တစ်ချိန်က အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ဖူးတဲ့ အသက် ၃၆ နှစ်အရွယ် Sabrina Cohen-Hatton အမည်ရှိအမျိုးသမီးတစ်ဦးဟာ ၎င်းအရာကဘဲ သူမရဲ့ဘဝအား ပြောင်းလဲသွားစေတဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ Sabrina ဟာ ယခုအခါ UK ရဲ့ ထိပ်တန်းမီးသတ်သမားတစ်ဦး နှင့် ပုံနှိပ်ထုတ်ဝေတဲ့ စာရေးဆရာမတစ်ဦးဖြစ်တဲ့အပြင် သူမဟာ PhD ဘွဲ့ကိုင်ဆောင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။ Sabrina ဟာ သူမအသက် 15 နှစ်အရွယ်မှာ လမ်းများပေါ်မှာ ခက်ခဲစွာ နှစ်နှစ်ကြာ လေလွင့်နေထိုင်ခဲ့ပုံ နှင့် ၎င်းအရာကဘဲ ယနေ့ သူမဖြစ်လာစေရန်ကူညီပေးခဲ့ကြောင်းကို သူမက “ ကျွန်မက တခြားဘဝနဲ့ ရှင်သန်နေခဲ့ရလို့ ဘဝက ဘယ်လောက်ခက်ခဲလဲဆိုတာကို ကျွန်မကောင်းကောင်းကြီး နားလည်ပါတယ်။
.

လက်ရှိ ကျွန်မရဲ့ဘဝက ဘယ်လောက်ပဲခက်ခဲနေပါစေ ဒီဘဝက မခက်ခဲသေးဘူးဆိုတာလည်း သိပါတယ်။ လမ်းများပေါ်မှာ ကျွန်မ နေထိုင်ခဲ့ရတဲ့အတွေ့အကြုံတွေကနေသင်ယူနိုင်ခဲ့လို့လည်း ယနေ့လို ကျွန်မရဲ့ဘဝအောင်မြင်လာခဲ့တာပါ၊ အဲဒီအရာကဘဲ ကျွန်မကို လူတိုင်းအပေါ် တကယ်လေးစားတတ်လာစေခဲ့တယ် ” လို့ ဆိုပါတယ်။ Sabrina ဟာ သူမရဲ့ဗြိတိန်လမ်းပေါ်သတင်းစာဖြစ်တဲ့ Big Issue ကို စတင်ရောင်းချပြီးနောက်ပိုင်းမှ အိုးမဲ့အိမ်မဲ့ဘဝမှ လွတ်မြောက်နိုင်ခဲ့ပြီး သတင်းစာများရောင်းချခြင်းမှရရှိတဲ့ငွေများဖြင့် Wales နိုင်ငံတောင်ပိုင်း Welsh Valley မှာ တိုက်ခန်းငယ်လေးတစ်ခုကို ဝယ်ယူထားနိုင်ခဲ့ပါတယ်။
.

ထို့ပြင် Sabrina က ” လမ်းပေါ်မှာ အချိန်ဖြုန်းနေတဲ့ကျွန်မကို မီးသတ်ဌာနထဲဝင်ဖို့ မေတ္တာရပ်ခံတဲ့အခါ ၎င်းက ကျွန်မကို အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းက တခြားလူများကို ဘယ်လိုကူညီနိုင်မလဲဆိုတာကို တွေးမိသွားစေခဲ့တယ်။ အဲ့တာနဲ့ အဆိုးရွားဆုံးနေ့ရက်တွေမှာ အခြားသူတွေကို ကူညီခွင့်ရနိုင်လို့ မထင်မှတ်ဘဲ ကျွန်မ မီးသတ်ဖွဲ့ထဲ စတင်ဝင်ရောက်ခဲ့တယ် ” လို့ ရှင်းပြဝန်ခံခဲ့ပါသေးတယ်။ ထို့နောက် Sabrina ဟာ အသက် 18 နှစ်အရွယ်မှာ Risca မြို့ရှိ မီးသတ်ဌာနသို့ဝင်ရောက်ခဲ့ကာ ဘူတာရုံနှင့် ဌာနခွဲမှာ ပထမဆုံးအမျိုးသမီးမီးသတ်သမား ဖြစ်လာခဲ့ပါတယ်။
.
