Shwe Pann Thee Global News လက်ဖြင့်ချုပ်လုပ်တဲ့ သားရေဖိနပ်တွေကို မင်းမျိုးမင်းနွယ်တို့ကို ရောင်းချပေးနိုင်တဲ့အထိ ဖက်ရှင်ကျအောင်လုပ်နိုင်ခဲ့တဲ့ အဘိုးအို

လက်ဖြင့်ချုပ်လုပ်တဲ့ သားရေဖိနပ်တွေကို မင်းမျိုးမင်းနွယ်တို့ကို ရောင်းချပေးနိုင်တဲ့အထိ ဖက်ရှင်ကျအောင်လုပ်နိုင်ခဲ့တဲ့ အဘိုးအို



လက်ဖြင့်ချုပ်လုပ်တဲ့ သားရေဖိနပ်တွေကို မင်းမျိုးမင်းနွယ်တို့ကို ရောင်းချပေးနိုင်တဲ့အထိ ဖက်ရှင်ကျအောင်လုပ်နိုင်ခဲ့တဲ့ အဘိုးအို

ကိုယ်တိုင်သင်ကြားတဲ့ ဖိနပ်ချုပ်လုပ်သူဟာ ဗီယက်နမ်နိုင်ငံ Saigon မြို့ရှိ သူ့ရဲ့ အလုပ်ရုံဆွေးနွေးပွဲမှ ကမ္ဘာပေါ်မှာ အကောင်းဆုံးသောသားရေဖိနပ်အချို့ကို ဖက်ရှင်ကျအောင်ပြုလုပ်နိုင်ခဲ့ပါတယ် ။ အသက် ၈၉ နှစ်ရှိ Trinh Ngoc အမည်ရှိ အဘိုးအိုဟာ ကမ္ဘာ့ခေါင်းဆောင်များရဲ့ အလိုလိုက်တဲ့ဖိနပ်များကို လက်မှုပညာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ် ။

သူက ဖိနပ်ချုပ်ခြင်းကို ငယ်ဆင်ကပင် စတင်ခဲ့ပြီး Ngoc ရဲ့အစ်ကိုက ခရီးဆောင်အိတ်များ ပြုလုပ်ရန် လေ့ကျင့်ခဲ့ပါတယ် ။ မကြာခင်မှာ Ngoc တို့မိသားစုက ဖနွမ်းပင်ကို ပြောင်းသွားပြီး ပြင်သစ်မြို့သစ်တစ်မြို့မှာ ဖိနပ်ဆိုင်ဖွင့်ခဲ့ပါတယ် ။ အစပိုင်းမှာ လူတွေက Ngocသူလက်ရာကိုအယုံအကြည်မရှိဘဲ၊ သူ့ဖိနပ်ရဲ့ အရည်အသွေးက မသန့်ရှင်းသေးတာကြောင့် ဖြစ်ပါတယ် ။

ဒါပေမယ့် Ngoc ညတိုင်းဒီဖိနပ်တွေကို အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ခဲ့ပါတယ် ။ “ တဖြည်းဖြည်း၊ တနေ့ထက်တနေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ ကျွန်တော့်ကျွမ်းကျင်မှုတိုးတက်လာပြီး ဖိနပ်တွေပို လုပ်လာတယ် ” လို့ Ngoc ပြောခဲ့ပါတယ် ။

ထိုနည်းအတိုင်း နှစ်နှစ်ခန့်လေ့ကျင့်ပြီးနောက် သူက သူရဲ့ဖောက်သည်အချို့ကို ပြသခဲ့ပြီး ကံကောင်းစွာနဲ့ပဲ သူ့ဖောက်သည်တွေက သူ့လက်ရာတွေကို တကယ်ကြိုက်နှစ်သက်တာတွေ့ခဲ့ရပြီး မကြာခင်မှာ နေ့တိုင်းအော်ဒါတွေပိုများလာခဲ့ပါတယ် ။

သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ စီးပွားရေးက တဖြည်းဖြည်းကြီးထွားလာပြီး အချိန်တန်သော် သူ့ရဲ့ အမှတ်တံဆိပ်က ကမ္ဘောဒီးယားတစ်ခွင်မှာ ကျော်ကြားလာခဲ့ပါတယ် ။ “ ပြင်သစ်စီးပွားရေးသမားတွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေကအစ အော်ဒါတင်တယ် ။ ပြင်သစ်သံအမတ်တောင် ကျွန်တော့်ဆိုင်မှာ ဖိနပ်ချုပ်ဖို့ လာခဲ့တယ် ” လို့ Ngoc က ဆိုပါတယ် ။

ဥရောပဖိနပ်များသာစီးတဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Norodom Sihanouk က Ngoc ရဲ့ ဖိနပ်စွမ်းရည်ကိုကြား သိပြီး သူ့အတွက် တစ်စုံပြုလုပ်ရန် နန်းတော်သို့ ဖိတ်ခေါ်ခံခဲ့ရပါတယ် ။ ထိုအချိန်မှာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းက အမြင့်ဆုံးသို့ ရောက်လာခဲ့ပါတယ် ။

အဲ့ဒီအချိန်ကစပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းက အဆင်ပြေလာပြီး တစ်နေ့ကို ဖိနပ် အရံ ၂၀၀၊ ၃၀၀အထိ ထုတ်လုပ်လာနိုင်ခဲ့ပါတယ် ။ ဖိနပ်ချုပ်လုပ်ငန်းမှ အောင်မြင်ရန်၊ သင်မြင်လိုတဲ့အရာကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်မှု၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ခေတ်မီအနုပညာမျက်လုံးများနဲ့ ရွှေလက်များလိုအပ်တယ်လို့ သူက ထပ်မံပြောခဲ့ပါတယ် ။

credit

Leave a Reply

Your email address will not be published.