Shwe Pann Thee Global News ကျောင်းသားတွေကို သတ်သတ်လွတ်စားဖို့ စည်းကမ်းထုတ်ထားတဲ့ ကျောင်းအုပ်ဆရာမကြီးကို မိဘတွေဒေါပွနေကြ

ကျောင်းသားတွေကို သတ်သတ်လွတ်စားဖို့ စည်းကမ်းထုတ်ထားတဲ့ ကျောင်းအုပ်ဆရာမကြီးကို မိဘတွေဒေါပွနေကြ



ကျောင်းသားတွေကို သတ်သတ်လွတ်စားဖို့ စည်းကမ်းထုတ်ထားတဲ့ ကျောင်းအုပ်ဆရာမကြီးကို မိဘတွေဒေါပွနေကြ

Lancashire ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးသည် “ကမ္ဘာမြေကို ကူညီပါ” ဟူသော စကားလုံးဖြင့် ကျောင်းသားများအား သက်သတ်လွတ်စားခိုင်းခြင်းဖြင့် အချို့မိဘများ၏ ဒေါသကို ဆွပေးရာရောက်ခဲ့သည်။

dailymail.com ၏အဆိုအရ Barrowford မူလတန်းကျောင်း၌ ထိုစည်းကမ်းကို ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ကျောင်းစာတစ်စောင်ရောက်မလာခင် ကြာသပတေးနေ့အထိ မိဘများမသိရှိခဲ့ပါ။

ကျောင်းအုပ်ဆရာမ Rachel Tomlinson က “ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်ရန်” ထမင်းဗူးများနှင့် ကော်ဖီဆိုင်များတွင် အသားစားမှု တားမြစ်ခြင်းအပါအဝင် ၎င်း၏ဆုံးဖြတ်ချက်ကို ရေးသားခဲ့သည်။ Tomlinson က အသားနှင့် နို့ထွက်ပစ္စည်းများသည် “ပတ်ဝန်းကျင်အတွက် ကုန်ကျစရိတ်ကြီးမားသည်” ဟုလည်း ဆိုသည်။

အသားကင်းစင်ရေး စည်းမျဉ်းသည် “ဟာသ” ဖြစ်သည်ဟု မိဘဖြစ်သူ Zoe Douglas က UK Sun သို့ ပြောကြားခဲ့သည်။ Douglas က “အသားမစားတဲ့ သက်သတ်လွတ်သမားတွေက ဖြည့်စွက်စာတွေ အများကြီးသောက်ရမယ်ဆိုတာ သူမေ့နေတယ်ထင်တယ်” လို့ ဆိုပါတယ်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published.