Shwe Pann Thee Knowledge ကျန်းကျန်းမာမာနဲ့ အိပ်ပျော်စေမယ့် အကောင်းဆုံး အိပ်စက်ပုံအနေအထားက ဘယ်ဟာဖြစ်မလဲ?

ကျန်းကျန်းမာမာနဲ့ အိပ်ပျော်စေမယ့် အကောင်းဆုံး အိပ်စက်ပုံအနေအထားက ဘယ်ဟာဖြစ်မလဲ?



ကျန်းကျန်းမာမာနဲ့ အိပ်ပျော်စေမယ့် အကောင်းဆုံး အိပ်စက်ပုံအနေအထားက ဘယ်ဟာဖြစ်မလဲ?

အိပ်စက်ပုံအနေအထားတိုင်းက သင့်အတွက် မကောင်းပါဘူး။ ကျွန်ုပ်တို့ဘဝ၏ သုံးပုံတစ်ပုံခန့်သည် အိပ်ရေးဝဝ အိပ်စက်ခြင်းဖြင့် ကုန်ဆုံးနေကြရသည်။ အိပ်စက်ခြင်းသည် သင့်ခန္ဓာကိုယ်နှင့် စိတ်အတွက် အလွန်အရေးကြီးပါသည်။

တစ်နည်းအားဖြင့် အိပ်စက်ခြင်းသည် သင့်ကိုယ်သင်အတွက် အားသွင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် အိပ်ရေးပျက်လျှင် အပျက်သဘောဆောင်သည့် အကျိုးဆက်များ ရှိလာနိုင်သည်။ ၎င်းသည် သင်၏မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ တုံ့ပြန်ချက်၊ စိတ်ခံစားမှုနှင့် သင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကို ထိခိုက်စေနိုင်သည်။

ဒါကြောင့် အိပ်စက်ခြင်းက သင့်အတွက် ကောင်းပါတယ်။ ဒါတင်မကသေးဘဲ သင့်ရဲ့ အိပ်စက်တဲ့ အနေအထားက သင့်ရဲ့ ခန္ဓာကိုယ်အပေါ် အပြုသဘောဆောင်တဲ့ သို့မဟုတ် အပျက်သဘောဆောင်တဲ့ လွှမ်းမိုးမှုလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ဖို့ အကောင်းဆုံးအနေအထားက ဘာလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) ပက်လက်လှန်၍ နောက်ကျောဖြင့် အိပ်စက်ခြင်း
ဒါက အကျန်းမာဆုံး အနေအထားမို့လို့ သင်ကံကောင်းသွားပါပြီ။ ကျောရိုးပေါ်အိပ်တာက ကျောရိုးကို ကောင်းမွန်စွာ ချိန်ညှိပေးတာကြောင့်ပါ။ ဒီအနေအထားက သင့်နောက်ကျောနဲ့ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကို အနည်းငယ် တင်းမာစေပါတယ်။ ဒါ့အပြင် ဒီအနေအထားက သင့်အသားအရေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ နံဘေး သို့မဟုတ် ဗိုက်မှောက် အိပ်နေသူတွေလို သင့်မျက်နှာပေါ်မှာ အရေးအကြောင်းတွေ မဖြစ်တတ်ပါဘူး။ ဒီအနေအထားက အမျိုးသမီးတွေအတွက်လည်း ကောင်းမွန်တာကြောင့် ကျောပေါ်မှာ အိပ်တာက ရင်ဘတ်အောင့်ခြင်းနဲ့ ရင်သားတွဲကျခြင်းတို့ကို ကာကွယ်ပေးပါတယ်။ တစ်ခုတည်းသော အားနည်းချက်ကတော့ ဟောက်ခြင်းကို ပိုဆိုးစေတာပဲဖြစ်ပါတယ်။

