အမျိုးသားတစ်ဦး၏ နှာခေါင်းအတွင်း၌ ပေါက်နေသော သွားကို နယူးယောက်မှ ဆရာဝန်များက ဖယ်ရှားပေးခဲ့

နယူးယောက်မြို့ရှိ ဆေးရုံတစ်ရုံမှ ဆရာဝန်များသည် ညာဘက်နှာခေါင်းပေါက်တွင် အသက်ရှူရခက်ခဲကြောင်း ညည်းညူလာသူ အမျိုးသားတစ်ဦး၏ နှာခေါင်းအတွင်း၌ သွားတစ်ချောင်းပေါက်နေသည်ကို တွေ့ရှိခဲ့သည်။

New York ရှိ Mount Sinai Health System မှ ခွဲစိတ်ဆရာဝန် Sagar Khanna နှင့် Michael Turner က အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် ညာဘက်နှာခေါင်းပေါက်မှ အသက်ရှူရခက်ခဲနေသည်ဟု ပြောခဲ့ကြောင်း New England Journal of Medicine က ထုတ်ဝေထားသော လေ့လာမှုတစ်ခုတွင် ပြောကြားခဲ့သည်။
နှာခေါင်းထဲရှိ ပိုင်းခြားထားသောအကန့်၏ တစ်ဖက်သို့ယိုင်နေသည့် အနေအထားကို ဆရာဝန်များက တွေ့ရှိခဲ့ပြီး နှာခေါင်းတွင်းကြည့်ကိရိယာဖြင့် ကြည့်ရှုခဲ့ရာ ညာဘက်နှာခေါင်းပေါက်၏ အခြေတွင် ၀.၆ လက်မခန့်ရှည်သော သွားတစ်ချောင်းပေါက်နေသည်ကို တွေ့ရှိခဲ့သည်။
ခွဲစိတ်ဆရာဝန်များက ၎င်းတို့သည် ရှုပ်ထွေးမှုမရှိဘဲ သွားကို ဖယ်ရှားခဲ့ကြောင်း ပြောကြားခဲ့သည်။ ခွဲစိတ်မှုအပြီး သုံးလအကြာတွင် အဆိုပါအမျိုးသားသည် နှာခေါင်းပေါက်နှစ်ဖက်စလုံးမှ ပုံမှန်အတိုင်း အသက်ရှုနိုင်ပြီဟု ဆိုခဲ့သည်။
Translate by Anne
Zawgyi Version
အမ်ိဳးသားတစ္ဦး၏ ႏွာေခါင္းအတြင္း၌ ေပါက္ေနေသာ သြားကို နယူးေယာက္မွ ဆရာဝန္မ်ားက ဖယ္ရွားေပးခဲ့
နယူးေယာက္ၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံမွ ဆရာဝန္မ်ားသည္ ညာဘက္ႏွာေခါင္းေပါက္တြင္ အသက္ရႉရခက္ခဲေၾကာင္း ညည္းညဴလာသူ အမ်ိဳးသားတစ္ဦး၏ ႏွာေခါင္းအတြင္း၌ သြားတစ္ေခ်ာင္းေပါက္ေနသည္ကို ေတြ႕ရွိခဲ့သည္။
New York ရွိ Mount Sinai Health System မွ ခြဲစိတ္ဆရာဝန္ Sagar Khanna ႏွင့္ Michael Turner က အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ ညာဘက္ႏွာေခါင္းေပါက္မွ အသက္ရႉရခက္ခဲေနသည္ဟု ေျပာခဲ့ေၾကာင္း New England Journal of Medicine က ထုတ္ေဝထားေသာ ေလ့လာမႈတစ္ခုတြင္ ေျပာၾကားခဲ့သည္။
ႏွာေခါင္းထဲရွိ ပိုင္းျခားထားေသာအကန႔္၏ တစ္ဖက္သို႔ယိုင္ေနသည့္ အေနအထားကို ဆရာဝန္မ်ားက ေတြ႕ရွိခဲ့ၿပီး ႏွာေခါင္းတြင္းၾကည့္ကိရိယာျဖင့္ ၾကည့္ရႈခဲ့ရာ ညာဘက္ႏွာေခါင္းေပါက္၏ အေျခတြင္ ၀.၆ လက္မခန႔္ရွည္ေသာ သြားတစ္ေခ်ာင္းေပါက္ေနသည္ကို ေတြ႕ရွိခဲ့သည္။
ခြဲစိတ္ဆရာဝန္မ်ားက ၎တို႔သည္ ရႈပ္ေထြးမႈမရွိဘဲ သြားကို ဖယ္ရွားခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ခြဲစိတ္မႈအၿပီး သုံးလအၾကာတြင္ အဆိုပါအမ်ိဳးသားသည္ ႏွာေခါင္းေပါက္ႏွစ္ဖက္စလုံးမွ ပုံမွန္အတိုင္း အသက္ရႈႏိုင္ၿပီဟု ဆိုခဲ့သည္။