Shwe Pann Thee Global News ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမေရိကန်ဒေါ်လာ သိန်း ၄၀ တန်ဖိုးရှိ ဝေလငါးအန်ဖတ်များကို ရှာတွေ့ခဲ့တဲ့ အမျိုးသမီး

ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမေရိကန်ဒေါ်လာ သိန်း ၄၀ တန်ဖိုးရှိ ဝေလငါးအန်ဖတ်များကို ရှာတွေ့ခဲ့တဲ့ အမျိုးသမီး



ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမေရိကန်ဒေါ်လာ သိန်း ၄၀ တန်ဖိုးရှိ ဝေလငါးအန်ဖတ်များကို ရှာတွေ့ခဲ့တဲ့ အမျိုးသမီး

2022 ခုနှစ် ဖေဖော်ဝါရီလ 21 ရက်နေ့တွင် Aunmanee Sarirayoh အမည်ရှိ အသက် 30 အရွယ် အမျိုးသမီးတစ်ဦးသည် ဝေလငါးအန်ဖတ် ၃၀ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပြီး ထိုင်းအင်တာနက်အသုံးပြုသူများကြားတွင် ဟိုးလေးတကျော်ဖြစ်ခဲ့သည်။

အဆိုပါအမျိုးသမီးသည် Ta Loh Ka Poh, Yaring, Pattani တွင် မိသားစုနှင့်အတူ ကမ်းခြေတစ်လျှောက် လမ်းလျှောက်လာစဉ် ဝေလငါးအန်ဖတ် အမြောက်အမြားကို ခလုတ်တိုက်မိသွားသည် ။

ထို့နောက် သူမသည် အစုလိုက်အပြုံလိုက်ကို အိမ်သို့ယူဆောင်ကာ Prince of Songkla တက္ကသိုလ်ရှိ သိပ္ပံသုတေသနစင်တာတွင် ဝေလငါးအန်ဖတ်စစ်စစ် ဟုတ်မဟုတ် စစ်ဆေးခဲ့သည်။ နောက်ပိုင်းမှာတော့ အဲဒီအရာဟာ ဝေလငါးအစစ်ဖြစ်ကြောင်း Bangkokbiznews က ဖော်ပြခဲ့ပါတယ် ။

ကံထူးရှင်အမျိုးသမီးက အန်ဖတ်အတွက် ဈေးနှုန်းကို ~$ 100M (~USD4,000,000) သတ်မှတ်ထားကြောင်း ထုတ်ဖော်ခဲ့သည်။ Khaosod Online ရဲ့ အဆိုအရ သူမဟာ ပစ္စည်းရောင်းချခြင်းကနေ ရရှိလာတဲ့ ငွေကြေးအချို့ကို သာသနာ့အဖွဲ့အစည်းနဲ့ လိုအပ်နေတဲ့သူတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ် ။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published.