(၂) ဘေးသို့စောင်းအိပ်ခြင်း
ဘေးသို့စောင်းအိပ်တဲ့ အလေ့အထရှိတာက သင်တစ်ဦးတည်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အများဆုံးအိပ်ကြတဲ့ အနေအထားဖြစ်လို့ပါ။ ဘေးစောင်းအိပ်တဲ့အခါ တစ်ဖက်ကို အမြဲလှဲလျောင်းနေရတာကြောင့် လက်တွေ ခြေထောက်တွေ နာကျင်လာနိုင်ပါတယ်။ ညာဘက်စောင်းအိပ်တာက အစာမကြေခြင်းနဲ့ ရင်ပူခြင်းစတဲ့ ဆိုးကျိုး‌တွေကိုဖြစ်စေပါတယ်။ ဘေးစောင်းအိပ်ခြင်းရဲ့ ကောင်းကျိုးအနေနဲ့ကတော့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဟောက်တာကို လျော့နည်းစေပါတယ်။

(၃) ဗိုက်ဖြင့် မှောက်လျက်အနေအထား အိပ်စက်ခြင်း
ဗိုက်မှောက်ပြီး အိပ်တတ်သူတွေအတွက် သတင်းဆိုးတစ်ခုရှိပါတယ်။ ဒီအနေအထားက ကျန်းမာရေးနဲ့ မညီညွတ်ဆုံးဖြစ်ပါတယ်။ ခေါင်းကလုံးဝကိုလည်နေတာကြောင့် လည်ပင်းနာတာတွေဖြစ်ပြီး သင့်ကျောရိုးဟာ အဆင်မပြေတဲ့ အနေအထားမှာ ရှိနေမှာပါ။ အဲဒါက သင့်အိပ်ချိန်ကို ပိုပြီး အနှောင့်အယှက်ဖြစ်စေပါတယ်။ ကောင်းတာကတော့ ဟောက်တာကို လျော့ပါးစေပါတယ်။

Translate by Anne

Zawgyi Version

က်န္းက်န္းမာမာနဲ႔ အိပ္ေပ်ာ္ေစမယ့္ အေကာင္းဆုံး အိပ္စက္ပုံအေနအထားက ဘယ္ဟာျဖစ္မလဲ?

အိပ္စက္ပုံအေနအထားတိုင္းက သင့္အတြက္ မေကာင္းပါဘူး။ ကြၽႏ္ုပ္တို႔ဘဝ၏ သုံးပုံတစ္ပုံခန႔္သည္ အိပ္ေရးဝဝ အိပ္စက္ျခင္းျဖင့္ ကုန္ဆုံးေနၾကရသည္။ အိပ္စက္ျခင္းသည္ သင့္ခႏၶာကိုယ္ႏွင့္ စိတ္အတြက္ အလြန္အေရးႀကီးပါသည္။

တစ္နည္းအားျဖင့္ အိပ္စက္ျခင္းသည္ သင့္ကိုယ္သင္အတြက္ အားသြင္းေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အိပ္ေရးပ်က္လွ်င္ အပ်က္သေဘာေဆာင္သည့္ အက်ိဳးဆက္မ်ား ရွိလာႏိုင္သည္။ ၎သည္ သင္၏မွတ္ဉာဏ္၊ အာ႐ုံစူးစိုက္မႈ၊ တုံ႔ျပန္ခ်က္၊ စိတ္ခံစားမႈႏွင့္ သင့္႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရးတို႔ကို ထိခိုက္ေစႏိုင္သည္။

ဒါေၾကာင့္ အိပ္စက္ျခင္းက သင့္အတြက္ ေကာင္းပါတယ္။ ဒါတင္မကေသးဘဲ သင့္ရဲ႕ အိပ္စက္တဲ့ အေနအထားက သင့္ရဲ႕ ခႏၶာကိုယ္အေပၚ အျပဳသေဘာေဆာင္တဲ့ သို႔မဟုတ္ အပ်က္သေဘာေဆာင္တဲ့ လႊမ္းမိုးမႈလည္း ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္စက္ဖို႔ အေကာင္းဆုံးအေနအထားက ဘာလဲဆိုတာ ၾကည့္လိုက္ရေအာင္။

