ဂင်းနစ်ကမ္ဘာ့စံချိန်တင်ဖို့အတွက် လက်ဖမိုးပေါ်မှာ ကြက်ဥ ၁၈ လုံးကို ချိန်ညှိပြခဲ့တဲ့ အီရတ်အမျိုးသား
အီရတ်အမျိုးသားတစ်ဦးသည် ၎င်း၏လက်ဖမိုးပေါ်တွင် ကြက်ဥ ၁၈ လုံးကို ချိန်ညှိခြင်းဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်နိုင်ခဲ့သည်။

Ibrahim Sadeq သည် အီရတ်နိုင်ငံ၊ Nasiriyha တွင် စံချိန်တင်ခဲ့ပြီး 2020 ခုနှစ် မေလ၌ ဗြိတိန်ရှိ Jack Harris မှ သတ်မှတ်ထားသောစံချိန်နှင့် ညီမျှအောင် ဆောင်ရွက်နိုင်ခဲ့ပြီး စံချိန်သစ်ကို ပူးတွဲပိုင်ဆိုင်သူအဖြစ် ဂင်းနစ်က ထုတ်ပြန်ခဲ့သည်။
Sadeq က သူသည် အမျိုးသားတစ်ဦး၏ သဘာဝအတိုင်း ကျောက်တုံးများကို ဆင့်စီထားသော ဗီဒီယိုကိုကြည့်ရှုပြီးနောက် ဟန်ချက်ညီခြင်းအနုပညာကို စွဲလန်းလာသည်ဟု ပြောကြားခဲ့သည်။

Sadeq သည် ၎င်း၏ စံချိန်တင်ကြိုးပမ်းမှု အတွက် ပြင်ဆင်ရန် တစ်ပတ်ကို လေးရက် လေ့ကျင့်ခဲ့သည်ဟု ဆိုပါသည်။ ဂင်းနစ်စည်းမျဉ်းအရ Sadeq သည် ကြက်ဥများကို မပြုတ်ဘဲ အနည်းဆုံးငါးစက္ကန့်ကြာအောင် ထားရန် လိုအပ်သည်။
“ဟန်ချက်ညီခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ကျွန်တော် အလွယ်တကူ မပြောပြနိုင်ပေမယ့် ကျွန်တော်ပြောနိုင်တာက စိတ်ရှည်သည်းခံမှု၊ အာရုံစူးစိုက်မှုနဲ့ တည်ငြိမ်မှုဆိုတဲ့ ခံစားချက်တွေ အများကြီး လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Translate by Anne
Zawgyi Version
1) ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ဖို႔အတြက္ လက္ဖမိုးေပၚမွာ ၾကက္ဥ ၁၈ လုံးကို ခ်ိန္ညႇိျပခဲ့တဲ့ အီရတ္အမ်ိဳးသား
အီရတ္အမ်ိဳးသားတစ္ဦးသည္ ၎၏လက္ဖမိုးေပၚတြင္ ၾကက္ဥ ၁၈ လုံးကို ခ်ိန္ညႇိျခင္းျဖင့္ ဂင္းနစ္ကမာၻ႔စံခ်ိန္ မွတ္တမ္းဝင္ႏိုင္ခဲ့သည္။
Ibrahim Sadeq သည္ အီရတ္ႏိုင္ငံ၊ Nasiriyha တြင္ စံခ်ိန္တင္ခဲ့ၿပီး 2020 ခုႏွစ္ ေမလ၌ ၿဗိတိန္ရွိ Jack Harris မွ သတ္မွတ္ထားေသာစံခ်ိန္ႏွင့္ ညီမွ်ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး စံခ်ိန္သစ္ကို ပူးတြဲပိုင္ဆိုင္သူအျဖစ္ ဂင္းနစ္က ထုတ္ျပန္ခဲ့သည္။
Sadeq က သူသည္ အမ်ိဳးသားတစ္ဦး၏ သဘာဝအတိုင္း ေက်ာက္တုံးမ်ားကို ဆင့္စီထားေသာ ဗီဒီယိုကိုၾကည့္ရႈၿပီးေနာက္ ဟန္ခ်က္ညီျခင္းအႏုပညာကို စြဲလန္းလာသည္ဟု ေျပာၾကားခဲ့သည္။
Sadeq သည္ ၎၏ စံခ်ိန္တင္ႀကိဳးပမ္းမႈ အတြက္ ျပင္ဆင္ရန္ တစ္ပတ္ကို ေလးရက္ ေလ့က်င့္ခဲ့သည္ဟု ဆိုပါသည္။ ဂင္းနစ္စည္းမ်ဥ္းအရ Sadeq သည္ ၾကက္ဥမ်ားကို မျပဳတ္ဘဲ အနည္းဆုံးငါးစကၠန႔္ၾကာေအာင္ ထားရန္ လိုအပ္သည္။
“ဟန္ခ်က္ညီျခင္းရဲ႕ ေနာက္ကြယ္က လွ်ိဳ႕ဝွက္ခ်က္ကို ကြၽန္ေတာ္ အလြယ္တကူ မေျပာျပႏိုင္ေပမယ့္ ကြၽန္ေတာ္ေျပာႏိုင္တာက စိတ္ရွည္သည္းခံမႈ၊ အာ႐ုံစူးစိုက္မႈနဲ႔ တည္ၿငိမ္မႈဆိုတဲ့ ခံစားခ်က္ေတြ အမ်ားႀကီး လိုအပ္ပါတယ္” ဟု ၎က ေျပာၾကားခဲ့သည္။