ကိုယ်တိုင်သဲနွံထဲမနစ်ခင် ၂ နှစ်အရွယ်သားငယ်ကို ပင်လယ်ရေနစ်ရာမှ ကယ်ဆယ်နိုင်ခဲ့တဲ့ သူရဲကောင်းဖခင်
အသက် ၂၆ နှစ်အရွယ် Jay Forbes သည် ပင်လယ်ရေထဲတွင် မှောက်လျက်နစ်နေသည့် ၎င်း၏ နှစ်နှစ်အရွယ်သားငယ်ကို အလျင်အမြန်ပြေးကယ်ကာ ကလေးငယ်အား ၎င်း၏မိခင် Hayley ထံသို့ ပို့ဆောင်ပြီးနောက် ၎င်းကိုယ်တိုင် သဲနွံနစ်မိနေကြောင်း သိရှိသွားသည်။

သူရဲကောင်းဖခင်တစ်ဦးသည် ၎င်း၏နှစ်နှစ်အရွယ်သားကို ရေနစ်ခြင်းမှ ကယ်တင် ပြီးနောက် သဲနွံတွင် သူမည်ကဲ့သို့ နစ်မြုပ်နေခဲ့သည်ကို ပြောပြခဲ့သည် ။

အသက် ၂၆ နှစ်အရွယ် ဂျေးဖော့ဘ်စ်သည် Ayr ကမ်းခြေတွင် ၎င်း၏ဇနီး Hayley ထံမှ အော်ဟစ်သံများကို ကြားခဲ့ရပြီး ၅ ပေနက်သော ပင်လယ်ရေထဲတွင် မှောက်လျက်ဖြစ်နေသည့် သားငယ်ကို တွေ့ရှိခဲ့ကြောင်း Daily Record က ဖော်ပြခဲ့သည်။

ထိတ်လန့်တုန်လှုပ်နေသော Hayley သည် ရုန်းကန်နေရသော ခင်ပွန်းဖြစ်သူကို လွတ်မြောက်အောင် မဆွဲထုတ်နိုင်ဘဲ ဖြတ်သွားသော ခွေးဖြင့်လမ်းလျှောက်လာသူက လှမ်းတက်လာပြီး သူ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့သည်။
Translate by Anne
Zawgyi Version