Shwe Pann Thee Astrology မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တယ်ဆိုတဲ့ ဇနကဟောကိန်း

မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တယ်ဆိုတဲ့ ဇနကဟောကိန်း



သင်​့အသက်​ဘယ်​​လောက်​လဲ? ဘာ​နေ့​မွေးလဲ?သာမှန်​မှန်​​ပြောပါ…မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ဇနကဟောကိန်း…

ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ်ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထ်ိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။

တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။

အဟောကြည့်နည်း….

ဥပမာ – မိမိက တနင်္ဂနွေသားသမီး အခုရောက်သက် ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။

မိမိက တနင်္လာသားသမီး အခုရောက်သက် ၂ဝနှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ။

တည်​

တည်​ဆိုတာ သ​င်္ဘောတည်​​ဆောက်​တာကို ​ပြောတာပါ။ လုပ်​ငန်​း​တွေအတွက်​ ကြံစည်​ဆဲ၊ လုပ်​ငန်​း​တွေအစပြုဆဲ အ​ခြေအ​နေကို​ရောက်​​နေတယ်​လို့ ​ပြောတာပါ။ လုပ်​ငန်​းအတွက်​ ရင်​းနှီးမြုပ်​နှံဖို့ ရန်​ရှာရာတွင်​လွယ်​ကူလိမ်​့မည်​။

လုပ်​ငန်​းအကြံအစည်​​အောင်​မြင်​မည်​။ အလုပ်​ရှာ​နေလျှင်​ အလုပ်​ရမည်​။ အလုပ်​​လျှောက်​ထားလျှင်​ အလုပ်​ရမည်​။ အမှုကိစ္စ​တွေ၊ အလုပ်​​တွေများမည်​။ ​ငွေဝင်​များသလို ​ငွေထွက်​လဲများမည်​။

ထွက်​

ထွက်​ဆိုတာ ဇမ္ဗနဂိုရ်​ပြည်​က သ​င်္ဘောစထွက်​တာကို​ပြောတာပါ။ ​ကောင်​းမွန်​​သောမိတ်​​ဆွေသစ်​များ တိုးမည်​။ စပ်​တူရှယ်​ယာလုပ်​ငန်​းများ လုပ်​ရမည်​့အချိန်​​ကောင်​းပါ။ ပြည်​တွင်​း၊ပြည်​ပခရီးများ သွားရမည်​။ နိုင်​ငံခြားကုန်​လုပ်​ငန်​းများ ​အောင်​မြင်​မည်​။

ပျက်​

ပျက်​ဆိုတာ သ​င်္ဘောပျက်​သွားတာကို ​ပြောတာပါ။ ကံဇာတာညံ့ချိန်​ပါ။ စီးပွား​ရေးကျဆင်​းမယ်​။ သူများမ​ကောင်​းကြံတာခံရတတ်​သည်​။

မ​တော်​တဆထိခိုက်​မှု အ​သေးအဖွဲများ ကြုံတတ်​သလို ​သေ​ကောင်​​ပေါင်​းလဲ​ဝေဒနာများ ဖြစ်​တတ်​သည်​။ ရာထူးလုပ်​ငန်​းကို​နှောင်​့ယှက်​မည်​့သူ ​ပေါ်လာလိမ်​့မည်​။ အိမ်​​ထောင်​​ရေးကို အထူးသတိထားပါ။

ကျောက်​

ကျောက်​ဆိုတာ ​မေခလာနတ်​သမီးက ​ကျောက်​ဖျာထက်​မှာတင်​​ပေးထားတဲ့ ကိန်​းဆိုက်​ပြီဆို​တော့ ကံ​ကောင်​းပြီလို့မှတ်​ပါ။ မ​မျှော်​လင်​့ပဲကူညီမယ်​့သူ​တွေ​ပေါ်မယ်​။ ​အောင်​ပါ​လေသိန်​းထီဆုကြီးများ ​ပေါက်​မယ်​။ မကျန်​းမမာဖြစ်​​နေရင်​​တော့ ပြန်​ပြီးကျန်​းမာလာမယ်​။

ဆရာ​ကောင်​းနဲ့​တွေ့ပြီလို့​ဟောပါ။ အမှုရှိရင်​ရှိနိုင်​မည်​။ အချုပ်​​နှောင်​ခံ​နေရရင်​ လွတ်​မည်​။ ကျဆင်​း​နေ​သောစီးပွား​ရေးများ ပြန်​တက်​လာမည်​။ ပညာ​ရေးလဲ​ကောင်​းမည်​။ အိမ်​​ထောင်​ကျလျှင်​ အိမ်​​ထောင်​ဖက်​​ကောင်​းနှင်​့​တွေ့ပြီလို့​ဟောပါ။ အကြံအစည်​များ ​အောင်​မြင်​မည်​။

ထီး

ထီးဆိုတာ ထီးဖြူ​ဆောင်​းတဲ့ကိန်​းပါ။ နာမည်​​ကျော်​ကြားထင်​ရှားမည်​။ ​ကောင်​းသတင်​းနှင်​့ ​ကျော်​ကြားခြင်​းပါ။ ဆုလာဘ်​​တွေရမည်​။ ဘွဲ့ထူးဂုဏ်​ထူးများ ရမည်​။

စာ​မေးပွဲ​ဖြေထားရင်​ စာ​မေးပွဲ​အောင်​မည်​။ ရာထူးတိုးမည်​။ စီးပွား​ရေးလုပ်​ငန်​းများ တိုးချဲ့ရမည်​။ အိမ်​သစ်​​ဆောက်​ကိန်​း၊ အိမ်​သစ်​ရကိန်​း​ပေါ်မည်​။

နန်​း

နန်​းဆိုတာ နန်​းအပ်​ခံရတဲ့ကိန်​းပါ။ ကံဇာတာ​ကောင်​းပြီလို့​ဟောပါ။ ရာထူးတိုးမည်​။ စီးပွားဖြစ်​ထွန်​းမည်​။ အ​မွေအနှစ်​​တွေရမည်​။ အပြိုင်​အဆိုင်​​တွေမှာ အနိုင်​ရမည်​။ ​

ရွေး​ကောက်​ပွဲ​တွေမှာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ရင်​နိုင်​မည်​။ အိမ်​​ထောင်​ကျကိန်​းရှိသည်​။ အိမ်​​ထောင်​ကျလျှင်​လဲ ကံ​ကောင်​းမည်​။ အလှူပြုလုပ်​ရမည်​။ မင်​းစိုးရာဇာ အကြီးအကဲဖြစ်​မည်​။

စံ

စံဆိုတာ မင်​းစည်​းစိမ်​ကိုခံယူရတဲ့ကိန်​းပါ။ ​ဘေးအန္တာရာယ်​ကင်​းပြီး စုတ်​ကြီး၊လာဘ်​ကြီး​တွေဝင်​မည်​။ လုပ်​ငန်​း​တွေတိုးတက်​မည်​။ ကြီးမားတဲ့ရာထူး​တွေရမည်​။

သို​လှောင်​ပစ္စည်​း​တွေက အကျိုးအမြတ်​ရမည်​။ အ​ခြွေအရံမိတ်​​ဆွေအ​ပေါင်​းအသင်​း တိုးမည်​။ ​ငွေ​ကြေးစု​ဆောင်​းမိမည်​။

ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန် ရည်ရွယ်၍ ကူးယူရေးသားပါသည်။

ဗေဒင် လက္ခဏာ

Leave a Reply

Your email address will not be published.