Shwe Pann Thee Knowledge သားသတ်သူနဲ့စားတဲ့သူ အကုသိုလ်အတူတူဖြစ်သလား(အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

သားသတ်သူနဲ့စားတဲ့သူ အကုသိုလ်အတူတူဖြစ်သလား(အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)



သားသတ်သူနဲ့စားတဲ့သူ အကုသိုလ်အတူတူဖြစ်သလားနိဂဏ္ဌဆိုတဲ့ဘာသာတစ်ခုကိုတည်ထောင်တဲ့ နာဋပုတ္တတို့ကသူတို့ဘယ်လို အယူအဆရှိတုန်းဆိုရင် စားတဲ့လူနဲ့သတ်တဲ့လူ ဒီနှစ်ဦးဆိုပါစို့။

သားကောင်းတွေကို သတ်တဲ့ပုဂ္ဂိုလ်ကတစ်ဦး၊ အသားစားတဲ့ပုဂ္ဂိုလ်ကတစ်ဦး နှစ်ဦးရှိတယ်ဆိုပါတော့။အခုကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်စဉ်းစားကြည့်။ သတ်တဲ့သူကတစ်ယောက်၊ စားတဲ့သူကတစ်ယောက်

ဈေးကနေဝယ်စားကြတယ်လေ။ ဒါပေမဲ့ကိုယ်သတ်တာမဟုတ်ဘူး၊ အဲဒီတော့နိဂဏ္ဌတွေရဲ့ အယူအဆအရေတာ့ သူကသတ်တဲ့လူကတစ်ဝက်၊ စားတဲ့လူကတစ်ဝက်တဲ့။၅၀၊၅၀စီတာဝန်ရှိတယ်လို့ ဒီလိုဆိုတယ်။

သူတို့အယူအဆကနော် အဲဒီလိုလည်းဟောပြောတယ်။ မြတ်စွာဘုရားကို သီဟစစ်သူကြီးက အသားဟင်းနဲ့ဆွမ်းကပ်တဲ့အခါမှာ နိဂဏ္ဌတွေမြို့ထဲလှည့်လည်ပြီးရှုပ်ချတယ်။ဒီသားကောင်တွေသေရတာဟာ

ရဟန်းဂေါတမကို အကြောင်းပြုသေတာ၊ အဲဒီတော့ ရဟန်းဂေါတမဟာ သားကောင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီး ဒီအကုသိုလ်တစ်ဝက် တာဝန်ရှိတယ်ပေါ့၊ ဒီလိုဆိုတာနော်။ဒါကြောင့်မို့ ကနေ့ခေတ်မှာ

လည်းပြောတယ်လေ၊ ကနေ့ခေတ်မှာလည်းပြောကြတယ်။ အသားစားတဲ့ပုဂ္ဂိုလ်ဟာ သတ်တဲ့သူရဲ့တစ်ဝက်အကုသိုလ်နဲ့ ပတ်သက်တယ်လို့ဒီလိုဆိုတယ်။ မြတ်စွာဘုရားကျတော့ အဲဒီလိုမဆိုဘူး။ မြတ်စွာဘုရား

က ကိုယ့်လက်မှာအနာမရှိဘူးဆိုရင် အဆိပ်ကိုင်ပေမဲ့ အဲဒီအဆိပ်ဟာ အနာမရွိတဲ့လက္ကို ဒုက္ခမပေးဘူး၊ ဒါဥပမာအနေနဲ့ပြောတာ။ကြည့်ကိုယ့်မှာသန့်ပြန့်တဲ့စိတ်ဓာတ်ရှိတယ်၊ ဘယ်သူ့အပေါ်မှာမှ သေစေလိုတဲ့

စိတ်မရှိဘူးဆိုတဲ့အနေမှာ ကိုယ်နဲ့ပတ်သက်နေသော်လည်း ကိုယ့်မှာဘာအကုသိုလ်မှမဖြစ်ဘူးတဲ့။ဒါကြောင့်မို့လို့ ဗုဒ္ဓရဲ့တရားတော်က Intentional Killing ကိုဆိုလိုတယ်။ Intentional Killing ဆိုတာတမင်

သက္သက္သတ္လိုတဲ့ စိတ်စေတနာနဲ့သတ်မှ သူကပါဏာတိပါတဆိုတာဖြစ်တာ။သတ်လိုတဲ့စိတ်လုံးဝမရှိဘူး၊ ရည်ရွယ်ချက်ရှိရှိနဲ့သတ်မှ၊ ဒါကလောကဥပဒေမှာလည်း အတူတူပဲလေ။ လူတစ်ဦးနဲ့တစ်ဦးရန်ဖြစ်ကြ

တယ်။ ရန်ဖြစ်ရာက သူ့ကိုသတ်တယ်လို့၊ သတ်ဖို့လုပ်တာမဟုတ်ဘူး။မတော်တဆကာကွယ်လိုက်တာနဲ့ ဟိုတစ်ဖက်သားသေသွားလို့ရှိရင် လူသေမှုသာဖြစ်တာ၊ လူသတ်မှုမဖြစ်ဘူး။ တမင်သက်သက်သတ်တယ်

