Shwe Pann Thee Health မျက်စိမှုန်သူများအတွက် ဆေးစွမ်းကောင်း (နတ်မျက်စဉ်း)

မျက်စိမှုန်သူများအတွက် ဆေးစွမ်းကောင်း (နတ်မျက်စဉ်း)



အခုကျနော်ပြောမဲ့ နတ်မျက်စဉ်းဆေးနည်းက အမှတ်(၁၃၄)၊ စက်တင်ဘာလ၊ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတာပါ။ မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန် လည် တင်ပြတာပါခင်ဗျာ။

ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာ မှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင် စာရေးသူ ကိုယ်တိုင် ရေးသား ခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည် တင်ပြ လိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ၀နျခံလိုကျပါသညျ။

မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။ သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကို အခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည် လုံး၀မမှုန်ပါ မျက်မှန် မတတ်ရပါ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အ၀ ရှိနေပါသည် မျက် မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။

ကျွန်တော် ဆရာကြီး ဦးကြည်ဟန်နှင့် ကရင်ပြည်နယ် ကော့လုံ ကျွန်းတွင် တွေ့ဆုံမိကြပါ သည်။ ဆရာကြီး၏ မျက်စိအား ကောင်းမွန်နေမှုကို အံ့သြမိသည် သို့ပါ၍ ဆရာကြီး အား မေးမြန်း ပြောဆို မိပါသည်။

ဆရာကြီးရဲ့ မျက်စိဟာ လူငယ် တစ်ဦးလို ကောင်းမွန်နေတာ တွေ့ရတယ် မျက်စိမမှုန်ဘူး မျက်စိဟာ အားနည်း မှု အရိပ်အယောင် မတွေ့ရဘူး ကြည်လင်ရွှန်းလဲ့နေတယ် “

ဒီတော့ဆရာကြီးမှာ မျက်စိနဲ့ပတ်သက်လို့ အစွမ်းရှိစေမယ့် ဆေးနည်းကောင်း များရှိရင် ကျွန်တော့်ကိုညွှန်ပြ ပြောဆိုပေးပါခင်ဗျာ။ ကျွန်တော်ကငယ်ငယ်နဲ့ မျက်စိအားနည်းနေလို့ပါ အစွမ်းထက်တဲ့ မျက်စဉ်းတစ်မျိုးဖော်ပြီး ခတ်ပါ ဦးလဲ အဲဒီ မျက်စဉ်းခတ်ခဲ့လို့ အခုလိုမျက်စိ အားမနည်းဘဲ ပကတိကောင်းမွန်နေ တာပါပဲ ဟုတ်ကဲ့၊ နည်းလမ်း ညွှန်ပြပေးပါ မျက်စဉ်းကို ဖော်ပါ့မယ် ဆရာကြီး

ဆေးနည်း

မနက်စောစောမှာ စံပယ်ပင်က စံပယ်ပန်း(၃)ပွင့် ခူးယူရမယ် ရေပြောင်အောင် ဆေးရမယ် ” စံပယ်ပင် မရှိတဲ့သူကလဲ စံပယ်ပန်းရောင်းတဲ့ဆီက၀ယ်ပေါ့။ ဒါပေမယ့် ခပ်လတ်လတ်ကို ၀ယျပါ။

နွမ်းရင် မယူနဲ့။ အဲဒီ စံပယ်ပန်းကို ဖန်ခွက်အလွတ်တစ်ခုမှာ ထည့်ရမယ် ” နောက် ရေသန့်သန့် ဖန်ခွက်(၃)ပုံ (၂)ပုံ ထည့်ရမယ်။ တစ်နေ့လုံး စိမ်ထားရမယ်။

ညမှာ မျက်စိကို ခတ်ခါနီး ပန်းကို ဖယ်ပစ်လိုက်၊ အဲဒီရေကို အဲဒီည မျက်စိကို ခတ်။ ပထမဦးဆုံး ခတ်တဲ့နေ့ နံနက်မှာ မျက်စိမှာ ထူးထူးခြားခြား မျက်ချေးတွေ ပိတ်နေလိမ့်မည်။

