Shwe Pann Thee Global News ရည်းစားနဲ့လမ်းခွဲပြီး အသည်းကွဲနေတဲ့ကလေးပေါက်စကို အစာခွံ့ကျွေးရင်း နှစ်သိမ့်နေရတဲ့အဖေ

ရည်းစားနဲ့လမ်းခွဲပြီး အသည်းကွဲနေတဲ့ကလေးပေါက်စကို အစာခွံ့ကျွေးရင်း နှစ်သိမ့်နေရတဲ့အဖေ



ရည်းစားနဲ့လမ်းခွဲပြီး အသည်းကွဲနေတဲ့ကလေးပေါက်စကို အစာခွံ့ကျွေးရင်း နှစ်သိမ့်နေရတဲ့အဖေ

လမ်းခွဲပြီးနောက် အသည်းကွဲခြင်းဝေဒနာကို ကျွန်ုပ်တို့လူတိုင်းနီးပါး တွေ့ကြုံခံစားဖူးကြသည်။ ဆယ်ကျော်သက်အရွယ်တွင် လူအများစုသည် ဤအရာများကို ဖြတ်သန်းကြသည်ဟု ကျွန်ုပ်တို့ထင်မြင်ကြသော်လည်း လမ်းလျှောက်တတ်ခါစကလေးငယ်များသည်လည်း ဤဒဏ်ကို ခံစားရမည်ဆိုတာ တစ်ခါမှမသိခဲ့ပါ။

ဒါကတော့ သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက် သူ့အဖေက oatmeal နဲ့ နှစ်သိမ့်ပေးရတဲ့ အသည်းကွဲကလေးငယ်တစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ ဇန်နဝါရီ 17 ရက် 2022 တွင် Thai TikToker @Topfyy သည် သားဖြစ်သူ အိပ်ရာမဝင်ခင် အစာစားနေသည့် ရယ်မောဖွယ်ဗီဒီယိုကို တင်ခဲ့သည်။ ဗီဒီယိုတွင် အသည်းကွဲပြီး ဆတ်ဆတ်ခါနေသော ကလေးလေးအား သူ့အဖေက နှစ်သိမ့်ပေးပြီး oatmeal ကျွေးသည်ကို တွေ့လိုက်ရသည်။

oatmeal စားနေတဲ့ ကလေးသည် ဝမ်းနည်းနေဆဲဖြစ်ပြီး သူ့ကောင်မလေးကို မည်မျှလွမ်းကြောင်းပြသသည်။ ဒီကောင်လေးရဲ့အဖေက သူ့ကို oatmeal ဘယ်လိုဆက်ကျွေးနေလဲ ကြည့်ကြည့်လိုက်ပါ။ ကြိုးစားမှုအတွက် ကလေးအဖေကို ကျွန်ုပ်တို့ တကယ်ချီးကျူးမိသော်လည်း အရုပ်တစ်ခုပေးခြင်းဖြင့် ကောင်လေးရဲ့နှလုံးသားဒဏ်ရာကို မြန်မြန်ကုစားနိုင်မည်ဟု ကျွန်ုပ်တို့ ထင်မြင်မိပါသည်။

အဆိုပါ ဗီဒီယိုသည် TikTok တွင် ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမှု တစ်သန်းကျော်ရှိခဲ့သည်။

ဗီဒီယိုဖိုင်တွင် အင်တာနက်အသုံးပြုသူ အများအပြားက ၎င်းတို့၏မှတ်ချက်များကို မျှဝေခဲ့ကြသည်။ ဒီဗီဒီယိုဖိုင်ကို အရွယ်ရောက်စကလေးငယ်သာ မြင်လိုက်ရရင် ကျယ်လောင်စွာ ရယ်မောလိမ့်မယ်လို့ အင်တာနက်အသုံးပြုသူတစ်ဦးကဆိုပြီး အခြား အင်တာနက်သုံးစွဲသူတစ်ဦးက အဆိုပါ ဗီဒီယိုကို ရယ်မောကာ ကလေးငယ်ကို စာနာကြောင်း ပြသခဲ့သည်။

