Shwe Pann Thee Global News သက်သတ်လွတ်စားသူများနှင့် အသားလျှော့စားသူများသည် အသားစားကြီးသူများနှင့် နှိုင်းယှဉ်ပါက ကင်ဆာဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာမှုကဆိုထား

သက်သတ်လွတ်စားသူများနှင့် အသားလျှော့စားသူများသည် အသားစားကြီးသူများနှင့် နှိုင်းယှဉ်ပါက ကင်ဆာဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာမှုကဆိုထား



သက်သတ်လွတ်စားသူများနှင့် အသားလျှော့စားသူများသည် အသားစားကြီးသူများနှင့် နှိုင်းယှဉ်ပါက ကင်ဆာဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာမှုကဆိုထား

တစ်ပတ်လျှင် အသားငါးကြိမ်ထက် ပိုစားသုံးခြင်းသည် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားကြောင်း သုတေသနပြုချက်များအရ သိရသည်။

အသားလျှော့စားခြင်း သို့မဟုတ် သက်သတ်လွတ်အစားအစာများကို စားသုံးသူများသည် အချို့သောကင်ဆာရောဂါများ ဖြစ်နိုင်ခြေနည်းကြောင်း ယခုအပတ်ထုတ်ဝေသော BMC Medicine တွင် လေ့လာမှုတစ်ခုက အကြံပြုထားသည်။

University of Oxford မှ သုတေသီများသည် လေ့လာမှု စတင်ချိန်တွင် ကင်ဆာမရှိသော အသက် ၄၀ မှ ၇၀ အတွင်း အရွယ်ရောက်ပြီးသူ ၄၇၂,၃၇၇ ဦးထံမှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ပျမ်းမျှအားဖြင့် ၁၁ နှစ်ကြာပြီးနောက် အသားများကို မကြာခဏစားလေ့ရှိသူများနှင့် ကင်ဆာရောဂါဖြစ်ပွားနှုန်းကို နှိုင်းယှဉ်ခဲ့သည်။

သက်သတ်လွတ်စားသူများသည် နေ့တိုင်းနီးပါး အသားစားသူများ (ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ငါးကြိမ်ထက်ပိုသော) နှင့် နှိုင်းယှဉ်ပါက ကင်ဆာဖြစ်နိုင်ခြေ ၁၄% လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။ အသားမစားဘဲ ငါးစားသူတွေမှာ ဖြစ်နိုင်ခြေ ၁၀% လျော့နည်းသည်။

ကင်ဆာအမျိုးအစားအချို့အတွက် ကွာခြားချက်မှာ ပိုသိသာထင်ရှားပြီး သုတေသီများအတွက် အံ့အားသင့်စရာဖြစ်ကြောင်း လေ့လာမှု၏ ဦးဆောင်ရေးသားသူနှင့် အောက်စဖို့ဒ်မှ ပါရဂူကျောင်းသား Cody Watling က Insider သို့ ပြောကြားခဲ့သည်။

Translate by Anne

Zawgyi Version

သက္သတ္လြတ္စားသူမ်ားႏွင့္ အသားေလွ်ာ့စားသူမ်ားသည္ အသားစားႀကီးသူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ကင္ဆာျဖစ္ႏိုင္ေျခနည္းပါးေၾကာင္း ေလ့လာမႈကဆိုထား

တစ္ပတ္လွ်င္ အသားငါးႀကိမ္ထက္ ပိုစားသုံးျခင္းသည္ ကင္ဆာျဖစ္ႏိုင္ေျခ ျမင့္မားေၾကာင္း သုေတသနျပဳခ်က္မ်ားအရ သိရသည္။

အသားေလွ်ာ့စားျခင္း သို႔မဟုတ္ သက္သတ္လြတ္အစားအစာမ်ားကို စားသုံးသူမ်ားသည္ အခ်ိဳ႕ေသာကင္ဆာေရာဂါမ်ား ျဖစ္ႏိုင္ေျခနည္းေၾကာင္း ယခုအပတ္ထုတ္ေဝေသာ BMC Medicine တြင္ ေလ့လာမႈတစ္ခုက အႀကံျပဳထားသည္။

University of Oxford မွ သုေတသီမ်ားသည္ ေလ့လာမႈ စတင္ခ်ိန္တြင္ ကင္ဆာမရွိေသာ အသက္ ၄၀ မွ ၇၀ အတြင္း အ႐ြယ္ေရာက္ၿပီးသူ ၄၇၂,၃၇၇ ဦးထံမွ အခ်က္အလက္မ်ားကို ခြဲျခမ္းစိတ္ျဖာခဲ့သည္။ ပ်မ္းမွ်အားျဖင့္ ၁၁ ႏွစ္ၾကာၿပီးေနာက္ အသားမ်ားကို မၾကာခဏစားေလ့ရွိသူမ်ားႏွင့္ ကင္ဆာေရာဂါျဖစ္ပြားႏႈန္းကို ႏႈိင္းယွဥ္ခဲ့သည္။

သက္သတ္လြတ္စားသူမ်ားသည္ ေန႔တိုင္းနီးပါး အသားစားသူမ်ား (ပ်မ္းမွ်အားျဖင့္ တစ္ပတ္လွ်င္ ငါးႀကိမ္ထက္ပိုေသာ) ႏွင့္ ႏႈိင္းယွဥ္ပါက ကင္ဆာျဖစ္ႏိုင္ေျခ ၁၄% ေလ်ာ့နည္းေၾကာင္း ေတြ႕ရွိခဲ့သည္။ အသားမစားဘဲ ငါးစားသူေတြမွာ ျဖစ္ႏိုင္ေျခ ၁၀% ေလ်ာ့နည္းသည္။

ကင္ဆာအမ်ိဳးအစားအခ်ိဳ႕အတြက္ ကြာျခားခ်က္မွာ ပိုသိသာထင္ရွားၿပီး သုေတသီမ်ားအတြက္ အံ့အားသင့္စရာျဖစ္ေၾကာင္း ေလ့လာမႈ၏ ဦးေဆာင္ေရးသားသူႏွင့္ ေအာက္စဖို႔ဒ္မွ ပါရဂူေက်ာင္းသား Cody Watling က Insider သို႔ ေျပာၾကားခဲ့သည္။

Leave a Reply

Your email address will not be published.