Shwe Pann Thee Religious အိမ်ပိုင်မြေပိုင် ဖြစ်လိုသူများအတွက် အဓိဋ္ဌာန်ဝင် ကုသိုလ်ပြုနည်း

အိမ်ပိုင်မြေပိုင် ဖြစ်လိုသူများအတွက် အဓိဋ္ဌာန်ဝင် ကုသိုလ်ပြုနည်း



သစ်တံခါးဆရာတော် ၏ ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ် အောင် အဓိဋ္ဌာန်ဝင် ကုသိုလ်ပြု၍ ဆာင်ရွက်နည်း

နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ ပွင့်တော်မူပြီးသော မြတ်ဗုဒ္ဓအဆူဆူတို့အား ရည်မှန်း၍

ဆွမ်းတစ်ပွဲ ရဟန္တာများ အရိယာများ ဝိဇ္ဇာဓမ္မဝိဇ္ဇာ နတ်ကောင်းနတ်မြတ်တို့အတွက် ရည်မှန်း၍ ဆွမ်းတစ်ပွဲ တစ်ယောက်စာ တစ်ပန်းကန်စာတွင် ဆွမ်းနှင့် ဆွမ်းဟင်း စုထည့်ကာ ခက်ရင်းနှင့်ဇွန်း တပ်ပါ

( လက်ဆေးတော်ရေ လက်သုတ်ပုဝါနှင့်လည်းရပါသည် )

အချိူ ပွဲကိုလည်း ပုဂံပြားတစ်ချပ်တွင် စုထည့်ပါ သောက်တော်ရေ (သို့) ရေနွေးကြမ်းတစ်ခွက်စီ လှူဒါန်းပူဇော်ပုံ မိမိစားသုံးနေသောစားပွဲ(သို့)တစ်နေရာတွင် သီးသန့်ထား ဆွမ်းပွဲကိုလက်နှင့် ကိုင်မြှောက်ကာ

” ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူပြီးကြသော ​​မြတ်ဗုဒ္ဓအဆူဆူ ရဟန္တာပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များနှင့်သံဃာတော်အပေါင်း အရိယာဝိဇ္ဇာ ဓမ္မဝိဇ္ဇာထွက်ရပ် လမ်းစရောက်တော်မူကြ သော

ဝိဇ္ဇာထိုရ် သူတော်ကောင်းအပေါင်း အရှင်ကောင်း သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတို့ ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော် မူကြပါ သုံးဆောင်တော်မူ ကြပါဟု ” ပင့်ဖိတ် ၍ အလှုဒါန ပြု ပေးပါ။

မိမိ ထမင်းစားပြီးပါက .. မြတ်ဗုဒ္ဓ နှင့်ရဟန္တာ များ အရိယာ ဝိဇ္ဇာ ဓမ္မဝိဇ္ဇာ တို့အတွက် အလှုဒါန ပြု့ထားသော ပန်းကန်များကို ကိုင်ပြီး သစ္စာအရင်ပြုပါ

သစ္စာပြုပုံ

တပည့်တော် တစ်ခါမှမလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေမြေကြီးပေါ်မှာစား၊ မြေကြီးပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ကာ နေထိုင်သည့် အတွက် ” အသင်” မြေကြီးသည် ကျေးဇူးကြီးမားလှပါသည်။

ဤကဲ့ သို့ ကျေးဇူး ကြီးမားလှသောကြောင့် ” ဤ မြေကြီးကို စောင့်ရှောက်နေပါသော ” ဝသုန္ဒရေ ” မြေစောင့်နတ် မင်း နှင့် မြေကြီး ပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုင်ပါစေ

ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ သာယာကြစေ ကျန်းမာ ကြပါစေ ချမ်းချမ်း သာသာ စားသောက် နိုင်ကြပါစေ “

အလှူဒါနပြုပုံ

ကပ်လှုထားသော ထမင်းဟင်း ၂ ပွဲ ရေ တို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ… မြေပြင်ပေါ်တွင်ဘာမှမခင်းရ ကျန်တစ်ဝက် ကို မိမိစား ပါ။

“ဆွေတော် မျိူးတော် အပေါင်း နှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်း နှင့် (၃၁) ဘုံ သား သတ္တဝါများ စားသုံးတော်မူ ကြပါ သုံးဆောင်တော်မူ ကြပါ

ဆုတောင်း

ဤကဲ့သို့ ကုသိုလ် ကောင်းမှု့ထူး ကို ပြု့လုပ်ရပါသော ကောင်းကျိူး များကြောင့် “ဘုရားတပည့်တော်( … ) သည် ” မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင်” သူဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ

အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြုနိုင်ပါစေသား” ဟု ဆုတောင်းသစ္စာ ပြုပါ

ရောဂါပျောက်ပါစေ ကျန်းမာပါစေ လာ်လာဘဝင်စေ ။ ဝင်ငွေ တိုးပါစေ ဟုရွတ်ဆိုပါက လက်တွေ့ အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ

အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Leave a Reply

Your email address will not be published.