Shwe Pann Thee Knowledge စီးပွားရေးလုပ်သောအခါ မုဆိုးကြီးလို ကျင့်ပါ

စီးပွားရေးလုပ်သောအခါ မုဆိုးကြီးလို ကျင့်ပါ



တခါတုန်းက စီးပွားရေး လုပ်ရတာ အဆင်မပြေလို့ စိတ်ညစ်နေတဲ့ လူငယ်လေး တယောက် ရှိတယ်။ သူက စိတ်ညစ်မှု တွေကို ဖြေဖျောက်ဖို့ သူ့အိမ်ရဲ့ မနီးမဝေးမှာ ရှိတဲ့ တောအုပ်လေးနားက စမ်းချောင်းလေး ဘေးမှာ အေးအေးဆေးဆေး စိတ်ဖြေရင်း နည်းလမ်းသစ် တွေကို စဉ်းစားနေ ခဲ့တယ်။

အဲ့ဒီလို နေ့စဉ် ထိုင်စဉ်းစား နေခဲ့တဲ့ နေ့ရက်တိုင်းမှာ သူ့နံဘေး ကနေ မုဆိုးကြီးတဦးက တောကောင်တွေ တနေ့တမျိုး ရ ရလာကာ ဖြတ်သွားလေ့ ရှိတာကို သတိထား မိတယ်။

အဲဒါနဲ့ တရက်တော့ ဗဟုသုတလည်း ရအောင် ဆိုပြီး မုဆိုးကြီးကို သားကောင်တွေ တနေ့တမျိုး ဘယ်လိုရအောင် လုပ်လဲ မေးကြည့်ခဲ့တယ်။ မုဆိုးကြီး ကလည်း အသက်ဝါကြီးသူ ဆိုတော့ ‌လူ့လောကရဲ့ အတွေ့အကြုံများ အတော်အသင့် ရှိနေခဲ့ပြီ။

ဒါကြောင့် လူငယ်လေး စကားပြောတဲ့ အခါမှာ “ငါလည်း မင်းကို သတိထားမိ ပါတယ်။ ဘာကြောင့် ဒီနေရာမှာ လာလာပြီး ထိုင်နေတာလဲ” လို့ ပြန်မေးတယ်။ ဒီအခါ လူငယ်က သူဟာ စီးပွားရေး လုပ်ရတာ အဆင်မပြေကြောင်း စိတ်ညစ်ညစ်နဲ့ ဖွင့်ဟ ပြောဆိုလိုက် ပါတော့တယ်။ ဒီအခါကျမှ မုဆိုးကြီးဟာ သူရဲ့ မုဆိုးလောကနဲ့ ယှဉ်ပြီး စီးပွားဘယ်လို လုပ်ရတယ် ဆိုတာကို ပြောဆို ပါတော့တယ်။

“စီးပွားရေး လုပ်တယ် ဆိုတာ အခု လုပ်ချင်တိုင်း ထလုပ်လို့ ရတဲ့အရာ မဟုတ်ဘူးကွ။ စီးပွားရေး မဆိုထားနဲ့ မင်းတို့တွေ သင်တန်းလေးတခု တက်ချင်တယ် ဆိုရင်တောင် ကိုယ်တက်မယ့် သင်တန်းလေး ကောင်းမကောင်း၊ အခြေအနေ ဘယ်လိုရှိလဲ ကြိုတင်လေ့လာ‌ စုံစမ်းရတယ်။

အဲဒီလို ပြုလုပ်ခြင်းက သင်တန်း တက်လိုက်ကာမှ မကောင်းကြောင်း၊ အဆင်မပြေကြောင်းနဲ့ တွေ့ရင် နစ်နာမှု မရှိမှာ ဖြစ်တယ်။ ဒါကြောင့် ကြိုတင် ပြင်ဆင်ခြင်းသည် အောင်မြင်မှုအတွက် အရေးပါသော ကဏ္ဍတခု အနေနဲ့ ပါဝင်လို့ နေတယ်။