Translate by Anne

Zawgyi Version

ရည္းစားနဲ႔လမ္းခြဲၿပီး အသည္းကြဲေနတဲ့ကေလးေပါက္စကို အစာခြံ႕ေကြၽးရင္း ႏွစ္သိမ့္ေနရတဲ့အေဖ

လမ္းခြဲၿပီးေနာက္ အသည္းကြဲျခင္းေဝဒနာကို ကြၽႏ္ုပ္တို႔လူတိုင္းနီးပါး ေတြ႕ႀကဳံခံစားဖူးၾကသည္။ ဆယ္ေက်ာ္သက္အ႐ြယ္တြင္ လူအမ်ားစုသည္ ဤအရာမ်ားကို ျဖတ္သန္းၾကသည္ဟု ကြၽႏ္ုပ္တို႔ထင္ျမင္ၾကေသာ္လည္း လမ္းေလွ်ာက္တတ္ခါစကေလးငယ္မ်ားသည္လည္း ဤဒဏ္ကို ခံစားရမည္ဆိုတာ တစ္ခါမွမသိခဲ့ပါ။

ဒါကေတာ့ သူ႔ေကာင္မေလးနဲ႔ လမ္းခြဲၿပီးေနာက္ သူ႔အေဖက oatmeal နဲ႔ ႏွစ္သိမ့္ေပးရတဲ့ အသည္းကြဲကေလးငယ္တစ္ေယာက္ရဲ႕ ဇာတ္လမ္းပါ။ ဇန္နဝါရီ 17 ရက္ 2022 တြင္ Thai TikToker @Topfyy သည္ သားျဖစ္သူ အိပ္ရာမဝင္ခင္ အစာစားေနသည့္ ရယ္ေမာဖြယ္ဗီဒီယိုကို တင္ခဲ့သည္။ ဗီဒီယိုတြင္ အသည္းကြဲၿပီး ဆတ္ဆတ္ခါေနေသာ ကေလးေလးအား သူ႔အေဖက ႏွစ္သိမ့္ေပးၿပီး oatmeal ေကြၽးသည္ကို ေတြ႕လိုက္ရသည္။

oatmeal စားေနတဲ့ ကေလးသည္ ဝမ္းနည္းေနဆဲျဖစ္ၿပီး သူ႔ေကာင္မေလးကို မည္မွ်လြမ္းေၾကာင္းျပသသည္။ ဒီေကာင္ေလးရဲ႕အေဖက သူ႔ကို oatmeal ဘယ္လိုဆက္ေကြၽးေနလဲ ၾကည့္ၾကည့္လိုက္ပါ။ ႀကိဳးစားမႈအတြက္ ကေလးအေဖကို ကြၽႏ္ုပ္တို႔ တကယ္ခ်ီးက်ဴးမိေသာ္လည္း အ႐ုပ္တစ္ခုေပးျခင္းျဖင့္ ေကာင္ေလးရဲ႕ႏွလုံးသားဒဏ္ရာကို ျမန္ျမန္ကုစားႏိုင္မည္ဟု ကြၽႏ္ုပ္တို႔ ထင္ျမင္မိပါသည္။

အဆိုပါ ဗီဒီယိုသည္ TikTok တြင္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ၾကည့္ရႈမႈ တစ္သန္းေက်ာ္ရွိခဲ့သည္။ ဗီဒီယိုဖိုင္တြင္ အင္တာနက္အသုံးျပဳသူ အမ်ားအျပားက ၎တို႔၏မွတ္ခ်က္မ်ားကို မွ်ေဝခဲ့ၾကသည္။ ဒီဗီဒီယိုဖိုင္ကို အ႐ြယ္ေရာက္စကေလးငယ္သာ ျမင္လိုက္ရရင္ က်ယ္ေလာင္စြာ ရယ္ေမာလိမ့္မယ္လို႔ အင္တာနက္အသုံးျပဳသူတစ္ဦးကဆိုၿပီး အျခား အင္တာနက္သုံးစြဲသူတစ္ဦးက အဆိုပါ ဗီဒီယိုကို ရယ္ေမာကာ ကေလးငယ္ကို စာနာေၾကာင္း ျပသခဲ့သည္။

Leave a Reply

Your email address will not be published.