ယောက်ျား မဟုတ်လားအဲဒါဆို မိန်းမတစ်ယောက်နဲ့ ဘယ်တော့မှယှဉ်ပြီး ရန်မဖြစ်နဲ့ယောက်ျား မဟုတ်လားအဲဒါဆို မိန်းမတစ်ယောက်ကို ဘယ်တော့မှမဆဲနဲ့ မအော်နဲ့
ယောက်ျား မဟုတ်လားအဲဒါဆို မိန်းမတစ်ယောက်ကို ဘယ်လောက်ပဲ ဒေါသဖြစ်ဖြစ် ကိုယ်ထိလက်ရောက်ရိုက်တာ နှိပ်စက်တာ ဘယ်တော့မှ မလုပ်မိစေနဲ့လောကမှာမိန်းမတစ်ယောက်အပေါ်လက်ပါတတ်တဲ့ ယောကျာ်းမျိုးက
လောကနီတိနဲ့ နိယာမတရားအရအရှက်မရှိတဲ့ အောက်တန်းစားနဲ့ အဆင့်မရှိတဲ့လူ့တိရစ္ဆာန်မျိုးလို့ ခေါ်တယ်

ယောက်ျား မဟုတ်လားအဲဒါဆို မိန်းမတစ်ယောက်ရဲ့ အားနည်းချက်ကို ဘယ်တော့မှ အနိုင်မယူနဲ့ ပျက်ရယ်မပြုနဲ့ယောက်ျား မဟုတ်လား
အဲဒါဆို မိန်းမတိုင်းကို ကာမရာဂစိတ်နဲ့ပဲ မမြင်နဲ့
ကိုယ့်သမီးအရွယ်ကိုယ့်ညီမအရွယ်ကိုယ့်အစ်မအရွယ် မိန်းမတစ်ယောက်ကိုပြစ်မှားမိတော့မယ်ဆိုရင်လူ့ဘဝထဲရောက်အောင် မွေးဖွားပေးခဲ့ရတဲ့ကိုယ့်ရဲ့အမေကို အရင်ဆုံးသတိရ

ယောက်ျား မဟုတ်လားအဲဒါဆို ကိုယ်နဲ့ အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲပြီးတဲ့ မိန်းမတစ်ယောက်ရဲ့အကြောင်းကို ပါးစပ်အရသာခံပြီး တစ်ဖက်မိန်းကလေးတန်ဖိုးကျအောင် လျှောက်မပြောနဲ့
“ နှမချင်း ကိုယ်ချင်းစာပါ ”လို့ ပြောတဲ့အခါ
“ ငါ့မှာ ညီမမရှိလို့ ကိုယ်ချင်းမစာတတ်ဘူး ” ဆိုတဲ့ခွေး စကားမျိုး ပြောတော့မယ် ဆိုရင်လည်းကိုယ့်ကို လူလားမြောက်အောင်မွေးဖွားပေးခဲ့ရတဲ့ ကိုယ်ရဲ့အမေရဲ့ မျက်နှာကိုအရင်ဆုံးပြန်မြင်ယောင်Ok နော်
#EternalLove
#Honeyကိုယ်တိုင်ရေးစာစုများ