ဒညင်းသီးတွေ ခပ်ပေါပေါ စျေးထဲမှာ တွေ့လာရပါပြီ။ အဆိပ်သီးလို့ပဲ ပြောပြော လူတွေနဲ့ မတည့်ဆုံး အသီးလို့ပဲ ပြောပြော
ကြိုက်နှစ်သက်သူတွေကတော့ ဝယ်စားကြတာပါပဲ။
တို့စရာ အနေနဲ့ ပြုတ်စား ဆားရည်စိမ်းစား ဟင်းချက်စားနဲ့ ဒီရာသီဆိုရင် ဒညင်းသီးပေါလို့ ပျော်တောင် ပျော်နေကြမယ်ထင်ပါရဲ့။
ဆေးပညာ ပါရဂူ ဒေါက်တာခင်မောင်လွင်ရဲ့ ဟောပြောချက် တစ်ချို့မှာဆိုရင် ဒညင်းသီးမှာ ဖန်ချောင်းကဲ့သို့ ကလာပ်စည်းတွေ ပါဝင်ပြီး
အစာမခြေဖျက်နိုင်ဘဲ ကျောက်ကပ်မှာ သွားပိတ်ပြီး ကျောက်ကပ် ပျက်ဆီးစေနိုင်ပါတယ်။
ဒါပေမယ့် ဒညင်းသီးကို မြန်မာတွေ စားသုံးခဲ့တာကတော့ နှစ်ပေါင်း မနည်းတော့ပါဘူး။ ၂ဝဝနီးပါး ရှိမယ်လို့တောင် ခန့်မှန်းနိုင်ပါတယ်ဒီတော့
ဒညင်းသီးကို ရှောင်နိုင်သူတွေ ရှောင်ကြပြီး မရှောင်နိုင်သူတွေ အတွက်တော့ အဖြေဓာတ်တွေကို ဘယ်လို စားရမလဲဆိုတာပဲ ပြောပြရပါတော့မယ်။
ဒညင်းသီးကို တို့စရာ အနေနဲ့ တို့စားရင် ရှောက်ရွက်နဲ့ တွဲစားပေးပါ။ ပိတ်နေတဲ့ ဓာတ်တွေကို ပြန်ပွင့်ဖို့ ကူညီပါလိမ့်မယ်။ ပြုတ်ရင်လည်း
သကြားအနည်းငယ်နဲ့ ရှောက်ရွက် အနည်းငယ် ထည့်ပြုတ်ပေးပါ။ နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ် လျှော့နည်းစေပါတယ်။
ဒညင်းသီးကို ဆားရည်စိမ်ပြီး စားရင်တော့ အန္တာရယ် နည်းပါတယ်။ ဒညင်းသီး စားပြီးရင်တော့ သံပုရာရည် တစ်ခွက်ကို ချဉ်ချဉ်လေး ဖျော်ပြီး သောက်ပေးပါ။
အဆိပ်တွေ မတက်စေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ကျန်းမာရေးနဲ့ လိုက်ဖက်မယ့် အစားအစာတွေကို မှန်ကန်စွာ စားသုံးရင်တော့
အကောင်းဆုံပါပဲ။ အားလုံး ကျန်းမာပါစေ
Credit
Zawgyi Version
အကောင်းဆုံပါပဲ။ အားလုံး ကျန်းမာပါစေ
Credit