လက်ရှိနိုင်ငံရေးပကတိအခြေအနေတွေကြောင့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos ထပ်မံ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က တနင်္သာရီကမ်းလွန်ရှိ ရဲတံခွန်စီမံကိန်းမှ ဓာတ်ငွေ့ထုတ်လုပ်နေကြတဲ့ မလေးရှားအစိုးရပိုင် PETRONAS ကုမ္ပဏီ နဲ့ ထိုင်းကုမ္ပဏီ PTT Plc တို့လည်း မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် လုပ်ငန်းရပ်ဆိုင်းလိုက်ပြီလို့ ကြေညာအပြီး ဂျပန်ကုမ္ပဏီEneos ကလည်းအလားတူ ကြေညာလာခဲ့တာပါ။
တနင်္သာရီတိုင်း ကမ်းလွန်ဒေသမှာထွက်ရှိတဲ့ သာဝဓာတ်ငွေ့တွေကို ၂၀၀၃ ခုနှစ်ကစတင်ပြီး ရဲတံခွန်စီမံကိန်းအဖြစ် PETRONAS ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ PCML က ရှယ်ယာ ၄၀ ဒသမ ၉ ရာခိုင်နှုန်း၊ MOGE က ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ Eneos ပါဝင်တဲ့ Nippon Oil နဲ့ PTT တို့က ၁၉ ဒသမ၃ ရာခိုင်နှုန်းနဲ့ ထည့်ဝင်ပိုင်ဆိုင်ပြီး လုပ်ကိုင်ခဲ့ကြတာပါ။

ရဲတံခွန်စီမံကိန်းမှာ အမြင့်ဆုံးဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ နီးပါးထိ ထုတ်လုပ်နိုင်ခဲ့်လို့သိရပြီး ထွက်ရှိလာတဲ့ ဓာတ်ငွေ့ တွေကို ပြည်တွင်းမှာ ဖြန့်ဖြူးခြင်းမရှိဘဲ ထိုင်းနိုင်ငံကို ပို့လွှတ်ပြီး ထိုင်းအစိုးရပိုင် PTTEP ဆီ တိုက်ရိုက် ရောင်းချခဲ့တာပါ။
ဓာတ်ငွေ့ထွက်ရှိမှုကို ၂၀၂၃-၂၄ ခုနှစ်အထိ ကုဗပေသန်း ၆၀ သာ ထုတ်လုပ်ဖို့ သဘောတူစာချုပ် ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။
AKonthi