သူမက “ ခက်ခဲခဲ့ပေမယ့် အရမ်းအဖိုးတန်ပါတယ်။ ကျွန်မအတွက် စိတ်ကျေနပ်စရာအရာတွေထဲကတစ်ခုကတော့ မီးသတ်သမားအဖြစ် ပြောင်းလဲခဲ့ခြင်းပါပဲ “ လို့ ပြောကြားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပေမဲ့လည်း Sabrina ဟာ ၎င်းအရာကို သူမအား လှုံ့ဆော်မှုတစ်ခုအဖြစ်ပြောင်းလဲစေခဲ့ပြီး သူမရဲ့ဘဝကိုပြောင်းလဲရန်လည်း သူမကိုယ်သူမ စိန်ခေါ်စေခဲ့ပါတယ်။ ယခုအခါ Sabrina ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Mike နှင့်အတူ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ထားပြီး ၉ နှစ်အရွယ် သမီးလေး Gabriella လေးလည်း ရှိနေပြီ ဖြစ်ပါတယ်။
Credit Mia (Mckzone daily)
Reference : goodtimes
Zawgyi Version
အိုးမဲ့အိမ္မဲ့ ဆယ္ေက်ာ္သက္တစ္ဦးျဖစ္ခဲ့ရာကေန ယခုအခါ ထိပ္တန္းအမ်ိဳးသမီးမီးသတ္သမားျဖစ္လာခဲ့သူ
တစ္ခ်ိန္က အိုးမဲ့အိမ္မဲ့ျဖစ္ ခဲ့ဖူးတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ Sabrina Cohen-Hatton အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ ၎အရာကဘဲ သူမရဲ႕ဘဝအား ေျပာင္းလဲသြားေစတဲ့အေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ Sabrina ဟာ ယခုအခါ UK ရဲ႕ ထိပ္တန္းမီးသတ္သမားတစ္ဦး ႏွင့္ ပုံႏွိပ္ထုတ္ေဝတဲ့ စာေရးဆရာမတစ္ဦးျဖစ္တဲ့အျပင္ သူမဟာ PhD ဘြဲ႕ကိုင္ေဆာင္ထားသူတစ္ဦးလည္းျဖစ္ပါတယ္။ Sabrina ဟာ သူမအသက္ 15 ႏွစ္အ႐ြယ္မွာ လမ္းမ်ားေပၚမွာ ခက္ခဲစြာ ႏွစ္ႏွစ္ၾကာ ေလလြင့္ေနထိုင္ခဲ့ပုံ ႏွင့္ ၎အရာကဘဲ ယေန႔ သူမျဖစ္လာေစရန္ကူညီေပးခဲ့ေၾကာင္းကို သူမက “ ကြၽန္မက တျခားဘဝနဲ႔ ရွင္သန္ေနခဲ့ရလို႔ ဘဝက ဘယ္ေလာက္ခက္ခဲလဲဆိုတာကို ကြၽန္မေကာင္းေကာင္းႀကီး နားလည္ပါတယ္။
.
