Shwe Pann Thee Global News ၁၅ နှစ်လုံး ကျောကုန်းထဲက ကျည်ဆံကို မထုတ်ပဲ နေခဲ့သူ

၁၅ နှစ်လုံး ကျောကုန်းထဲက ကျည်ဆံကို မထုတ်ပဲ နေခဲ့သူ



Erica Miles ဟာ အထက်တန်းကျောင်းသူဘ၀မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုရဲ့ အလယ်မှာ ရောက်ရှိနေခဲ့ပြီးနောက် အခြေအနေတွေဟာ ပိုမိုဆိုးရွာခဲ့ပါတယ်။ “၂၀၀၅ ခုနှစ်တုန်းက အထက်တန်းကျောင်းတက်တုန်းက ဘောလုံးပွဲအပြီးမှာ သူငယ်ချင်းတွေနဲ့ ကားစီးဖို့ စောင့်နေကြတာ၊ အဲ့ချိန်မှာ အုပ်စုနှစ်အုပ်စု အချင်းချင်း ပစ်ခတ်နေတဲ့ကြားထဲကို ကျွန်မတို့က ရောက်ရှိသွားခဲ့ကြတာ ” လို့ သူမက Stuck ဆေးဘက်ဆိုင်ရာမှတ်တမ်းစီးရီးမှာ ပြောပြခဲ့ပါတယ်။

“ သူတို့တွေအချင်းချင်း ပစ်ခတ်နေကြချိန်မှာ ကျွန်မကျောကို ကျည်ဆံထိသွားခဲ့တယ်။ ခံစားရတာ မီးလောင်သလိုပါပဲ။ အဲဒီအချိန်က ကျွန်မကျောရိုးနဲ့ အရမ်းနီးကပ်နေပြီလို့ ပြောပြီး သူတို့တွေက မထုတ်ချင်ဘူးလို့ ပြောခဲ့တယ်။ ” နှစ်တွေကြာလာတာနဲ့အမျှ သူ့အတွင်းမှာရှိတဲ့ ကျည်ဆန်နဲ့ အသက်ရှင်နေထိုင်ဖို့ သင်ယူခဲ့ပြီး အဲဒီနေရာမှာ ကျည်ဆံရှိနေတာကို မေ့လုနီးပါးပါပဲ။ “ကျွန်မ နောက်ကျောမှာ နှစ်တွေကြာအောင် ကျည်ဆံ ရွေ့လျားနေတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။ အဲဒါကို တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ အဲဒါက ကျွန်မကို ဘယ်တော့မှ အနှောင့်အယှက်မပေးခဲ့ပါဘူး။”

ဒါပေမယ့် တစ်ညမှာ လွန်ခဲ့တဲ့ 15 နှစ်ခန့်က သူမရဲ့ ကြောက်မက်ဖွယ် အတွေ့အကြုံကို သတိရသွားပြီး သူမရဲ့ အရေပြားအောက်က ကျည်ဆန်ကို ခံစားလိုက်ရပါတယ်။ “ အဲဒါက ကျည်ဆံပဲဆိုတာ သိခဲ့တယ်” လို့သူမက ပြောခဲ့တယ်။ ” ကျွန်မကြောက်နေခဲ့တယ်၊ ဘာလို့လဲဆို ကျည်ဆံက အဲ့ဒီနေရာမှာ ရှိနေရမှာ မဟုတ်ပါဘူး။ အဲ့တာက ကျွန်မကျောကုန်းရဲ့ အပေါ်ဘက်မှာရှိသင့်တာပါ၊ ခုတော့ ကျည်ဆံက ကျွန်မကျောကုန်းရဲ့ အောက်ဘက်ကို ရွေ့သွားပါပြီ ”

ကျည်ဆံဟာ ထိုနေရာမှာ အကြာကြီး ရှိနေခဲ့တာ ထူးဆန်းတယ်လို့ထင်ရပေမယ့်လည်း သူမရဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာ George Crawford က ဒါဟာ သာမန်အလေ့အကျင့်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ “လူတွေက တစ်ချိန်လုံး ပစ်ခတ်ခံရပြီး ကျည်ဆံတွေကို ကျွန်‌ေတာ်တို့ ဘယ်တော့မှ မဖယ်ကြဘူး။ အဲဒါ TV တစ်မျိုးပဲ၊ ကျည်ဆံတွေကို သွေးကြော ဒါမှမဟုတ် အဆစ်ထဲမှာ မပိတ်မိဘူးဆိုရင် ကျည်ဆံတွေ အားလုံးကို မဖယ်ထုတ်ပဲ ချန်ထားခဲ့တယ်။ ဘာကြောင့်လဲဆို‌ေတာ့ သင်ဟာ အဲဒီ ကျည်ဆံကို ရဖို့အတွက်ဆို များသောအားဖြင့် ပိုကြီးတဲ့ ပြဿနာကို ဖြစ်စေနိုင်တယ်”

သူက ဆက်လက်ပြီး “ခန္ဓာကိုယ်က အချိန်အတိုင်းအတာတစ်ခုမှာ သူ့ဘာသာသူ ကျည်ဆံကို ဖယ်ရှားပစ်လိမ့်မယ်။ ပြဿနာက ကျည်ဆံဟာ အရေးပြားနားရောက်လာရင်ကို ရောက်တဲ့အခါ နာကျင်စေပါတယ်၊ သူမရဲ့ [Erica] မှာ ဒါက သိသိသာသာ နာကျင်မှုကို ဖြစ်စေခဲ့တယ်၊ ဒါကြောင့် ဖယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။” သူမက ” ခွဲစိတ်မှုအပြီးမှာတော့ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ကျွန်မမှာ ဘာပြဿနာမှ စိုးရိမ်စရာမရှိပါဘူး။ ပုံမှန်အတိုင်းပဲ သက်သာလာပါတယ်။ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မ Dr Crawford ကို အရမ်းကျေးဇူးတင်ပါတယ်၊ ကျွန်မ ဘာမှ မနာကျင်ခဲ့ရလို့ ဝမ်းသာပါတယ်၊ ကျည်ဆန်က ကျွန်မနောက်ကျောကနေ ထွက်လာတာကို ဝမ်းသာပါတယ်။” လို့ ပြောပြခဲ့ပါတယ်။

Credit dailyhotnewsmm

Leave a Reply

Your email address will not be published.