Shwe Pann Thee Global News မသန်မစွမ်းသမီးငယ်လေးကို ဖြည်း ညင်းစွာ ငတ်သေစေခဲ့တဲ့ မိခင်ကို ထောင်ဒဏ် ၉ နှစ် ၇ လ ချမှတ်ခဲ့

မသန်မစွမ်းသမီးငယ်လေးကို ဖြည်း ညင်းစွာ ငတ်သေစေခဲ့တဲ့ မိခင်ကို ထောင်ဒဏ် ၉ နှစ် ၇ လ ချမှတ်ခဲ့



မသန်မစွမ်းသမီးငယ်လေးကို ဖြည်း ညင်းစွာ ငတ်သေစေခဲ့တဲ့ မိခင်ကို ထောင်ဒဏ် ၉ နှစ် ၇ လ ချမှတ်ခဲ့

အသက် ၄၉ နှစ်အရွယ် Elain Clarke အား ၎င်း၏ အသက် ၂၄ နှစ်အရွယ် မသန်စွမ်းသမီး Debbie Leitch ကို ဂရုမစိုက်ဘဲ သတ်ပစ်မှုဖြင့် စွဲချက်တင်ပြီး ထောင်ဒဏ် ၉ နှစ်နှင့် ၇ လ ချမှတ်ခဲ့သည်။ သူမဟာ မသန်စွမ်းသမီးငယ်ကို သေတဲ့အထိ ဖြည်းဖြည်းချင်း အစာငတ်စေခဲ့တာပါ။

မိခင်ဖြစ်သူ Elain Clarke သည် ၎င်း၏သမီးအား သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး Down’s Syndrome (မွေးရာပါ ဉာဏ်ရည်မပြည့်သည့်ရောဂါ) ရှိသော အသက် ၂၄ နှစ်အရွယ် Debbie Leitch အား ပေါ့ဆစွာလူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည် ။

Clarke သည် အလွန်ဆိုးရွားသော ပတ်ဝန်းကျင်တွင် အစာအာဟာရမရှိဘဲ နာနာကျင်ကျင် သေဆုံးရန်အတွက် သမီးဖြစ်သူအား စွန့်ပစ်ခဲ့သည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

ရင်ခွဲစစ်ဆေးရာတွင် Debbie သည် ပြင်းထန်သော ဝဲစွဲရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။ သြဂုတ်လ 29၊ 2019 တွင် အရေးပေါ်ဝန်ဆောင်မှုများဖြင့် သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို Blackpool၊ Lancashire ရှိ သူမ၏အိမ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည်။

Translate by Anne

Zawgyi Version






Leave a Reply

Your email address will not be published.