Shwe Pann Thee Knowledge အသက် (၂၃) နှစ်အရွယ်မှာ စက်လှေ အစီး (၈၀) ပိုင်ပြီး သူဌေးဖြစ်နေသူ ပြောပြတဲ့ စီးပွားဖြစ်နည်း

အသက် (၂၃) နှစ်အရွယ်မှာ စက်လှေ အစီး (၈၀) ပိုင်ပြီး သူဌေးဖြစ်နေသူ ပြောပြတဲ့ စီးပွားဖြစ်နည်း



စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ် သူပြောဖူးတဲ့ စကားတစ်ခု လူတယောက်က တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့ တစ်လ ကို ၅သောင်းသုံးတယ် သူ တစ်လ ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ ဘာလုပ်မလဲတဲ့

ကိုယ် ထင်ခဲ့တာ အသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့ သူ ရယ်တယ် အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး တစ်လကို ၅သောင်း အသုံးစားရိတ်ရှိနေရင် ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ တွေးရတယ် လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့။

စောစောကပြောတော့ ဝင်ငွေက တဝက်ကျသွားတာဆိုလို့ ပြန်မေးတော့ သူ ထပ်ရယ်တယ် ဒီစီးပွားက ငွေဝင်နည်းရင် အခြားတစ်ခုကိုရအောင်ကြံပေါ့ အချိန်တိုင်း ကြံစည်နေရမှာပဲလေ လူဆိုတာ မွေးစကနေ သေသည်အထိ ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ ပူလောင်လိုက်တာ မညည်းနဲ့ အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့

အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့ Director ဖြစ်နေပြီ သူငယ်ငယ်က သူ့မိသားစုက စက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး ပန်းခြံလဲ မသိဘူး အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင် မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ ဆိုပြီး လှမ်းပြောတတ်တဲ့သူမျိုး။

သူ့မှာ… လူငယ်ဘဝလဲ ဆုံးရှုံးတယ် ပျော်စရာဆိုတာ မရှိသလောက်ပဲ ဒီလို နေရတာ ပျော်ရဲ့လား? ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့ အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ် ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ် မကျန်းမာတဲ့အခါ ကုနိုင်တယ် ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ် တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ။

ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို အတ္တကြီးရာ ကျတာပေါ့တဲ့ ဘဝမှာ တခုပဲရမယ် အောင်မြင်မှုလား အေးချမ်းမှုလား နှစ်ခုလုံးလိုချင်လို့တော့ မရဘူး ကြာလာလေ သဘောပေါက်လာလေပဲ။

ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြဿနာမဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်။ သူများစားရင် ကျွေးချင်တယ်။ သူများဝတ်ရင် ဆင်ချင်တယ်။ သူများပေးရင် ကိုယ်လဲပေးချင်တယ် ဒါဟာ လောဘ ဆိုရင် ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာပဲ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.