အ၀တ်ပွတစ်ခုကို ရေဆွတ်ပြီး မျက်စိကို ပွတ်သတ် သန့်ရှင်းမှု လုပ်ပေးရမယ်။ အဲဒီပန်းစိမ်ရေကို (၇)ရက်ဆက်တိုက် ခတ်ပေးရမယ်။ မျက်ချေးက တစ်နေ့ တခြား နည်းသွားမယ်။

(၇)ရက်ခတ်မိရင်ပဲ မျက်စိမှုန်နေသူ ပြန်လင်းပြီး။ မျက်စိမှာ တိမ်ရှိရင် ပျောက်သွားမယ်။ မျက်စိအား အရင်ထက် ထူးထူးကဲကဲ ကောင်းလာ မယ်။

(၇)ရက် ဆက်တိုက် ခတ်ပြီးရင် (၁၅)ရက်လောက် နားရမယ်။ နောက် (၁၅)ရက်ပြည့်ရင် ပထမ(၇)ရက်သုံးခဲ့တဲ့ မျက်စဉ်းရေကို မသုံးရဘူး။ နောက်တစ်ခါ အသစ်ပြန်ပြီး ပန်းကိုစိမ် ရတဲ့မျက်စဉ်းရေကို (၇)ရက်ဆက်ခတ်။

(၇)ရက်ပြီးရင် (၁၅)ရက်နားရမယ်။ ဒီလို(၇)ရက်ခတ်၊ (၁၅)ရက်နား၊ (၃)ပတ်ပြည့်ရင် မျက်စိဝေဒနာတွေ ကင်းဝေးသွားပြီး။ မျက်စိမှုန်၊ မျက်ခိုးထွက်၊ မျက် မှန်တပ်ရသူ၊ မျက် မှန်လွတ်မယ် တိမ်ရှိရင် ပျောက် မယ်။

ဘာအန္တရာယ်မှ မရှိဘူး ဆေးနည်းက လွယ်တယ်။ ဒါပေမယ့် စည်းစနစ်ကျ လုပ်ဆောင်ရမယ်။” လက်တွေ့ ဆေးနည်းမို့ လက်တွေ့သာလုပ်ကြည့် အကျိုးရှိစေရမယ် ယုံကြည်ပါတယ်။

ဆရာကြီးကိုယ်တိုင် လက်တွေ့ တွေ့နေရပြီပဲ။ ဒါနဲ့ဆရာကြီး ဒီနည်းပညာကို ဆရာကြီး ဘယ်သူ့ဆီက ရခဲ့တာပါလဲ။ သိပါရစေ ဒီအစွမ်းထက် မျက်စဉ်းရခဲ့တဲ့နေရာက ဒီကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာက ပဲ။

ပေးအပ်တဲ့ ပုဂ္ဂိုလ်က နမ့်ပန်ကျောင်းက ဆရာတော် ဦးနန္ဒဝံသ က လမ်းညွှန်နည်းပေးခဲ့တာပဲ တိုက်ဆိုင်မှုရှိသူ၊ မျက်စိဝေဒနာရှင်များ လက်တွေ့ ဆောင်ရွက်မှုဖြင့် အကျိုးဖြစ်နိုင်စေရန် လမ်းညွှန်ဖော်ပြ ရေးသား လိုက်ရပါသည်။

ဆေးနည်းပညာ ပေးအပ်လမ်းညွှန်ပေးခဲ့သော ကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာ နမ့်ပန်ကျောင်းမှ ဆရာတော် ဦးနန္ဒဝံသ နှင့် ဆရာကြီး ဦးကြည်ဟန်တို့အား မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြလိုက် ပါသည်။

ဝေဒနာရှင်အပေါင်းတို့ ကျန်းမာပါစေ ဆန္ဒပြုလျှက်…………..
ဖြူစင်အလိုကင်းနိုင်ပါစေ
အညတရ ဘိက္ခု wallမှ…..

မှတ်ချက်။

အထူးသတိပြုရန်မှာ စပယ်ပန်းသည် အော်ဂဲနစ် ( သဘာဝပန်းပွင့် ) ဖြစ်ရပါမည် ။ ယခုရောင်းတန်းပန်းများမှာ သိပ္ပံနည်းဖြင့် ဆေးဖျန်းအသုံးပြုသည်ကများသဖြင့် မျက်လုံးအတွက် အသုံးပြုရန်မသင့်ပါ ။

Leave a Reply

Your email address will not be published.