လူတိုင်းအတွက် မင်္ဂလာပွဲနေ့သည် အရေးကြီးဆုံးဖြစ်ပြီး တစ်စုံတစ်ခု မှားယွင်းမှုများမဖြစ်အောင်လည်း အထူးဂရုပြုရမည့်အချိန်လည်း ဖြစ်စေသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံမှ သတို့သားတစ်ဦးသည် ချစ်သူမိန်းကလေးနဲ့ မင်္ဂလာမဆောင်ခင် ညတွင် အူအတက်ပေါက်လို့ဆိုပြီး ဆေးရုံသို့ အပြေးအလွှား သွားပြခဲ့ရပြီး တစ်ခါတည်း ခွဲခန်းပါ ဝင်ခဲ့ရသည်။
သတို့သားသည် ကံကောင်းစွာပဲ ခွဲစိတ်မှုအောင်မြင်ပြီးနောက် ပြန်သတိရချိန်တွင် သူ့ရဲ့ မင်္ဂလာပွဲနေ့မှန်း သတိရကာ ဆရာဝန်ဖြစ်သူအား သူနေမကောင်းသေးတာကို သိပေမယ့် ၁၀နှစ်အကြာ ချစ်လာခဲ့ရသော မိန်းကလေးနဲ့ မင်္ဂလာပွဲလေး ပျက်သွားမည်ကို မလိုလား၍ ဆေးရုံပေးဆင်းရန် နှင့် မင်္ဂလာပွဲပြီးတာနဲ့ ဆေးကုသမှုပြန်ခံယူမည်ဟု တောင်းဆိုခဲ့သည်။



ဆရာဝန်လည်း သတို့သားရဲ့ စိတ်အခြေအနေကို စာနာမိပြီးတော့ ဆေးဝန်ထမ်းတွေကိုပါ ထည့်လွှတ်လိုက်ပြီး သတို့သားအား သူ့ရဲ့ မင်္ဂလာပွဲကို ပြီးဆုံးအောင် ကျင်းပစေခဲ့သည်။
Rain (For Ialinks)