Shwe Pann Thee Global News ကိုဗစ် ၁၉ ကာလအတွင်း YouTube ဗီဒီယိုတွေကိုကြည့်ရှုရင်း လေးယောက်ဆံ့လေယာဉ်ကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မိသားစု
ကိုဗစ် ၁၉ ကာလအတွင်း YouTube ဗီဒီယိုတွေကိုကြည့်ရှုရင်း လေးယောက်ဆံ့လေယာဉ်ကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မိသားစု
ကိုဗစ် ၁၉ ကာလအတွင်း YouTube ဗီဒီယိုတွေကိုကြည့်ရှုရင်း လေးယောက်ဆံ့လေယာဉ်ကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မိသားစု
ကိုဗစ် ၁၉ ကပ်ရောဂါကာလသည် ကျွန်ုပ်တို့၏ဘဝကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲစေခဲ့သည်။ ကျွန်ုပ်တို့သည် ပြီးခဲ့သည့် ၂ နှစ်အတွင်း အိမ်၌ ပေါင်မုန့်ဖုတ်ခြင်း သို့မဟုတ် Netflix ကြည့်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။ ဝါသနာအသစ်တစ်ခုရွေးချယ်သူ သို့မဟုတ် ဘာသာစကားအသစ်တစ်ခုကို သင်ယူကြသူအချို့လည်းရှိသည်။
သို့သော် ဤမိသားစုကတော့ လေးယောက်ဆံ့လေယာဉ်ကို အစမှအဆုံးတည်ဆောက်မည့် စိန်ခေါ်မှုပရောဂျက်ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ Ashok Aliseril 38 နှစ် ၊ သူ့ဇနီး Abhilasha Dubey 35 ၊ Tara 6 နှစ်၊ Diya 3 နှစ် တို့သည် ပျင်းရိငြီးငွေ့ခြင်းများမဖြစ်ရအောင် ပိုမိုအဓိပ္ပါယ်ရှိသော အရာတစ်ခု၌ ၎င်းတို့၏ အချိန်များကို မြှုပ်နှံခဲ့ကြသည်။
အင်္ဂလန်နိုင်ငံ Essex မှ အသက် 38 နှစ်အရွယ် အင်ဂျင်နီယာနှင့် ၎င်း၏ဇနီး Abhilasha တို့သည် ၎င်းတို့နှင့် သမီးငယ်နှစ်ဦးစလုံးကို ထားရှိနိုင်သော လေယာဉ်တစ်စီးကို ဝယ်ယူလိုခဲ့ကြသည်။ သို့သော်လည်း စျေးကွက်တွင် သင့်လျော်သော ရွေးချယ်မှုတစ်ခုကို မရှာဖွေနိုင်ခဲ့ပါ။ .
ထို့ကြောင့် လေ့ကျင့်သင်ကြားထားသော လေယာဉ်မှူးတစ်ဦးဖြစ်သည့် Ashok သည် ၎င်း၏မိသားစု၏အကူအညီဖြင့် လေယာဉ် ကို လမ်းညွှန်ချက်လက်စွဲနှင့် YouTube ဗီဒီယိုများဖြင့်သာ ဆောက်လုပ်ခဲ့ကြောင်း The Telegraph က ဖော်ပြခဲ့သည်။
သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကိရိယာတန်ဆာပလာ လေယာဉ်တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီယာဉ်ကို တောင်အာဖရိကကို စမ်းသပ်ပျံသန်းဖို့ စီစဉ်ကာ သူတို့ရဲ့အနောက်ဘက်ဥယျာဉ်ကို ပို့ဆောင်ခဲ့ပါတယ်။ ၎င်းတို့စုံတွဲသည် နွေရာသီအားလပ်ရက်များအတွက် Isle of Wight သို့လည်းကောင်း၊ Ashok သည် ၎င်းအား မန်ချက်စတာယူနိုက်တက်ပွဲများသို့ လေယာဉ်ဖြင့် သွားရောက်နိုင်ရန်လည်းကောင်း မျှော်လင့်ထားသည်။
ငှက်ပျောပေါင်မုန့် သို့မဟုတ် ချဉ်ချဉ်စပ်စပ်အစားအစာများ လုပ်စားမည့်အစား မိသားစုသည် လေယာဉ်တစ်စီးကို ဆောက်လုပ်ခဲ့သည်။ နှစ်နှစ်နီးပါးကြာပြီးနောက် ဇိမ်ခံထိုင်ခုံများနှင့် ခြေချစရာနေရာ များစွာပါရှိသော မယုံနိုင်စရာ ရလဒ်တစ်ခု ဖြစ်လာသည်။ ပရောဂျက်တစ်ခုလုံးသည် ပေါင် ၁၅၅,၀၀၀ (ရူပီး ၁.၅၇ ကုဋေ) ကုန်ကျခဲ့ကြောင်း သတင်းရရှိသည်။
Translate by Anne
Zawgyi Version
Leave a Reply
Your email address will not be published.