Shwe Pann Thee Global News ကိုယ့်ကိုယ်ပိုင် မင်္ဂလာပွဲနေ့မှာ ကိုယ့်ကိုကိုယ် သတို့သားမှန်း မေ့နေခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ရယ်စရာအဖြစ်

ကိုယ့်ကိုယ်ပိုင် မင်္ဂလာပွဲနေ့မှာ ကိုယ့်ကိုကိုယ် သတို့သားမှန်း မေ့နေခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ရယ်စရာအဖြစ်



ကိုယ့်ကိုယ်ပိုင် မင်္ဂလာပွဲနေ့မှာ ကိုယ့်ကိုကိုယ် သတို့သားမှန်း မေ့နေခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ရယ်စရာအဖြစ်

မကြာသေးမီက အမျိုးသားတစ်ဦးက သူ့မင်္ဂလာပွဲမှာ သူက သတို့သားဆိုတာကိုမေ့သွားခဲ့ပြီး သူ့ရဲ့ရယ်စရာကောင်းတဲ့မင်္ဂလာအခိုက်အတန့်ဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူ့ဇနီးအသစ်လေးကတော့ ဒီအဖြစ်ကိုကြည့်ပြီး စိတ်မပျော်ဖြစ်နေတော့မှာအသေအချာပါဘဲဗျာ။

ချစ်သူနှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့နေ့အတွက် စိတ်လှုပ်ရှားနေရင်တောင်မှ မင်္ဂလာပွဲတွေက အရမ်းစိတ်ဖိစီးမှုများနေနိုင်တာ အမှန်ပါပဲ။ ထိုနေ့မှာ အခမ်းအနားကြီးအတွက် လုပ်စရာတွေ အများကြီးကျန်နေမှာဖြစ်သလို အခမ်းအနားအတွင်းမှာတောင် မင်းကိုစိတ်မ၀င်စားစေနိုင်တဲ့ တခြားစိုးရိမ်မှုတွေလည်း ရှိနေတတ်ပါသေးတယ်။ ဒါပေမယ့် ဒီသတို့သားရဲ့စိတ်ဖောက်ပြန်ပုံကတော့ သူကိုယ်တိုင် မင်္ဂလာဆောင်နေတာကို မေ့သွားပုံရပြီး အင်တာနက်သုံးစွဲသူတွေကို ရယ်မောသွားစေခဲ့ပါတယ်။

TikTok မှာ @donnagranalde က မျှဝေထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ ၎င်းမင်္ဂလာပွဲဟာ အစပိုင်းမှာ အဆင်ပြေနေခဲ့ပါတယ်။ ထို့နောက် သတို့သမီးဟာ မိဘများနှင့်အတူ ခန်းမရှေ့လမ်းလျှောက်သွားကာ သတို့သားကလည်း ရိုးရာအရ သတို့သမီးမိဘတွေကို အရိုအသေပေးခြင်းဖြင့် ၎င်းရဲ့လေးစားမှုကို ပြသနေခဲ့ပါတယ်။ ထိုအစီအစဉ်ပြီးနောက်မှာ သူနှင့်သတို့သမီးက သူတို့အတွက် ထိုင်ခုံနှစ်ခုံပြင်ဆင်ထားသည့် ဘုရားကျောင်းရှေ့သို့ လျှောက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် သတို့သမီးကို လမ်းပြပေးပြီးနောက် သတို့သားက သတို့သမီး ချီတက်ပွဲမတိုင်ခင် မိဘတွေနဲ့အတူ ထိုင်ထားတဲ့နေရာကို ပြန်သွားခဲ့ပါတယ်။

ထို့နောက် ဘုန်းကြီးစကားစစချင်းမှာ၊ အဆိုပါအမျိုးသားဟာ သူကိုယ်သူ သတို့သားဖြစ်ကြောင်းကို ခဏမေ့ထားပြီး သူ့မိဘတွေရဲ့ဘေးကနေ သတို့သမီးကို ထိုင်ကြည့်နေခဲ့ပါတယ်။ ထို့နောက်မှာဘဲ သတို့သားနောက်ကျောမှ တစ်စုံတစ်ယောက်က သတို့သားအား သူ့နေရာမှန်သို့ ရွှေ့ဖို့လှမ်းတို့လိုက်ခါမှ သူ့အမှားကို သူနားလည်သွားခဲ့ပြီး သတို့သားက သူ့ကြီးကြီးမားမား အလွဲအချော်ကြောင့် သူ့ကိုယ်သူ ရယ်မောရင်း သူ့သတို့သမီးဘက်သို့ အမြန်သွားခဲ့ရပြန်ပါတယ။

အဆိုပါဗီဒီယိုမှာ အင်တာနက်အသုံးပြုသူအများအပြားက ရယ်မောခဲ့ကြပြီး အချို့ကလည်း သတို့သားရဲ့ရယ်စရာအပြုအမူက ၎င်းတို့ရဲ့ပထမဆုံးသော အိမ်ထောင်ရေးတိုက်ပွဲရဲ့အကြောင်းအရာဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒီသတို့သားကတော့ မင်္ဂလာဦးညမှာ ဒုက္ခရောက်တော့မှာ အသေအချာဘဲဗျာ ။

Credit JRose (KB Chimmy one)

Reference : rachwed

Zawgyi Version

ကိုယ့္ကိုယ္ပိုင္ မဂၤလာပြဲေန႔မွာ ကိုယ့္ကိုကိုယ္ သတို႔သားမွန္း ေမ့ေနခဲ့တဲ့ အမ်ိဳးသားတစ္ဦးရဲ႕ရယ္စရာအျဖစ္

