Shwe Pann Thee Global News ထိတ်လန့်စရာ မတော်တဆမှုဖြစ်ပြီးနောက် ခင်ပွန်းနှင့်အတူဖြတ်သန်းခဲ့သည့် ၁၅ နှစ်တာကာလကို မေ့သွားရှာသူအမျိုးသမီး

ထိတ်လန့်စရာ မတော်တဆမှုဖြစ်ပြီးနောက် ခင်ပွန်းနှင့်အတူဖြတ်သန်းခဲ့သည့် ၁၅ နှစ်တာကာလကို မေ့သွားရှာသူအမျိုးသမီး



ထိတ်လန့်စရာ မတော်တဆမှုဖြစ်ပြီးနောက် ခင်ပွန်းနှင့်အတူဖြတ်သန်းခဲ့သည့် ၁၅ နှစ်တာကာလကို မေ့သွားရှာသူအမျိုးသမီး

Angela Sartin-Hartung သည် 2013 ခုနှစ်တွင် ပြင်းထန်သောမတော်တဆမှုတစ်ခုဖြစ်ပြီးနောက် မေ့မြောသွားခဲ့သည်။ သူမ၏ခင်ပွန်းဖြစ်သူ Jeff သည်သူမ နိုးမလာတော့မည်ကို ကြောက်ရွံ့ခဲ့သည်။ ဒါပေမယ့် သူမနိုးလာတဲ့အခါမှာတော့ အရာအားလုံး အစကပြန်စရမယ်ဆိုတာ သူသဘောပေါက်သွားသည်။

အသက် ၅၅ နှစ်ရှိနေပြီဖြစ်သော Angela Sartin-Hartung သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် Oklahoma တွင် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရခြင်းဖြစ်သည်။ ကြောက်မက်ဖွယ်ရာ မတော်တဆမှုတစ်ခုအပြီး သတိမေ့မြောသွားသော ထိုအမျိုးသမီးသည် သူမ၏ မှတ်ဉာဏ်များပျက်ပြားကာ နိုးလာသောအခါ ခင်ပွန်းဖြစ်သူကို မေ့သွားခဲ့သည်။

ကြေကွဲဖွယ်မတော်တဆမှုတွင် သူမ၏အသက်အတွက် တိုက်ပွဲဝင်ခဲ့ရပြီး ကိုမာဝင်သွားသဖြင့် တစ်လအကြာ၌ နိုးလာသော်လည်း သူမ၏ လွန်ခဲ့သည့် 15 နှစ်တာကာလကို အမှတ်မရပေ။ ခင်ပွန်းဖြစ်သူ Jeff Hartung က သူမအနားမှာ ရှိနေပေမဲ့ Angela ဟာ ဦးနှောက်ဒဏ်ရာကြောင့် အတူဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကို မမှတ်မိနိုင်တော့ပါဘူး။

တကယ်တော့ သူမဟာ ဆရာဝန်တစ်ယောက်လို့ ထင်နေတာလို့ The Sun က ဖော်ပြခဲ့ပါတယ်။ Angela ဟာ အသက် 36 နှစ်အရွယ် ရှစ်နှစ်သားကလေး၏ မိခင်တစ်ဦးဟု ထင်မှတ်နေပေမဲ့ လက်တွေ့မှာတော့ အသက် 51 နှစ်ရှိပြီဖြစ်ပြီး သူမ၏ကလေးများသည် အသက် 17 နှင့် 23 နှစ်ရှိပြီဖြစ်သည်။

1998 တွင်သေဆုံးသွားသော သူမ၏ပထမဆုံးခင်ပွန်းဖြစ်သူ John နှင့်လက်ထပ်သေးသည်ဟုလည်း သူမကထင်ခဲ့သည်။ ထိုအချိန်တွင် Jeff သည် ကမောက်ကမ ဖြစ်နေသည်။ ဇနီးသည် နိုးထလာလို့ စိတ်သက်သာရာရနေချိန်မှာ သူနဲ့အတူနေခဲ့တဲ့အချိန်တွေကို မမှတ်မိတော့တဲ့အတွက် အသည်းကွဲနေရရှာပါတယ်။ သူမဟာ ဖြစ်ပျက်ခဲ့တာတွေကြောင့် စိတ်ရှုပ်နေပေမယ့် Jeff ကိုတော့ ယုံကြည်လို့ရတယ်လို့ သူမရဲ့ နှလုံးသားက သူမအားပြောနေခဲ့ပါတယ်။

Translate by Anne

Zawgyi Version







Leave a Reply

Your email address will not be published.