့ဆိုထားပါတယ်။

Translate by Anne

Zawgyi Version

သားသမီးေတြကို ေၾကး(ဂ်ီး)မမ်ားေစဘဲ အသီးအ႐ြက္စားေအာင္ ပညာသားပါတဲ့ လွည့္ကြက္ေတြမွ်ေဝလိုက္တဲ့ မိခင္တစ္ဦး

ကေလးမ်ားသည္ က်န္းမာေရးႏွင့္ညီၫြတ္ေသာ အစားအစာမ်ားကို စားရမည္ဆိုလွ်င္ သေဘာမေတြ႕ၾကေပ။ အထူးသျဖင့္ ဟင္းသီးဟင္း႐ြက္မ်ားကို အ႐ြယ္ေရာက္ၿပီးသူအမ်ားစုကပင္ မစားခ်င္ၾကပါ။ သို႔ေသာ္ မိခင္တစ္ဦးသည္ သူ႔ကေလးမ်ားကို ဟင္းသီးဟင္း႐ြက္စားေစရန္ ၿပီးျပည့္စုံေသာ နည္းပရိယာယ္ကို ရွာေဖြေတြ႕ရွိခဲ့သည္။

ကေလးေတြကို အသီးအ႐ြက္ေတြစားေစဖို႔ လွ်ိဳ႕ဝွက္ခ်က္က သူတို႔ေရွ႕မွာစားျပၿပီး သူတို႔အတြက္ ေပါ့ေပါ့ပါးပါးနဲ႔ေဝငွဖို႔ပါပဲ လို႔ မိခင္ေအမီက ေျပာပါတယ္။ မိခင္သည္ ႐ိုးရွင္းေသာ လွည့္ကြက္ကို သ႐ုပ္ျပခဲ့သည္။ မိခင္ေအမီက လက္တစ္ဖက္ထဲမွာ င႐ုတ္ပြတစ္လုံးကိုင္ကာ သားျဖစ္သူဆီ လမ္းေလွ်ာက္သြားၿပီး ဆိုဖာေပၚမွာထိုင္လိုက္တယ္။ သူက ကေလး ကစားေနတဲ့ဂိမ္းအေၾကာင္း ေပါ့ေပါ့ပါးပါး ေမးၿပီး င႐ုတ္ပြ တစ္ကိုက္စားတယ္။ င႐ုတ္ပြကို လာကိုင္တဲ့သားအား ေၾကးမမ်ားေစဘဲ စားခိုင္းလိုက္တယ္။

ထိုလုပ္ငန္းစဥ္ကို သမီးႏွစ္ေယာက္နဲ႔ အတူတူလုပ္ျပန္တယ္။ ဟင္းသီးဟင္း႐ြက္ စားရင္းနဲ႔ သူတို႔အခန္းထဲကို စကားေျပာဖို႔ ေပါ့ေပါ့ပါးပါးဝင္သြားလိုက္တယ္။ သူတို႔ႏွစ္ေယာက္လုံးက ခ်က္ခ်င္းပဲ အေမ့လက္ထဲက အ႐ြက္တစ္႐ြက္ကို လွမ္းယူစားတယ္။ ေမေမတို႔အားလုံးဟာ မိမိကေလးက်န္းမာေနေစဖို႔ အႀကံျပဳခ်က္ေတြနဲ႔ လွည့္ကြက္အားလုံးကို သိၾကပါတယ္။

အင္တာနက္သုံးစြဲသူတစ္ဦးက “မင္းအေမလက္ထဲက ဒါမွမဟုတ္ ပန္းကန္ျပားေပၚက အစားအစာေတြက ပိုအရသာရွိတယ္ဆိုတာ သိပၸံနည္းက်အခ်က္တစ္ခုပါပဲ” အျခားတစ္ေယာက္က “အစားအေသာက္ ပညာရွင္တစ္ေယာက္အေနနဲ႔ ဒါကို သေဘာက်တယ္။ အျပဳသေဘာေဆာင္တဲ့ အစားအေသာက္ပုံစံကို သေဘာက်တယ္” လို႔ဆိုထားပါတယ္။

 

 

Leave a Reply

Your email address will not be published.