Shwe Pann Thee Knowledge ကိုယ်ပေးသလောက် ပြန်ရမယ်

ကိုယ်ပေးသလောက် ပြန်ရမယ်



တခါတုန်းက ရွာတရွာမှာ မုန့်ဖုတ်သမားကြီး တဦး ရှိသတဲ့။ မုန့်ဖုတ်သမားကြီး ဆီကို နေ့စဉ် နေ့တိုင်း ထောပတ် ရောင်းတဲ့ လယ်သမား တဦး ရှိခဲ့ပါတယ်။

တနေ့မှာတော့ မုန့်ဖုတ်သမားဟာ လယ်သမားကြီး ဆီကနေ ထောပတ်ကို ဝယ်လာခဲ့တယ်။ မုန့်ဖုတ်သမားဟာ သူဝယ်လာတဲ့ ထောပတ်ကို ချိန်ကြည့် လိုက်တဲ့ အခါမှာ အချိန် လျော့နေတာကို သိလိုက် ရပါတယ်။


သူဟာ စိတ်တိုသွားပြီး လယ်သမားကို တရားစွဲဖို့ တရားခွင်သို့ ခေါ်သွားလိုက် ပါတယ်။ တရားသူကြီးက လယ်သမားကို ဘယ်အချိန်အတွယ် ယူနစ်ကို သုံးလဲ လို့ မေးမြန်းပါတယ်။ ဒီတော့ လယ်သမားက

“တရားသူကြီးမင်း ခင်ဗျာ၊ ကျွန်တော်မျိုးဟာ စာမတတ်သူတယောက် ဖြစ်လို့ အချိန်အတွယ် ယူနစ် တွေကို မသိပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးမှာ ထောပတ်ရောင်းတိုင်း စံထား ချိန်တွယ်တဲ့ အလေးတော့ ရှိပါတယ်” လို့ ပြန်ဖြေလိုက် ပါတယ်။

ဒါနဲ့ တရားသူကြီးက မေးလိုက်တယ်။ “ဟုတ်ပြီ၊ ဒါဆို မောင်မင်း ထောပတ်ကို ဘယ်လို ချိန်လဲ” ဆိုတော့ လယ်သမားက ဒီလိုပြန်ဖြေ လိုက်ပါတယ်။

“တရားသူကြီးမင်း ခင်ဗျာ ဒီမုန့်ဖုတ်သမား ဦးလေးကြီးက ကျွန်တော့ဆီမှာ ထောပတ် မဝယ်ခင် ကတည်းက ကျွန်တော်ဟာ သူ့ဆီကနေ ပေါင်မုန့် တပေါင် နေ့တိုင်း ဝယ်နေကျပါ။ မနက်တိုင်း သူဟာ ကျွန်တော့ကို ပေါင်မုန့် ယူလာပေး ပါတယ်။


ကျွန်တော်က သူ့ဆီက ပေါင်မုန့်ကို ချိန်ခွင်ပေါ် တင်ပြီး တူညီတဲ့ ထောပတ် ပမာဏ အတိုင်း ပြန်ပေးလေ့ ရှိပါတယ်။ ဒီတော့ ထောပတ်က အလေး မပြည့်ဘူး ဆိုရင် မုန့်ဖုတ်သမားကိုပဲ မေးသင့်ပါတယ်”

လယ်သမားကြီးက အဲဒီလို ပြောလိုက်တာနဲ့ မုန့်ဖုတ်သမားကြီးက သူ့ရဲ့ မရိုးသားမှုတွေ ပေါ်သွားလို့ မုန့်ဖုတ်သမားကြီးဟာ အရှက်ရ သွားပါတယ်။ ရိုးသားတဲ့ လယ်သမားကတော့ အမှုက လွတ်မြောက်သွားပြီး မုန့်ဖုတ်သမားကြီး ကတော့ သူ့ရဲ့လိမ်လည်မှု အတွက် ဒဏ်ရိုက် ခံလိုက်ရ ပါတယ်။

ဒီပုံပြင်လေးကနေ ပြောပြချင်တဲ့ သင်ခန်းစာ ကတော့ တို့တတွေက ဘယ်အရာမဆို ကိုယ့်ဘက်က ပေးသလောက်ပဲ ပြန်ရမှာပါ။ အလုပ်တခု လုပ်တိုင်း “ကိုယ်ရတဲ့ အဖိုးအခ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ အဖိုးအခနဲ့ တူတဲ့ လုံ့လဝီရိယ စိုက်ထုတ် နေခဲ့သလား” လို့ အမြဲတမ်း ကိုယ့်ကိုယ်ကို ပြန်မေးသင့် ပါတယ်။


စာမေးပွဲ ဖြေမယ့် ကျောင်းသား ဖြစ်ဖြစ်၊ အလုပ်မှာ ရာထူး တိုးချင်သူပဲ ဖြစ်ဖြစ် ကိုယ်လိုချင်တာနဲ့ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု ရှိရပါမယ်။ ထီပေါက်ချင်တဲ့ သူတောင် အနည်းဆုံးတော့ ထီလက်မှတ် ရှာဝယ်ရတာပဲ မဟုတ်လား။

Crd

Leave a Reply

Your email address will not be published.