ဆိုလို့ရှိရင် ပုဒ်မမတူဘူးပေါ့၊ လောကဥပဒေတောင်မှပဲ အဲဒီလိုရှိတယ်။အဲဒီတော့ဒါကတော့ ကိုယ့်ကိုယ်ကိုယ်အသိဆုံးပဲ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က စိတ်ကိုဗဟိုပြုပြီးတော့ ဆုံးမတာဖြစ်သောကြောင့်

စိတ်သန့်ရှင်းနေသမျှ အကုသိုလ်ဖြစ်တာမဟုတ်ဘူးတဲ့။အကုသိုလ်ပဲဖြစ်ဖြစ်၊ ကုသိုလ်ပဲဖြစ်ဖြစ် စိတ်နဲ့ပတ်သက်တာတွေချည်းပဲ။ အကုန်လုံးစိတ်ထဲကပါမှ အကုသိုလ်ဖြစ်တယ်လို့ ဒီလိုရှင်းတာနော်၊ ဒီလိုဆိုတာ။

ဒီတော့မြတ်စွာဘုရားရဲ့ ရှင်းလင်းချက်ကတော့ အင်မတန်မှထင်ရှားပါတယ်။လက်ဖဝါးမှာအနာမရှိဘူးဆိုရင် အဲဒီလက်နဲ့အဆိပ်ကိုင်လို့ရတယ်၊ ကိုင်တဲ့လက်ကို အဆိပ်ဟာမသင့်နိုင်ဘူး၊ အဆိပ်မသင့်ဘူးတဲ့။

ဒါကြောင့်မို့လို့ ရည်ရွယ်ချက်နဲ့အကုသိုလ်မလုပ်လို့ စိတ်ထဲကအကုသိုလ်စိတ်မပါဘူးဆိုလို့ရှိရင် ဒီအပြစ်မရှိဘူးလို့ မြတ်စွာဘုရားကဒီလိုဟောတာ။အပြစ်မရှိဘူးဆိုတာ လုပ်ခိုင်းတာပြောတာမဟုတ်ဘူးနော်။

ပါမောက္ခချုပ်ဆရာတော်ကြီး။ လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်မှ။မူရင်းရေးသားသူအား လေးစားလျှက်ပြန်လည်မျှဝေပူဇော်ပါသည်။

crd

Zawgyi Version

သားသတ္သူနဲ႔စားတဲ့သူ အကုသိုလ္အတူတူျဖစ္သလားနိဂဏၭဆိုတဲ့ဘာသာတစ္ခုကိုတည္ေထာင္တဲ့ နာဋပုတၱတို႔ကသူတို႔ဘယ္လို အယူအဆရွိတုန္းဆိုရင္ စားတဲ့လူနဲ႔သတ္တဲ့လူ ဒီႏွစ္ဦးဆိုပါစို႔။

သားေကာင္းေတြကို သတ္တဲ့ပုဂၢိဳလ္ကတစ္ဦး၊ အသားစားတဲ့ပုဂၢိဳလ္ကတစ္ဦး ႏွစ္ဦးရွိတယ္ဆိုပါေတာ့။အခုကိုယ့္ကိုယ္ကိုယ္လည္း ဆင္ျခင္စဥ္းစားၾကည့္။ သတ္တဲ့သူကတစ္ေယာက္၊ စားတဲ့သူကတစ္ေယာက္

ေဈးကေနဝယ္စားၾကတယ္ေလ။ ဒါေပမဲ့ကိုယ္သတ္တာမဟုတ္ဘူး၊ အဲဒီေတာ့နိဂဏၭေတြရဲ႕ အယူအဆအေရတာ့ သူကသတ္တဲ့လူကတစ္ဝက္၊ စားတဲ့လူကတစ္ဝက္တဲ့။၅၀၊၅၀စီတာဝန္ရွိတယ္လို႔ ဒီလိုဆိုတယ္။

သူတို႔အယူအဆကေနာ္ အဲဒီလိုလည္းေဟာေျပာတယ္။ ျမတ္စြာဘုရားကို သီဟစစ္သူႀကီးက အသားဟင္းနဲ႔ဆြမ္းကပ္တဲ့အခါမွာ နိဂဏၭေတြၿမိဳ႕ထဲလွည့္လည္ၿပီးရႈပ္ခ်တယ္။ဒီသားေကာင္ေတြေသရတာဟာ

ရဟန္းေဂါတမကို အေၾကာင္းျပဳေသတာ၊ အဲဒီေတာ့ ရဟန္းေဂါတမဟာ သားေကာင္ေတြေသဆုံးမႈနဲ႔ပတ္သက္ၿပီး ဒီအကုသိုလ္တစ္ဝက္ တာဝန္ရွိတယ္ေပါ့၊ ဒီလိုဆိုတာေနာ္။ဒါေၾကာင့္မို႔ ကေန႔ေခတ္မွာ

