Shwe Pann Thee Health ကြက်ဥ နဲ့ ငါးပိ ရှိယုံဖြင့် လူတိုင်းလုပ်နိုင်တဲ့ အသီး၊အရွက်၊အမြစ်သန်ဆေးရည် လုပ်နည်း

ကြက်ဥ နဲ့ ငါးပိ ရှိယုံဖြင့် လူတိုင်းလုပ်နိုင်တဲ့ အသီး၊အရွက်၊အမြစ်သန်ဆေးရည် လုပ်နည်း



အပင်တွေကို တိုက်ရိုက် ကြက်ဥခွံ ၊ဟင်းအချိုမှုန့် ၊ငါးပိတွေ ကျွေးတာထက်ပိုထိရောက်သောနည်း ရလဒ်ကောင်းအော်ဂဲနစ် ဆေးရည် အလွယ်တ ကူ ပြုလုပ်အသုံးပြုနည်း။

 

အပင်အတွက် အမြစ်ကိုလည်း သန်မာစေပါတယ်အရွက် အပွင့် အသီးတို့အတွက် အရွက်သန် အပွင့်အား ကောင်း အရသာရှိသော အသီးကို ဖြစ်စေပါတယ်။

ကုန်ကြမ်းများ
——–
☑ကြက်ဥ ၁ လုံး☑ကြက်ဥအခွံ ၂ လုံး☑ဟင်းအချို မှုန့် ၁ ဇွန်း☑ငါးပိစိမ်း အရည် ၁ ဇွန်း(မျှင်ငပိ /ငပိထောင်း ထောင်းတဲ့ ငပိစိမ်း ၁ ဇွန်း လည်း သုံးလို့ရ)

 

 

ပြုလုပ်နည်း
——–
ကြက်ဥ ၁ လုံးခေါက်ပါ ဟင်းအချိုမှုန့် ၁ ဇွန်း ထည့်ပါငါးပိရည် ၁ ဇွန်းထည့်ပါ

အသီးဖျော်စက်ထဲထည့်ပြီး ကြက်ဥအခွံ ၂ လုံး သမ အောင် ရောကြိတ်ပါ ဖျော်စက် မရှိသူများ ကြက်ဥအခွံကိုငရုပ်ဆုံ ကိုသန့်စင်အောင်ဆေးပြီး ကြက်ဥအခွံ ကို ထောင်းနိုင်ပါတယ်။ရေ ၁ လီတာစီ ရေဘူးထဲ အဆင်သင့် ထည့်ထားပါ

 

အသင့်ကြိတ် ဖျော်ထားသော ကြက်ဥ အရည်ကို၁ ဇွန်းဆီ ထည့်ပါ သမအောင် လုပ်ခါပါ၅-၆ ပုလင်းခန့်ရပါလိမ့်မည်။အဖုံး လုံအောင်ပိတ်ပါ နေပူတွင် ဆေးထည့်ထားသော ရေဘူး ၇ ရက်ထားပါ။တစ်နေ့ ၁ ကြိမ် လုပ်ခါပေးရပါမည်။

၂၁-ရက်အတွင်းမှာတော့ အနုဇီဝပိုးများပေါက်ပွားပြီး အနီရောင် ရှိသော ဂျူလင်စီစံခေါစင်ကိုရရှိပါပြီ။

 

 

ဆေးအောင်မြင်ပြီး ဆေးရည် ဖြစ်လာပြီဆိုပါကပြန်လည် ပွားယူရတာပိုပြီး လျင်မြန်ပါတယ်

ပွားနည်း
—–
ကြက်ဥ ၁ လုံးဟင်းချို မှုန့် ၁ ဇွန်းငါးပိရည် ၁ ဇွန်းဆေးဦးရည် ၂ ဇွန်း သမအောင်မှပေါ ။၁ လီတာရှိသော ရေအသင့်ပုလင်းထဲ ၁ ဇွန်းစီထည့်ပါ ၅/၆ ပုလင်း လီတာခန့်ရပါမည်။

 

 

သမရောစပ်ထားသော အရည် ထည့်ပြီး သား ထဲ နောက်ထပ် ဆေး ဦးရည် ၃ ဇွန်း ထပ်ထည့်ပြီး လှုပ်ခါပါပုလင်းကို လဲရက်အဖုံးပိတ် နေ ပူထဲ ၇ ရက် ထားပါ အရင် ပထမ ဆေး လို ၂၁ ရက်စောင့်စရာ မလိုတော့ပါ။

၇ ရက် ပြည့်ရင် အသုံးပြုလို့ရပါပြီဗျာ။

 

အသုံးပြုနည်း
——–
ဆေးဖျန်းပုံး ၂၀ လီတာ ၁ ပုံးကို ဆေးရည် ၂ဝ ဇွန်း၇ ရက် ၁ကြိမ်ဖျန်းပေးပါ ။ကျစ်နေသော မြေအတွက် မြေကြီးထဲထည့်ပါ ဆေးရည် ၂၀ ဇွန်း ရေ ၂၀လီတာရော

 

 

မြေကြီးထဲထည့်ဖျန်း အပင်အတွက် အမြစ်ကိုလည်း သန်မာစေတယ် အစာချက်အား ပိုမို ကောင်းမွန်စေပါတယ်။

စိုက်ပျိုးရေးနည်းပညာ

Leave a Reply

Your email address will not be published.