Shwe Pann Thee Global News နှစ်ပေါင်း ၉၀ သက်တမ်းရှိ ကမ္ဘာကျော်အလှကုန်ပစ္စည်း Revlon ကုမ္ပဏီ ဒေဝါလီခံ

နှစ်ပေါင်း ၉၀ သက်တမ်းရှိ ကမ္ဘာကျော်အလှကုန်ပစ္စည်း Revlon ကုမ္ပဏီ ဒေဝါလီခံ



ယခုနှစ်ပိုင်းမှာ အွန်လိုင်းပေါ် ရောင်းချမှုကို အားယူပြီး နာမည်ကြီးလာနေတဲ့ အလှကုန်တွေကြား ဈေးကွက်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီးတဲ့နောက် အကြွေးများစွာအောက်မှာ ကမ္ဘာကျော်အလှ ကုန်ပစ္စည်း Revlon က ကုမ္ပဏီ ဒေဝါလီခံဖို့ တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။

လက်သည်းနီနဲ့ နှုတ်ခမ်းနီ အလှကုန်ပစ္စည်းတွေကြောင့် လူသိများတဲ့ သက်တမ်း ၉၀ ရှိ အမေရိကန် အလှကုန်လုပ်ငန်းဟာ ဗုဒ္ဓဟူးနေ့တုန်းက တရားရုံးမှာ ဒေါ်လာ ၁ ဘီလီယံနဲ့ ၁၀ ဘီလီယံကြား ပိုင်ဆိုင်မှုနဲ့ ပေးရန်စာရင်းကို ဖော်ပြခဲ့ပါတယ်။

ချားလ် နဲ့ ဂျိုးဇက် ရက်ဗ် ဆန်၊ ချားလ်စ် လက်ချ်မန်းတို့ ညီအစ်ကိုတွေက ၁၉၃၂ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ ကုမ္ပဏီက မကြာသေးမီနှစ်တွေအတွင်း အွန်လိုင်းဈေးကွက်ကော၊ မျက်မြင် ဈေးကွက်မှာပါ ရေပန်းစားလာနေတဲ့ အမေရိကန် မော်ဒယ်မလေး ကိုင်လီ ဂျန်နာရဲ့ ကိုင်လီ အလှကုန်တွေ၊ အဆိုတော် ရီဟားနားရဲ့ ဖန်တီ ဗျူးတီး အစရှိသဖြင့် အနုပညာရှင်တွေ ကျောထောက် နောက်ခံပြုထားတဲ့ လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ Revlon အလှကုန်ပစ္စည်းတွေဟာ ဈေးဆိုင် စင်နေရာနဲ့ ရောင်းအားတွေ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် ပိုဆိုးလာတဲ့ ထောက်ပံ့ရေးကလည်း လုပ်ငန်းကို ထိခိုက်ခဲ့ကာ အလှကုန်ပစ္စည်း ထွက်ကုန်ပြတ်တောက်မှုဟာ ဒေဝါလီခံခြင်းကို ထောက်ပြတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ဒါကို အချိန်တိုအတွင်း ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သူ တွေက ပြောကြားခဲ့ပါတယ်။

Ref:reuters
ဘန်ကောက်လမ်းညွန်ကိုစိုင်း

Leave a Reply

Your email address will not be published.