မၾကာေသးမီက အမ်ိဳးသားတစ္ဦးက သူ႔မဂၤလာပြဲမွာ သူက သတို႔သားဆိုတာကိုေမ့သြားခဲ့ၿပီး သူ႔ရဲ႕ရယ္စရာေကာင္းတဲ့မဂၤလာအခိုက္အတန႔္ဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ သူ႔ဇနီးအသစ္ေလးကေတာ့ ဒီအျဖစ္ကိုၾကည့္ၿပီး စိတ္မေပ်ာ္ျဖစ္ေနေတာ့မွာအေသအခ်ာပါဘဲဗ်ာ။ ခ်စ္သူႏွစ္ေယာက္စလုံးက တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ၾကၿပီး ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ေန႔အတြက္ စိတ္လႈပ္ရွားေနရင္ေတာင္မွ မဂၤလာပြဲေတြက အရမ္းစိတ္ဖိစီးမႈမ်ားေနႏိုင္တာ အမွန္ပါပဲ။ ထိုေန႔မွာ အခမ္းအနားႀကီးအတြက္ လုပ္စရာေတြ အမ်ားႀကီးက်န္ေနမွာျဖစ္သလို အခမ္းအနားအတြင္းမွာေတာင္ မင္းကိုစိတ္မ၀င္စားေစႏိုင္တဲ့ တျခားစိုးရိမ္မႈေတြလည္း ရွိေနတတ္ပါေသးတယ္။ ဒါေပမယ့္ ဒီသတို႔သားရဲ႕စိတ္ေဖာက္ျပန္ပုံကေတာ့ သူကိုယ္တိုင္ မဂၤလာေဆာင္ေနတာကို ေမ့သြားပုံရၿပီး အင္တာနက္သုံးစြဲသူေတြကို ရယ္ေမာသြားေစခဲ့ပါတယ္။

 

TikTok မွာ @donnagranalde က မွ်ေဝထားတဲ့ ဗီဒီယိုတစ္ခုမွာေတာ့ ၎မဂၤလာပြဲဟာ အစပိုင္းမွာ အဆင္ေျပေနခဲ့ပါတယ္။ ထို႔ေနာက္ သတို႔သမီးဟာ မိဘမ်ားႏွင့္အတူ ခန္းမေရွ႕လမ္းေလွ်ာက္သြားကာ သတို႔သားကလည္း ႐ိုးရာအရ သတို႔သမီးမိဘေတြကို အ႐ိုအေသေပးျခင္းျဖင့္ ၎ရဲ႕ေလးစားမႈကို ျပသေနခဲ့ပါတယ္။ ထိုအစီအစဥ္ၿပီးေနာက္မွာ သူႏွင့္သတို႔သမီးက သူတို႔အတြက္ ထိုင္ခုံႏွစ္ခုံျပင္ဆင္ထားသည့္ ဘုရားေက်ာင္းေရွ႕သို႔ ေလွ်ာက္သြားခဲ့ၾကပါတယ္။ ဒါေပမယ့္ သတို႔သမီးကို လမ္းျပေပးၿပီးေနာက္ သတို႔သားက သတို႔သမီး ခ်ီတက္ပြဲမတိုင္ခင္ မိဘေတြနဲ႔အတူ ထိုင္ထားတဲ့ေနရာကို ျပန္သြားခဲ့ပါတယ္။

 

ထို႔ေနာက္ ဘုန္းႀကီးစကားစစခ်င္းမွာ၊ အဆိုပါအမ်ိဳးသားဟာ သူကိုယ္သူ သတို႔သားျဖစ္ေၾကာင္းကို ခဏေမ့ထားၿပီး သူ႔မိဘေတြရဲ႕ေဘးကေန သတို႔သမီးကို ထိုင္ၾကည့္ေနခဲ့ပါတယ္။ ထို႔ေနာက္မွာဘဲ သတို႔သားေနာက္ေက်ာမွ တစ္စုံတစ္ေယာက္က သတို႔သားအား သူ႔ေနရာမွန္သို႔ ေ႐ႊ႕ဖို႔လွမ္းတို႔လိုက္ခါမွ သူ႔အမွားကို သူနားလည္သြားခဲ့ၿပီး သတို႔သားက သူ႔ႀကီးႀကီးမားမား အလြဲအေခ်ာ္ေၾကာင့္ သူ႔ကိုယ္သူ ရယ္ေမာရင္း သူ႔သတို႔သမီးဘက္သို႔ အျမန္သြားခဲ့ရျပန္ပါတယ။

 

အဆိုပါဗီဒီယိုမွာ အင္တာနက္အသုံးျပဳသူအမ်ားအျပားက ရယ္ေမာခဲ့ၾကၿပီး အခ်ိဳ႕ကလည္း သတို႔သားရဲ႕ရယ္စရာအျပဳအမူက ၎တို႔ရဲ႕ပထမဆုံးေသာ အိမ္ေထာင္ေရးတိုက္ပြဲရဲ႕အေၾကာင္းအရာျဖစ္လာလိမ့္မယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ ဒီသတို႔သားကေတာ့ မဂၤလာဦးညမွာ ဒုကၡေရာက္ေတာ့မွာ အေသအခ်ာဘဲဗ်ာ ။

Credit JRose (KB Chimmy one)

Reference : rachwed

Leave a Reply

Your email address will not be published.