Shwe Pann Thee Local News ပဌာန်းရွတ်ဖတ်ပူဇော်နေစဉ်လုပ်ကြံခံရ၍ပျံလွန်တော်မူသွားတဲ့ဆရာတော်တစ်ပါး

ပဌာန်းရွတ်ဖတ်ပူဇော်နေစဉ်လုပ်ကြံခံရ၍ပျံလွန်တော်မူသွားတဲ့ဆရာတော်တစ်ပါး



ပဌာန်းရွတ်ဖတ်ပူဇော်နေစဉ်လုပ်ကြံခံရ၍ပျံလွန်တော်မူသွားတဲ့ဆရာတော်တစ်ပါး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အောင်ရတနာကျောင်းမှ ဆရာတော်ပညိန္ဒသည် ညပိုင်းက ပဌာန်းရွတ်ဖတ်ပူဇော်ပြီးနောက် ဓါးဖြင့် လုပ်ကြံခံရ၍ ပျံလွန်တော်မူခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး People Media က ဆရာတော်တစ်ပါးထံ ဆက်သွယ်မေးမြန်းလျောက်ထားရာ “အောင်ရတနာကျောင်း ရှစ်မျက်နှာဘုရားက အုတ်တံတိုင်းဘေးမှာ

ဆရာတော်က ညစဉ်ပရိတ်၊ ပဌာန်းရွတ် ဖတ်ပူဇော်နေတာကြာပါပြီ။ လပြည့်ညက အသံမကြားလို့ ကိုယ်ရင်တစ်ပါးက သွားကြည့်တာ ဓါ-းဒဏ်ရာတွေနဲ့ ေ-သွးအို-င်ထဲမှာ လဲနေတာ” လို့ မိန့်ပါတယ်။

ည ၁၀ နာရီကျော်ထိ ဆရာတော်ပညိန္ဒသည် ကျောင်းအတွင်း ဝင်ရောက်လာခြင်းမရှိလို့ ဆရာတော်၏ အသံ လည်း မကြားရ၍ ကိုယ်ရင် တစ်ပါးက သွားကြည့်ခဲ့ရာ ဆရာတော်သည်

သွေးအိုင်ထဲ၌ ဓားဒါဏ်ရာများဖြင့် လဲကျနေကြောင်းတွေ့ရှိ၍ ဆရာတော်ကြီးနှင့် သံဃာများကဆေးရုံပို့စဉ် ပျံလွန်တော်မူ ခဲ့တာ လည်းဖြစ် ပါတယ်။

သေဆုံးသူ ဆရာတော် ဘုရားသည် နိုင်ငံရေးကင်းရှင်း သလို ဓမ္မစကူးလ် သင်တန်းအား ဦးစီးနေသည့် ဆရာ တော်တစ်ပါး လည်း ဖြစ်ပါတယ်။

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်း ဒေသကြီး၌ ဆရာတော်၊ သံဃာ့တော်များ လုပ်ကြံသတ်ဖြတ်မှုခံနေရသလို အချို့ မှာ ပျောက်ဆုံးလျက် ရှိနေ ပါတယ်။

Crd

Leave a Reply

Your email address will not be published.