ဒါကြောင့် စီးပွားရေး လုပ်ခြင်းက ငါတို့လို မုဆိုးတယောက် သားကောင်လိုက်ဖို့ အားထုတ်ရတာနဲ့ တူတယ်။ မုဆိုးဟာ သားကောင် မလိုက်ခင် တောရဲ့ အခြေအနေကို ကျွမ်းကျင်အောင် လေ့လာရတယ်။ ဘယ်နားမှာ ဘာရှိတယ်၊ ဘယ်နေရာမှာ ဘယ်လို လုပ်ရင်ဖြင့် သားကောင်ကို ရနိုင်မယ် စသဖြင့် လေ့လာ မှတ်သားရတယ်။

img-70c8be37b4d35768df-V-8435.jpg

ကိုယ်ကျင်လည်မယ့် နေရာမှာ မျက်စိလည်ကာ လမ်းမပျောက် သွားအောင်လည်း ကြိုးစားရတယ်။ သားကောင်လိုက်ရင်း လမ်းပျောက်သွားရင် သားကောင်လည်း ရှုံး၊ လမ်းလည်း ဆုံးတတ်သောကြောင့် ဖြစ်တယ်။

img-24566gu8be37b4d35768desy-t225.jpg

ဒါ့အပြင် တောကောင်ဟင်းသားတော့ ရချင်ပါရဲ့ တောကျွမ်းပေမယ့် သားကောင် ဖမ်းယူခြင်း အတတ်ပညာ မတတ်ရင်လည်း ငါတို့ လိုချင်တာ ရမှာ မဟုတ်ဘူး။

img-70c8be37b4d35768df-V-8436.jpg

တောလိုက်မယ် ဆိုမှတော့ တောင်ကောင်ရဖို့ ဒူးလေး ပစ်တတ်ရမယ်။ အဲ့လိုမှ မပစ်တတ်ရင် အနည်းဆုံး ထောင်ခြောက်တော့ ဆင်တတ်ရမယ်။ ဒါမှသာ လိုချင်တဲ့ တောကောင်ရမှာ ဖြစ်တယ်။‌ ဒူး‌၊ လေးလည်း မပစ်တတ်၊ ထောင်ခြောက်လည်း မဆင်တတ်ရင်တော့ တောမလည်ခင် တတ်အောင် ကျင့်ကြံဖို့ ပထမဦးစွာ လိုအပ်မယ်။

img-70c8be37b4d35768df-V-8437.jpg

နောက်တခုက ငါတို့အနေနဲ့ ဘာသားကောင် ရချင်တာလဲ။ လိုချင်တာလဲ ဆိုတာ တွေးထားရတယ်။ ယုန်ကို ရချင်တာလား။ချေ(ဂျီ)၊ ဒရယ်ကို ရချင်တာလား။ တောင်ဆိတ်ကို ရချင်တာလား (သို့မဟုတ်) ငါးကို ရချင်တာလား အစရှိသဖြင့် ကိုယ်ရချင်တဲ့ ဟင်းသားက ကိုယ်လိုက်မယ့် တောမှာ ရှိပါ့မလား၊ ရနိုင်ပါ့မလား တွေးတတ်ရတယ်။

img-70c8be37b4d35768df-V-8438.jpg

ငါးကို လိုချင်ပါတယ်ဆို တောထဲ သွားရှာလို့ မရဘူး။ ရေကန်ထဲ သွားရှာမှ ရမယ်။ ထို့အတူ ယုန်ရချင်ရင် ရေထဲ သွားရှာလို့ မရဘူး။ တောထဲ သွားရှာမှ ရမယ်။တောင်ဆိတ်ရချင် တောင်ကုန်းတွေပေါ် သွားရတယ်။ ဒါကြောင့် စီးပွားရေး လုပ်မယ် ဆိုရင် ငါတို့ မုဆိုးတွေ ဘာသားကောင်ရချင်တာလဲ တွေးသလို မင်းလုပ်မယ့် စီးပွားရေးက ဘာလဲသိအောင် လုပ်ပါ။

