Shwe Pann Thee Knowledge သင်္ကြန်မတိုင်မှီ ဘာပစ္စည်းတွေဝယ်ထားသင့်လဲ…..

သင်္ကြန်မတိုင်မှီ ဘာပစ္စည်းတွေဝယ်ထားသင့်လဲ…..



💦💦 ဟေး.. သင်္ကြန်လည်းရောက်တော့မယ်ဆိုတော့ လိုအပ်တာတွေကြိုတင်ပြင်ဆင်ပြီးကြပြီလား …💦💦

သင်္ကြန်အတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းလေးတွေကို ကြိုတင်ဝယ်ယူလို့ရအောင် မင်မင်က ဖော်ပြလိုက်တယ်နော် …💁

(၁) စားသောက်ကုန်ပစ္စည်းများ 🍜

အိမ်တွင်းအောင်းမယ့်သူတွေအတွက်ဆိုရင် အရသာရှိတဲ့ မုန့်တွေလုပ်စားလို့ရအောင် စားသောက်ကုန်ပစ္စည်းတွေကို

မြန်မြန်ဝယ်ယူပြီး စုဆောင်းထားမှ ဖြစ်မယ်နော် … ဒါမှ သင်္ကြန်အတွင်း အိမ်တွင်းအောင်းမယ့်သူတွေအတွက် သူငယ်ချင်းတွေနဲ့ စုပြီး

မုန့်လုပ်စားတာဖြစ်ဖြစ် အလှူလုပ်တာပဲဖြစ်ဖြစ် အဆင်ပြေစေမှာပေါ့ ..

(၂) အမျိုးသား၊ အမျိုးသမီးဝတ်ဖက်ရှင်များနဲ့ ဖက်ရှင်ပစ္စည်းများ 👗

သင်္ကြန်လည်မယ့် ကိုကိုမမတွေအတွက်ဆိုရင်တော့ အမိမိုက်ဆုံး ဖက်ရှင်ပစ္စည်းလေးတွေကို ဝယ်ယူထားမို့ လိုအပ်တာပေါ့ ….

ဒါဆိုရင်တော့ အမိမိုက်ဆုံး ဖက်ရှင်နဲ့ အလန်းစား ဖက်ရှင်ပစ္စည်းမျိုးစုံကို အမြန်ဆုံး ဝယ်ယူထားမို့လိုမယ်နော် … ဒါမှသာ အမိုက်စားဖက်ရှင်တွေနဲ့ သင်္ကြန်မှာ အပြတ်လန်းနိုင်မှာပေါ့ …

(၃) အလှကုန်ပစ္စည်းများ 💄

သင်္ကြန်မှာ အပြတ်ကဲမယ့် ပျိုမေတွေ ကိုကိုတွေအတွက် အသားအရည်ကို ထိန်းသိမ်းပေးမယ့် စကင်းကဲတွေလည်း ရှိမို့ လိုအပ်သေးတယ်နော်

နရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေတွေကို ပျက်စီးစေမှာဆိုတော့ နေရောင်ခံကာကွယ်လိမ်းဆေးတွေလည်း မဖြစ်မနေ ကြိုတင်ဝယ်ယူထားသင့်ပါတယ်နော်….

Credit

Leave a Reply

Your email address will not be published.