ကြင်နာတတ်သောနှလုံးသာရှိသူတို့သည် သူတစ်ပါးအဆင်ပြေခြင်းရှိမရှိကိုအမြဲစိတ်ပူနေတတ်ပြီး ကူညီပေးနိုင်ရန်အသင့်ရှိနေတတ်ကြပါတယ်။ထိုအတူပင် အချို့လူသားများ၏ကြင်နာတတ်သောနှလုံးသားပိုင်ရှင်တို့သည် တိရိစ္ဆာန်လေးတွေကို အထူးချစ်ခင်ကြပြီး မွေးမြူထားတတ်ကြပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Hoc Mon ခရိုင်ဒေသတွင်နေထိုင်သော မစ္စQuyenသည် လမ်းဘေးတွင်စျေးရောင်းပြီးဝင်ငွေရှာဖွေနေရသူဖြစ်ပါတယ်။အမျိုးသမီးဟာ ဝင်ငွေရှာလို့ရသမျှကို နေအိမ်တွင်မွေးထားသည့် တိရိစ္ဆာန်လေးတွေ၏အစာအတွက် ကုန်ကျနေခဲ့ရပါတယ်။

အမျိုးသမီးသည် အများစွန့်ပစ်ထားသည့် ခွေးနှင့်ကြောင်အကောင်ရေ ၅၀၀ ကျော်ကိုနေအိမ်တွင်မွေးထားခြင်းဖြစ်ရာ ပတ်ဝန်းကျင်က အရူးဟုတောင် ပြောဆိုခြင်းကို ခံနေရသူဖြစ်ပါတယ်။


Credit Shoon (Cele Daily)