လည္းေျပာတယ္ေလ၊ ကေန႔ေခတ္မွာလည္းေျပာၾကတယ္။ အသားစားတဲ့ပုဂၢိဳလ္ဟာ သတ္တဲ့သူရဲ႕တစ္ဝက္အကုသိုလ္နဲ႔ ပတ္သက္တယ္လို႔ဒီလိုဆိုတယ္။ ျမတ္စြာဘုရားက်ေတာ့ အဲဒီလိုမဆိုဘူး။ ျမတ္စြာဘုရား

က ကိုယ့္လက္မွာအနာမရွိဘူးဆိုရင္ အဆိပ္ကိုင္ေပမဲ့ အဲဒီအဆိပ္ဟာ အနာမ႐ြိတဲ့လကၠိဳ ဒုကၡမေပးဘူး၊ ဒါဥပမာအေနနဲ႔ေျပာတာ။ၾကည့္ကိုယ့္မွာသန္႔ျပန္႔တဲ့စိတ္ဓာတ္ရွိတယ္၊ ဘယ္သူ႔အေပၚမွာမွ ေသေစလိုတဲ့

စိတ္မရွိဘူးဆိုတဲ့အေနမွာ ကိုယ္နဲ႔ပတ္သက္ေနေသာ္လည္း ကိုယ့္မွာဘာအကုသိုလ္မွမျဖစ္ဘူးတဲ့။ဒါေၾကာင့္မို႔လို႔ ဗုဒၶရဲ႕တရားေတာ္က Intentional Killing ကိုဆိုလိုတယ္။ Intentional Killing ဆိုတာတမင္

သက္သက္သတႅိဳတဲ့ စိတ္ေစတနာနဲ႔သတ္မွ သူကပါဏာတိပါတဆိုတာျဖစ္တာ။သတ္လိုတဲ့စိတ္လုံးဝမရွိဘူး၊ ရည္႐ြယ္ခ်က္ရွိရွိနဲ႔သတ္မွ၊ ဒါကေလာကဥပေဒမွာလည္း အတူတူပဲေလ။ လူတစ္ဦးနဲ႔တစ္ဦးရန္ျဖစ္ၾက

တယ္။ ရန္ျဖစ္ရာက သူ႔ကိုသတ္တယ္လို႔၊ သတ္ဖို႔လုပ္တာမဟုတ္ဘူး။မေတာ္တဆကာကြယ္လိုက္တာနဲ႔ ဟိုတစ္ဖက္သားေသသြားလို႔ရွိရင္ လူေသမႈသာျဖစ္တာ၊ လူသတ္မႈမျဖစ္ဘူး။ တမင္သက္သက္သတ္တယ္

ဆိုလို႔ရွိရင္ ပုဒ္မမတူဘူးေပါ့၊ ေလာကဥပေဒေတာင္မွပဲ အဲဒီလိုရွိတယ္။အဲဒီေတာ့ဒါကေတာ့ ကိုယ့္ကိုယ္ကိုယ္အသိဆုံးပဲ။ ျမတ္စြာဘုရားသခင္ကိုယ္ေတာ္ျမတ္က စိတ္ကိုဗဟိုျပဳၿပီးေတာ့ ဆုံးမတာျဖစ္ေသာေၾကာင့္

စိတ္သန္႔ရွင္းေနသမွ် အကုသိုလ္ျဖစ္တာမဟုတ္ဘူးတဲ့။အကုသိုလ္ပဲျဖစ္ျဖစ္၊ ကုသိုလ္ပဲျဖစ္ျဖစ္ စိတ္နဲ႔ပတ္သက္တာေတြခ်ည္းပဲ။ အကုန္လုံးစိတ္ထဲကပါမွ အကုသိုလ္ျဖစ္တယ္လို႔ ဒီလိုရွင္းတာေနာ္၊ ဒီလိုဆိုတာ။

ဒီေတာ့ျမတ္စြာဘုရားရဲ႕ ရွင္းလင္းခ်က္ကေတာ့ အင္မတန္မွထင္ရွားပါတယ္။လက္ဖဝါးမွာအနာမရွိဘူးဆိုရင္ အဲဒီလက္နဲ႔အဆိပ္ကိုင္လို႔ရတယ္၊ ကိုင္တဲ့လက္ကို အဆိပ္ဟာမသင့္ႏိုင္ဘူး၊ အဆိပ္မသင့္ဘူးတဲ့။

ဒါေၾကာင့္မို႔လို႔ ရည္႐ြယ္ခ်က္နဲ႔အကုသိုလ္မလုပ္လို႔ စိတ္ထဲကအကုသိုလ္စိတ္မပါဘူးဆိုလို႔ရွိရင္ ဒီအျပစ္မရွိဘူးလို႔ ျမတ္စြာဘုရားကဒီလိုေဟာတာ။အျပစ္မရွိဘူးဆိုတာ လုပ္ခိုင္းတာေျပာတာမဟုတ္ဘူးေနာ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး။ ေလာကသားတို႔အတြက္ ျမတ္ဗုဒၶ၏ႀကိဳးပမ္းခ်က္မွ။မူရင္းေရးသားသူအား ေလးစားလွ်က္ျပန္လည္မွ်ေဝပူေဇာ္ပါသည္။

crd

Leave a Reply

Your email address will not be published.