မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုမှုအတွက် ပုဂ္ဂလိက ဘဏ် ၄ ဘဏ်အားခွင့်ပြုလိုက်ပြီလို့
ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိတွင် ယွမ်/ကျပ် တိုက်ရိုက်အ သုံးပြုပြီး ဘဏ်လမ်းကြောင်းအသုံးပြုငွေပေးချေရန် မြန်မာ့စီးပွားရေးဘဏ်၊
ICBC(Yangon Branch) နှင့် BOC (Yangon Branch) တို့အားခွင့်ပြုထားပြီး
CB Bank ၊ ဧရာဝတီဘဏ်၊ UAB ဘဏ်နှင့် မြန်မာ့ရှေ့ဆောင် ဘဏ်တို့အားထပ်မံ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ငွေကြေးဈေးကွက် ကျွမ်းကျင်သူတစ်ဦးက “USD ကို နိုင်ငံခြားငွေကြီးကြပ်မှု ကော်မတီ တစ်ခုထဲက စီမံတော့မယ်

ဥပမာ တရုတ်ကိုကုန်ဖိုးပေးမယ်ဆိုရင် USD ကို ကြားမခံပဲ Yuan နဲ့တိုက်ရိုက် Change ပြီး
အလုပ်လုပ်ဖို့ ပြည်တွင်းဘဏ် ၄ ခုလဲ ဒီရက်ပိုင်းမှာ ခွင့်ပြုထားတယ် ။USD ကလဲ ဒီရက်ပိုင်းမှာ အကြီးအကျယ်လှုပ်နေတယ်
ကမ္ဘာမှာကြီးကိုက USDကိုကြားခံအသုံးမပြုဖို့ Gold Reserve ငွေတွေဘာတွေက အသံတွေကြားနေရတာကိုး” လို့မှတ်ချက်ပေးပါတယ်။
အဆိုပါ ပုဂ္ဂလိကဘဏ်များအနေဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များတွင် ဘဏ်ခွဲရှိသည့်
နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိက ဘဏ်များကို ခွင့်ပြုခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေမှုကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်လာနိုင်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ကာ
ငွေပေးချေမှုနှင့် စာရင်းရှင်း လင်းမှုစနစ်များ လွယ်ကူချောမွေ့စေနိုင်မှာဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။
Credit