(၁) ပက္လက္လွန္၍ ေနာက္ေက်ာျဖင့္ အိပ္စက္ျခင္း
ဒါက အက်န္းမာဆုံး အေနအထားမို႔လို႔ သင္ကံေကာင္းသြားပါၿပီ။ ေက်ာ႐ိုးေပၚအိပ္တာက ေက်ာ႐ိုးကို ေကာင္းမြန္စြာ ခ်ိန္ညႇိေပးတာေၾကာင့္ပါ။ ဒီအေနအထားက သင့္ေနာက္ေက်ာနဲ႔ လည္ပင္းမွာရွိတဲ့ ႂကြက္သားေတြကို အနည္းငယ္ တင္းမာေစပါတယ္။ ဒါ့အျပင္ ဒီအေနအထားက သင့္အသားအေရအတြက္ အေကာင္းဆုံးျဖစ္ပါတယ္။ နံေဘး သို႔မဟုတ္ ဗိုက္ေမွာက္ အိပ္ေနသူေတြလို သင့္မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ မျဖစ္တတ္ပါဘူး။ ဒီအေနအထားက အမ်ိဳးသမီးေတြအတြက္လည္း ေကာင္းမြန္တာေၾကာင့္ ေက်ာေပၚမွာ အိပ္တာက ရင္ဘတ္ေအာင့္ျခင္းနဲ႔ ရင္သားတြဲက်ျခင္းတို႔ကို ကာကြယ္ေပးပါတယ္။ တစ္ခုတည္းေသာ အားနည္းခ်က္ကေတာ့ ေဟာက္ျခင္းကို ပိုဆိုးေစတာပဲျဖစ္ပါတယ္။

(၂) ေဘးသို႔ေစာင္းအိပ္ျခင္း
ေဘးသို႔ေစာင္းအိပ္တဲ့ အေလ့အထရွိတာက သင္တစ္ဦးတည္းမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက အမ်ားဆုံးအိပ္ၾကတဲ့ အေနအထားျဖစ္လို႔ပါ။ ေဘးေစာင္းအိပ္တဲ့အခါ တစ္ဖက္ကို အၿမဲလွဲေလ်ာင္းေနရတာေၾကာင့္ လက္ေတြ ေျခေထာက္ေတြ နာက်င္လာႏိုင္ပါတယ္။ ညာဘက္ေစာင္းအိပ္တာက အစာမေၾကျခင္းနဲ႔ ရင္ပူျခင္းစတဲ့ ဆိုးက်ိဳး‌ေတြကိုျဖစ္ေစပါတယ္။ ေဘးေစာင္းအိပ္ျခင္းရဲ႕ ေကာင္းက်ိဳးအေနနဲ႔ကေတာ့ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ေဟာက္တာကို ေလ်ာ့နည္းေစပါတယ္။

(၃) ဗိုက္ျဖင့္ ေမွာက္လ်က္အေနအထား အိပ္စက္ျခင္း
ဗိုက္ေမွာက္ၿပီး အိပ္တတ္သူေတြအတြက္ သတင္းဆိုးတစ္ခုရွိပါတယ္။ ဒီအေနအထားက က်န္းမာေရးနဲ႔ မညီၫြတ္ဆုံးျဖစ္ပါတယ္။ ေခါင္းကလုံးဝကိုလည္ေနတာေၾကာင့္ လည္ပင္းနာတာေတြျဖစ္ၿပီး သင့္ေက်ာ႐ိုးဟာ အဆင္မေျပတဲ့ အေနအထားမွာ ရွိေနမွာပါ။ အဲဒါက သင့္အိပ္ခ်ိန္ကို ပိုၿပီး အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ေကာင္းတာကေတာ့ ေဟာက္တာကို ေလ်ာ့ပါးေစပါတယ္။

Leave a Reply

Your email address will not be published.