လက္ရွိ ကြၽန္မရဲ႕ဘဝက ဘယ္ေလာက္ပဲခက္ခဲေနပါေစ ဒီဘဝက မခက္ခဲေသးဘူးဆိုတာလည္း သိပါတယ္။ လမ္းမ်ားေပၚမွာ ကြၽန္မ ေနထိုင္ခဲ့ရတဲ့အေတြ႕အႀကဳံေတြကေနသင္ယူႏိုင္ခဲ့လို႔လည္း ယေန႔လို ကြၽန္မရဲ႕ဘဝေအာင္ျမင္လာခဲ့တာပါ၊ အဲဒီအရာကဘဲ ကြၽန္မကို လူတိုင္းအေပၚ တကယ္ေလးစားတတ္လာေစခဲ့တယ္ ” လို႔ ဆိုပါတယ္။ Sabrina ဟာ သူမရဲ႕ၿဗိတိန္လမ္းေပၚသတင္းစာျဖစ္တဲ့ Big Issue ကို စတင္ေရာင္းခ်ၿပီးေနာက္ပိုင္းမွ အိုးမဲ့အိမ္မဲ့ဘဝမွ လြတ္ေျမာက္ႏိုင္ခဲ့ၿပီး သတင္းစာမ်ားေရာင္းခ်ျခင္းမွရရွိတဲ့ေငြမ်ားျဖင့္ Wales ႏိုင္ငံေတာင္ပိုင္း Welsh Valley မွာ တိုက္ခန္းငယ္ေလးတစ္ခုကို ဝယ္ယူထားႏိုင္ခဲ့ပါတယ္။
.
ထို႔ျပင္ Sabrina က ” လမ္းေပၚမွာ အခ်ိန္ျဖဳန္းေနတဲ့ကြၽန္မကို မီးသတ္ဌာနထဲဝင္ဖို႔ ေမတၱာရပ္ခံတဲ့အခါ ၎က ကြၽန္မကို အိုးမဲ့အိမ္မဲ့ျဖစ္ျခင္းက တျခားလူမ်ားကို ဘယ္လိုကူညီႏိုင္မလဲဆိုတာကို ေတြးမိသြားေစခဲ့တယ္။ အဲ့တာနဲ႔ အဆိုး႐ြားဆုံးေန႔ရက္ေတြမွာ အျခားသူေတြကို ကူညီခြင့္ရႏိုင္လို႔ မထင္မွတ္ဘဲ ကြၽန္မ မီးသတ္ဖြဲ႕ထဲ စတင္ဝင္ေရာက္ခဲ့တယ္ ” လို႔ ရွင္းျပဝန္ခံခဲ့ပါေသးတယ္။ ထို႔ေနာက္ Sabrina ဟာ အသက္ 18 ႏွစ္အ႐ြယ္မွာ Risca ၿမိဳ႕ရွိ မီးသတ္ဌာနသို႔ဝင္ေရာက္ခဲ့ကာ ဘူတာ႐ုံႏွင့္ ဌာနခြဲမွာ ပထမဆုံးအမ်ိဳးသမီးမီးသတ္သမား ျဖစ္လာခဲ့ပါတယ္။
.
သူမက “ ခက္ခဲခဲ့ေပမယ့္ အရမ္းအဖိုးတန္ပါတယ္။ ကြၽန္မအတြက္ စိတ္ေက်နပ္စရာအရာေတြထဲကတစ္ခုကေတာ့ မီးသတ္သမားအျဖစ္ ေျပာင္းလဲခဲ့ျခင္းပါပဲ “ လို႔ ေျပာၾကားခဲ့ပါတယ္။ ႏွစ္အနည္းငယ္ၾကာ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ေပမဲ့လည္း Sabrina ဟာ ၎အရာကို သူမအား လႈံ႕ေဆာ္မႈတစ္ခုအျဖစ္ေျပာင္းလဲေစခဲ့ၿပီး သူမရဲ႕ဘဝကိုေျပာင္းလဲရန္လည္း သူမကိုယ္သူမ စိန္ေခၚေစခဲ့ပါတယ္။ ယခုအခါ Sabrina ဟာ သူမရဲ႕ခင္ပြန္းျဖစ္သူ Mike ႏွင့္အတူ ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးတစ္ခုကိုပိုင္ဆိုင္ထားၿပီး ၉ ႏွစ္အ႐ြယ္ သမီးေလး Gabriella ေလးလည္း ရွိေနၿပီ ျဖစ္ပါတယ္။
Mia (Mckzone daily)
Reference : goodtimes