Shwe Pann Thee Local News YBS ပေါ်မှာ ခါးပိုက်နှိုက်နဲ့ ထောက်လှမ်းရေးအပြင် နောက်ထပ်ကြောက်ရမယ့် အန္တရာယ်တခု

YBS ပေါ်မှာ ခါးပိုက်နှိုက်နဲ့ ထောက်လှမ်းရေးအပြင် နောက်ထပ်ကြောက်ရမယ့် အန္တရာယ်တခု



ရန်ကုန်မြို့နေ ပြည်သူတွေ နေ့စဉ် လှုပ်ရှားသွားလာဖို့ မဖြစ်မနေ စီးနင်းရတဲ့ YBS တွေပေါ်မှာ လတ်တလော ခါးပိုက်နှုက်တွေ အုပ်စုဖွဲ့ သောင်းကျန်းနေကြပါတယ်။ ခါးပိုက်နှိုက်တွေအပြင် မိန်းကလေးတွေကို မဖွယ်မရာ ပြုလုပ်တဲ့ ထောက်လှမ်းရေးတွေလည်း သောင်းကျန်းလျက်ရှိနေပါတယ်။ ဒါပေမယ့် ယခုတခါမှာတော့ YBS ပေါ်မှာ ကျား ကျားချင်း လက်သရမ်းတဲ့ အကြောင်းကို ဖော်ပြ လိုက်ပါတယ်-

သူဘာကို နှိုက်ချင်တာလဲ၊ ကိုယ့်မှာတော့ကြောက်လိုက်ရတာ ခါးပိုက်နှိုက်က်လားပေါ့။ ဖြစ်စဉ်က ကျနော်စစီးမယ့် မှတ်တိုင်ကနေ ကားပေါ်တက်ပီး နောက်ဆုံးငါးယောက်ထိုင်ခုံလွတ်တာနဲ့ အဲထိုင်ခုံ ဝင်ထိုင်လိုက်တယ်။

နောက်ဆုံးမှာ အတွဲတစ်တွဲနဲ့ ကိုယ်ပဲရှိတာ သူတို့ကဟိုဘက်အစပ် ကိုယ်ကဒီဘက်အစပ်၊ အဲဒါကိုဗျာ ရှေ့ကနှစ်ယောက်ခုံမှာ ထိုင်နေရာကနေ ကျနော်ဘေးကို ခုပုံထဲကအတိုင်းထိုင်တော့တာပဲ။

ယောကျ်ားတန်မယ့်ဗျာ ဟိုဘတ်လည်းတိုးမထိုင်ဘူး။ သူနဲ့ အတွဲကြားမှာလဲ ထိုင်ခုံအလွတ်ကြီး သူကိုင်တော့မှာ ကြိုမြင်နေတယ် ကျနော်လည်း ဖုန်းကိုထုတ်ပြီး ကြောက်ကြောက်နဲ့ ရိုက်လိုက်တာ အရေးထဲ ကင်မရာကအသံထွက်သွားလို့ တခါတည်း တန်းပိတ်ပစ်ရတယ်။

နောက်တော့ ကိုယ်ရှေ့မှာ တစ်ယောက်ခုံက လွတ်သွားတော့ အဲတစ်ယောက်ခုံကို ဝင်ထိုင်လိုက်ရတယ်ဗျာ။ ဘာလို့ အဲလိုလုပ်တာလဲ နားမလည်ဘူး ယောကျ်ားချင်း သူလည်းပါနေတာဘဲကို။ ခေတ်က ကို ယောကျ်ာချင်းမျက်စိကျတဲ့ခေတ်ဖြစ်နေပြီလား (Soe Htet Aung)

Leave a Reply

Your email address will not be published.