Google Street View တွင် အမျိုးသားတစ်ဦး၏ ဝါးတားတားကိုယ်လုံးတီးဓာတ်ပုံကြောင့် သုံးစွဲသူများထိတ်လန့်သွားရ
လူများသည် Google Maps တွင် ပုံမှန်မဟုတ်သော အရာများကို ရှာဖွေတွေ့ရှိတတ်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါ။ သို့သော်လည်း ဝါးထားသောရုပ်ပုံတစ်ခုတွင် အမျိုးသားတစ်ဦးကို ကိုယ်လုံးတီးအဝတ်ဗလာဖြင့် မြင်တွေ့ခဲ့ရပြီးနောက် Google Maps အသုံးပြုသူများ တုန်လှုပ်ချောက်ချားသွားခဲ့သည်။

အဆိုပါပုံကို Reddit စာမျက်နှာ r/GoogleMaps တွင် အင်္ဂါနေ့က မျှဝေခဲ့ပြီး အိပ်ခန်းထဲ၌ လက်တစ်ဖက်တွင် ခွက်တစ်လုံးကိုင်ဆောင်ကာ အခြားလက်တစ်ဖက်မှ ကင်မရာကို ဝှေ့ယမ်းပြနေသည့် အမျိုးသားကို မြင်တွေ့ခဲ့ရသည်။ ဒါကြောင့် အမျိုးသားဟာ သူ့ကိုယ်ရေးကိုယ်တာ အစိတ်အပိုင်းတွေကို မဖုံးထားသည့်အပြင် လှစ်ပြဖို့တောင် ကြိုးစားနေခဲ့တာ ထင်ရှားပါတယ်။

အဆိုပါဓာတ်ပုံအား တရုတ်နိုင်ငံ၊ ပေကျင်းမြောက်ပိုင်း၌ ကမ္ဘာတစ်ဝှမ်းရှိ ရှုခင်းများကို ရင်သပ်ရှုမောဖွယ် မြင်ကွင်းကျယ်ဓာတ်ပုံများ ပြသရန်အတွက် အသုံးပြုလေ့ရှိသည့် Google Maps ၏ Street View အင်္ဂါရပ်တွင် တွေ့မြင်နိုင်ပါသည်။

Street View ပုံအများစုကို Google ကိုယ်တိုင်က ပံ့ပိုးပေးပါသည်။ အသုံးပြုသူများသည် ပုံမတင်မီတွင် ၎င်းတို့၏ ကိုယ်ပိုင်ဓာတ်ပုံများကို စစ်ကြည့်နိုင်သည်။ သို့သော်လည်း ဤလူသည် Google Maps တွင် အဖော်အချွတ်များကို ခွင့်မပြုသော filtration system ကိုကျော်ပြီး လှည့်ကွက်တစ်ခုကို ဖန်တီးယူလိုက်ပုံရသည်။
Translate by Anne
Google Street View တြင္ အမ်ိဳးသားတစ္ဦး၏ ဝါးတားတားကိုယ္လုံးတီးဓာတ္ပုံေၾကာင့္ သုံးစြဲသူမ်ားထိတ္လန႔္သြားရ
လူမ်ားသည္ Google Maps တြင္ ပုံမွန္မဟုတ္ေသာ အရာမ်ားကို ရွာေဖြေတြ႕ရွိတတ္ျခင္းသည္ ပထမဆုံးအႀကိမ္မဟုတ္ပါ။ သို႔ေသာ္လည္း ဝါးထားေသာ႐ုပ္ပုံတစ္ခုတြင္ အမ်ိဳးသားတစ္ဦးကို ကိုယ္လုံးတီးအဝတ္ဗလာျဖင့္ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ Google Maps အသုံးျပဳသူမ်ား တုန္လႈပ္ေခ်ာက္ခ်ားသြားခဲ့သည္။
အဆိုပါပုံကို Reddit စာမ်က္ႏွာ r/GoogleMaps တြင္ အဂၤါေန႔က မွ်ေဝခဲ့ၿပီး အိပ္ခန္းထဲ၌ လက္တစ္ဖက္တြင္ ခြက္တစ္လုံးကိုင္ေဆာင္ကာ အျခားလက္တစ္ဖက္မွ ကင္မရာကို ေဝွ႔ယမ္းျပေနသည့္ အမ်ိဳးသားကို ျမင္ေတြ႕ခဲ့ရသည္။ ဒါေၾကာင့္ အမ်ိဳးသားဟာ သူ႔ကိုယ္ေရးကိုယ္တာ အစိတ္အပိုင္းေတြကို မဖုံးထားသည့္အျပင္ လွစ္ျပဖို႔ေတာင္ ႀကိဳးစားေနခဲ့တာ ထင္ရွားပါတယ္။
အဆိုပါဓာတ္ပုံအား တ႐ုတ္ႏိုင္ငံ၊ ေပက်င္းေျမာက္ပိုင္း၌ ကမာၻတစ္ဝွမ္းရွိ ရႈခင္းမ်ားကို ရင္သပ္ရႈေမာဖြယ္ ျမင္ကြင္းက်ယ္ဓာတ္ပုံမ်ား ျပသရန္အတြက္ အသုံးျပဳေလ့ရွိသည့္ Google Maps ၏ Street View အဂၤါရပ္တြင္ ေတြ႕ျမင္ႏိုင္ပါသည္။
Street View ပုံအမ်ားစုကို Google ကိုယ္တိုင္က ပံ့ပိုးေပးပါသည္။ အသုံးျပဳသူမ်ားသည္ ပုံမတင္မီတြင္ ၎တို႔၏ ကိုယ္ပိုင္ဓာတ္ပုံမ်ားကို စစ္ၾကည့္ႏိုင္သည္။ သို႔ေသာ္လည္း ဤလူသည္ Google Maps တြင္ အေဖာ္အခြၽတ္မ်ားကို ခြင့္မျပဳေသာ filtration system ကိုေက်ာ္ၿပီး လွည့္ကြက္တစ္ခုကို ဖန္တီးယူလိုက္ပုံရသည္။