Shwe Pann Thee Knowledge ယနေ့အထိ အကြိုက်ဆုံး ဥပမာ(အကျိုးရှိစေပါလိမ့်မယ် ဖတ်သွားပါ)

ယနေ့အထိ အကြိုက်ဆုံး ဥပမာ(အကျိုးရှိစေပါလိမ့်မယ် ဖတ်သွားပါ)



ယနေ့အကြိုက်ဆုံးဥပမာ

ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် ။

ရေထဲပြန်ဆင်းဖို့အတွက် သူ လူးလှိမ့်ခုန်ပစ်ပေမယ့် ၊ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့ သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ !!

ဒါကိုပုရွက်ဆိတ်တွေ မြင်တော့ငါးကို ကယ်မယ် လုပ်ကြတယ်ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ၊ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ !!!

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ် “မချီကြနဲ့…မနိုင်လောက်ဘူူး..””ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် “ဆိုပြီး ဝိုင်းကိုက်ကြလေတော့

ငါးက နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း ၊ရေမြောင်းစပ်ဆီကို ရောက်သွားတယ် နောက်ဆုံး ရေထဲထိ ရောက်သွားနိုင်ခဲ့တယ် !!

တစ်ချို့ နာကျင်ခြင်းတွေဟာ တစ်ချို့တိုက်ခိုက်မှု့တွေဟာအောင်မြင်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ မမေ့ကြပါနဲ့ !!

တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ် ။

စိတ်ညစ်ချင် ညစ်ပါ ။သို့သော် စိတ်ဓာတ်မကျပါနဲ့ ။ဘာအကြောင်း,ကြောင်း ကြောင့်မှစိတ်ဓာတ်မကျလိုက်ပါနဲ့ !!

နင်းတတ်ရင်အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။”အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ” ဆိုတဲ့ ပုံပြင်လေးကို သတိရလိုက်ပါ !!!

Credit

Leave a Reply

Your email address will not be published.