Shwe Pann Thee Knowledge လူ့တန်ဖိုးဆိုတာပညာတွေတတ်ပြီး အကောင်း အဆိုး အမှား အမှန်ကို မခွဲခြားနိုင်ရင် အလကားပါပဲ။

လူ့တန်ဖိုးဆိုတာပညာတွေတတ်ပြီး အကောင်း အဆိုး အမှား အမှန်ကို မခွဲခြားနိုင်ရင် အလကားပါပဲ။



လူ့တန်ဖိုးဆိုတာ
ပညာတွေတတ်ပြီး အကောင်း အဆိုး အမှား အမှန်ကို မခွဲခြားနိုင်ရင် အလကားပါပဲ။ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်
ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။
အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးနိုင်တဲ့ နှလုံးသား မရှိရင် အလကားပါပဲ။ ရုပ်ရည် ဘယ်လောက်ချောချော လူတစ်ယောက်ကို
လူလို့ မမြင်တတ်ရင် အလကားပါပဲ။ အသိပညာ ဘယ်လောက်ရှိရှိ တစ်ခြားသူပြောတဲ့စကားကိုတန်ဖိုးမထားတတ်ရင် အလကားပါပဲ။

အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစားရိုးသားမှုမရှိရင် အလကားပါပဲ။ ဘယ်လောက်ပဲ တော်နေပါစေ ကိုချင်းစားစိတ်မရှိရင် အလကားပါပဲ။ ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို့ ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကိုထောက်ပြဆွေးနွေးတာမကြိုက်ရင် အလကားပါပဲ။ တကယ်တမ်းတော့ လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့ခေါင်း မဟုတ်ပါဘူး။

အခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသားဂရုစိုက် နားထောင်ပေးတတ်ပြီး စာနာတတ်တဲ့ နားပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ။အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်ပဲ ဖြစ်ပါတယ်။


ဘာလို့လဲဆိုတော့ လူတော်တွေဘယ်လောက်များများလူကောင်းဆိုတာ မရှိခဲ့ရင် အမှန်တရားတွေပျောက်ကွယ်
လာပီး လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု့ သာယာမှု့တွေပျောက်ဆုံးလာပါလိမ့်မယ်။

Credit

Leave a Reply

Your email address will not be published.