img-70c8be37b4d35768df-V-8439.jpg

ဒါ့အပြင် ငါတို့မုဆိုး‌တွေ တောကျွမ်းအောင် လေ့လာရသလို ကိုယ်လုပ်မယ့် စီးပွားရေး နယ်ပယ်ကို ကျွမ်းကျင်အောင် ကြိုတင်လေ့လာပါ။ ဥပမာ ကိုယ်က ပစ္စည်း အရောင်းအဝယ် လုပ်ချင်တယ် ဆိုပါစို့ ကိုယ်ကျင်လည်မယ့် ဈေးကွက်က စားသုံးသူတွေက ဘာကြိုက်တတ်လဲ၊ ငွေပမာဏကို ဘယ်လိုတွေ သုံးစွဲသလဲ အစရှိသဖြင့် ဈေးကွက်နယ်ပယ်ရဲ့ လိုအပ်ချက် အသိပညာကို လေ့လာ မှတ်သားရ ပါမယ်။

img-70c8be37b4d35768df-V-8440.jpg

နောက်ဆုံးအနေနဲ့ ကိုယ်လုပ်တဲ့ စီးပွားရေးက နေရာမှန်ဖို့ ပါဘဲ။ ဆင်းရဲသားတွေကို ရွှေ ငွေကျောက်သံပတ္တမြား သွားရောင်းလို့ အဆင်မပြေ နိုင်ဘူး။ သူတို့ရဲ့ အဓိက လိုအပ်ချက်က စားဝတ်နေရေး ဖြစ်တယ်။ ဒါကြောင့် သူတို့ကို ရောင်းချင်ရင် စားသောက်ကုန်နဲ့ အဝတ်အထည်ဘဲ အရောင်းသွက်မယ်။ ရွှေ ငွေကျောက်သံ ပတ္တမြား ရောင်းချင်ရင် သူဌေး အသိုင်းအဝိုင်းကဘဲ ဝယ်ယူသုံးစွဲ နိုင်လိမ့်မယ်။

img-70c8be37b4d35768df-a-336.jpg

ဒါကြောင့် ကိုယ်ရောင်းမယ့် ဈေးကွက်နယ်ပယ် ကလည်း မှန်ကန်ဖို့ လိုအပ်တယ်။ ဒါကြောင့် မင်းအနေနဲ့ စီးပွားရေး လုပ်မယ်ဆိုရင် အရေးကြီးဆုံး မှတ်သားထားသင့်တွေက

img-24566gu8be37b4d35768desy-t226.jpg

(၁) ဘာရချင်လဲ ဘာဖြစ်ချင်လဲ တွေးပါ။

(၂) ဖြစ်ချင်၊ ရချင်တဲ့အရာ‌ ပေါ်လာရင် ဘယ်လို ပညာနဲ့ ရယူမလဲ လိုအပ်တဲ့ ပညာလေ့လာပါ။

img-24566gu8be37b4d35768desy-t227.jpg

(၃) ကိုယ်လုပ်မယ့် ဈေးကွက်နယ်ပယ်ကို လေ့လာပါ။

(၄) ကိုယ့်ကျင်လည်တဲ့ နယ်ပယ်ကို မျက်စိ မလည်စေနဲ့။ မျက်စိမှားရင် အသိပါ မှားတတ်တယ်။

(၅) ကိုယ်လုပ်မယ့် စီးပွားနယ်ပယ်က ကိုယ်လုပ်တာနဲ့ ထပ်တူ ကျအောင်လုပ်ပါ” လို့ မုဆိုးကြီးက ပြောလိုက်ပါတော့တယ်။

သူရိန်

Leave a Reply

Your email address will not be published.